close
Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ အရပ်သားသေဆုံးမှုများဟုဆို

AAသည် စစ်‌ကောင်စီတပ် ထွက်ပေါက်များအားလုံး ပိတ်ထားပြီး အမ်းမြို့မှ မကွေးတိုင်း မင်းဘူးမြို့သို့သွားသော အမ်း-ပဒါန်းလမ်းကိုလည်း အပြည့်အဝထိန်းချုပ်ထားသည်ဟု သတင်းရရှိသည်။

အမ်းမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ အရပ်သားသေဆုံးမှုများဟုဆို
အမ်းမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ အရပ်သားသေဆုံးမှုများဟုဆို

အိမ်သွင်/People’s Spring

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေရာ ယမန်နေ့တိုက်ခိုက်မှုအတွင်း အရပ်သား ၁၀ဦးသေဆုံးပြီး ၁၀ဦးကျော်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အမ်းမြို့ လေယာဉ်ကွင်းရပ်ကွက်နှင့် ရပ်ကွက်(၄) ကို ယမန်နေ့(အောက်တိုဘာလ၂၉ရက်) နေ့လည်နှင့် ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” နေ့ခင်းက ပစ်တာမှာ သုံးဦးမြေပြင်မှာတင် သေပြီး ၂၀လောက်ဒဏ်ရာရတယ်။ နောက်ထပ်လေးဦး ဆေးမကုရလို့ ထပ်သေတယ်။ ညနေ ၆နာရီလောက်က ထပ်ပစ်တာ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး ထပ်သေဆုံးတယ်။ ဒီနေ့ခင်း ဆက်ပစ်နေလို့ ပုန်းကျင်းထဲက မထွက်ဘဲနေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများသည် အမ်းဆေးရုံ၌ ဆေးကုသနေသည်ဟု ဆိုသည်။သို့သော် လုံလောက်သော ဆေးကုသနိုင်ခြင်းမရှိဟု ဒေသခံအချို့ကပြောသည်။

အမ်းမြို့သိမ်းတိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီးအပြင် နေရာအများအပြား၌ တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

AAသည် စစ်‌ကောင်စီတပ် ထွက်ပေါက်များအားလုံး ပိတ်ထားပြီး အမ်းမြို့မှ မကွေးတိုင်း မင်းဘူးမြို့သို့သွားသော အမ်း-ပဒါန်းလမ်းကိုလည်း အပြည့်အဝထိန်းချုပ်ထားသည်ဟု သတင်းရရှိသည်။

အမ်း – ပဒါန်းလမ်းပိုင်းအပြင် အမ်းမြို့မှ ထွက်ပေါက်ဖြစ်သော အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်းတို့တွင်လည်း AAက နယ်မြေစိုးမိုးမှုယူထားပြီး ရခိုင်ပြည်နယ်အတွင်းရှိ အဆိုပါလမ်းပိုင်းသုံးခု၌ တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသအခြေစိုက် သတင်းဌာနအချို့က ရေးသားဖော်ပြထားသည်။

အရေးနိမ့်နေသော စစ်ကောင်စီတပ်သည် ရှုံးမဲမဲပြီး အရပ်သားပြည်သူလူထုကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းခြင်းကို ဆက်တိုက်ကျူးလွန်နေကြောင်း AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်က လူငယ်၊ လူရွယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေပြီး နေဝင်ပြီဆိုသည်နှင့်တပြိုင်နက် နေအိမ်အတွင်း၌သာ နေထိုင်နေရကြောင်း မြို့ခံများက ပြောသည်။

သတင်း

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိသော်လည်း စေတီတော်အပါအဝင် သာသနိက အဆောက်အအုံ သုံးခုပျက်စီးခဲ့ဟုဆိုသည်။

သတင်း

ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးထိခိုက်၊ စစ်သုံ့ပန်းရရှိမှုနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သတင်း

ဓါးစာခံဖမ်းဆီးခံထားရသူများတွင် အမျိုးသမီး ၄၀ဦးကျော်၊ အမျိုးသား ၂၀ မှ ၃၀ခန့် အထိ ဖမ်းဆီးခံထားရပြီး အများစုမှာ လူငယ်များဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲများက ပြောသည်။

Facebook