ဆိုင်းမင်း/People’s Spring
မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်အတွင်း ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူအမျိုးသားအချို့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက် ၊ ကျေးရွာ က ဒေသခံတွေ ဖမ်းခံရတာဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက် ညပိုင်းကတင် အမျိုးသား ၂ ဦး ဖမ်းခံရတယ်လို့ ရွာရှည်ကျေးရွာ မှာနေထိုင်သူတစ်ဦးက ပြော ပါတယ်။

Public Service Announcement
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားတာကြောင့် ညပိုင်းအပြင်မထွက်ဖို့ ပုသိမ်ကြီးမြို့နယ် ၊ စစ်ကောင်စီ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့တွေက လိုက်လံ သတင်းဖြန့် တာရှိတယ်လို့ သိရပါတယ်။
ညပိုင်းအပြင်ထွက်လို့ ဖမ်းခံရသူတွေကို စစ်တပ်ထဲ ထည့်မယ်ဆိုတဲ့သတင်းတွေလည်း ပြန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့ဘေးက ပုသိမ်ကြီးမြိုနယ်ထဲကို မန္တလေး PDF က ထိုးဖောက်ဝင်ရောက်ပြီး စစ်ကောင်စီတပ်စခန်း အချို့ကို သိမ်းယူထားပါတယ်။
ပုသိမ်ကြီး ဟာ မန္တလေးမြို့နဲ့ မိုင် ၂၀ ခန့်သာဝေးတာကြောင့် တိုက်ပွဲတွေ နီးကပ်လာချိန်မှာ ပုသိမ်ကြီး မြို့ပေါ် နဲ့ မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပါတယ်။
