close
Connect with us

Hi, what are you looking for?

သတင်း

အီတလီ နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux) တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ကိုပေးအပ်ချီိးမြှင့်

အီတလီနိုင်ငံအခြေစိုက် IDHAE အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux)ကို မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်မည်ဟု သိရသည်။

ထားအိ/People’s Spring

အီတလီနိုင်ငံအခြေစိုက် IDHAE အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux)ကို မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်မည်ဟု သိရသည်။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသည့် လူ့အခွင့်အရေး ရှေ့နေဒေါ်ရွက်နုအောင်ကို အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE)အဖွဲ့က နှစ်စဥ်ပေးအပ်နေသည့် Ludovic Trarieux International Human Rights Prizeကို ၂၀၂၄ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အထက်ပါဆုပေးပွဲအခမ်းအနားကို ယနေ့(အောက်တိုဘာ ၁၈ရက်) အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပမည်ဖြစ်ပြီး စစ်အုပ်စု၏ မတရားဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံထားရသူ ဒေါ်ရွက်နုအောင်မှာ ကိုယ်တိုင်တက်ရောက်နိုင်မည်မဟုတ်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားဆုလက်ခံရယူမည်ဟု ဆိုသည်။

“ဒေါ်ရွက်နုအောင်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားစီရင်မှုကို ကြိုးပမ်းတွန်းလှန်ခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တယ်။ လက်နက်ကိုင်ပြီး ရမ်းကားနေတဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် မှန်ကန်တဲ့ တရားဥပဒေကို ကိုင်စွဲပြီး တွန်းလှန်ခဲ့သူဖြစ်တယ်။ သူမကို မတရားအပြစ်ပေးခြင်းဟာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ဘယ်လောက်ထိ ကြောက်ရွံ့နေသလဲဆိုတာသက်သေပြနေတာပဲဖြစ်တယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ့ ဒေါ်ရွက်နုအောင်သည် NLD အစိုးရလက်ထက်တွင် နိုင်ငံကျော်သက်ငယ်မုဒိမ်းမှု ဗစ်တိုးရီးယားအမှုတွင် နစ်နာသူကလေးငယ်ဘက်မှ ရှေ့နေလိုက်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဘက်မှ ရှေ့နေလိုက်ခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၂ ဧပြီလကုန်ပိုင်းက မန္တလေး အိုးဘိုအကျဥ်းထောင်အတွင်း ပြုလုပ်ခဲ့သော ဒေါက်တာဇော်မြင့်မောင်၏ ရုံးချိန်းတစ်ခုမှ အပြန်တွင် ဒေါ်ရွက်နုအောင်ကို မတရားဖမ်းဆီးခဲ့ပြီး ၂၀၂၂ ဒီဇင်ဘာတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၅)နှစ်ချမှတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်ရွက်နုအောင်ဟာ လူသိများတဲ့ ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေလည်းဖြစ်ပါတယ်။

သတင်း

PDF ထောက်ပံ့ရေးလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင် ရုံးချိန်းကအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

သတင်း

ရှေ့နေ့ ဒေါ်ရွက်နုအောင်ကိုအနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်ထိ ချလို့ရတဲ့အကြမ်းဖက်ပုဒ်မ ၅၀ ည. နဲ့စစ်ကောင်စီက တရားစွဲထားတာပါ။

သတင်း

ဒေါ်ရွက်နုအောင်ဟာ စစ်ကောင်စီဖမ်းဆီးအမှုစွဲထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ တစ်ဦးလည်းဖြစ်ပါတယ်။

Facebook