close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးအနီး ပစ်ခတ်မှု ဖြစ်

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် မှာ တည်ရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး အနီး မနေ့ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် မှာ တည်ရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး အနီး မနေ့ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မနေ့ညနေပိုင်း ၅ နာရီခန့်က မင်္ဂလာမန္တလေးအိမ်ရာမှာရှိတဲ့ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး အနီးကနေ ပစ်ခတ်သံတွေ ကြားရတာလို့ မြို့ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အသံက တော်တော်ကိုကျယ်တာ” လို့ ကောင်စစ်ဝန်ချုပ်ရုံး အနီးနေထိုင်သူ မြို့ခံက ပြောပါတယ်။

တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနဲ့ ငုရွှေဝါလမ်းအကြားမှာတည်ရှိတာဖြစ်ပါတယ်။

အနီးမှာ အားကာသိပ္ပံ၊ စိုက်ပျိုးရေးရုံးနဲ့ မြေစာရင်းရုံးတို့ရှိပြီး စစ်ကောင်စီကလုံခြုံရေးတင်းကြပ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။

မြို့ခံတွေရဲ့ ပြောပြချက်အရ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတည်နေရာမှာ လုံခြုံရေးအချိန်ပြည့်ချထားပြီး ဖြတ်သန်းသွာလာခွင့်တင်းကြပ်ထားတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားမှု အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ် စစ်ကောင်စီလုံခြုံရေးယူထားသည့် ဘဏ်များနှင့်မနီးမဝေးရှိ ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ဓါးထိုးခံရကြောင်း မြို့ခံများက ပြောသည်။

သတင်း

မန္တလေးမြို့တွင် သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ခံရသည့် ယာဥ်ထိန်းရဲမေ အသက်သေဆုံးခြင်းမရှိဘဲ အမှတ်(၁)စစ်မြေပြင် ဆေးတပ်ရင်း၌ ဆေးရုံတက်ကုသနေရကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့၊ ဧရာဝတီမြစ်ဆိပ်၊ ဂေါဝိန်ဆိပ်ကမ်းတွင် ဆီတင်သင်္ဘောတစ်စီး မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေသော ယာဥ်ထိန်းရဲမေတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Facebook