close
Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့တွင် ရည်းစားနှင့်လာတွေ့သည့် ဒုတပ်ကြပ် နှင့် ပျူစောထီးတစ်ဦးအား PDF ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့တွင် ရည်းစားနှင့် လာတွေ့သည့် စစ်ကောင်စီ​၏ ဒုတပ်ကြပ်နှင့် ပျူစောထီးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း KBU-တောလေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးရမိသည့် ဒုတပ်ကြပ်နှင့်ပျူစောထီးအား တွေ့ရစဥ်။ဓာတ်ပုံ-KBU တောလေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့တွင် ရည်းစားနှင့် လာတွေ့သည့် စစ်ကောင်စီ​၏ ဒုတပ်ကြပ်နှင့် ပျူစောထီးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း KBU-တောလေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၅ ရက်) နံနက် ၁၀ နာရီခန့်က ဇီးကုန်းမြို့ပေါ်သို့ ရည်းစားနှင့်လာတွေ့သည့် ချင်မြစ်ကျင်းရွာပျူစောထီးရွာအထိုင် စခန်းမှ (၄၅)နှစ်အရွယ် ဒုတပ်ကြပ် ကျော်မင်းနိုင်နှင့် (၂၇)နှစ်အရွယ် ပျူစောထီး ဝေဖြိုးအောင် တို့အား သတင်းအတိအကျရ၍ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း KBU-တောလေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သတင်းရလို့ ဖမ်းဆီးတယ်။ ဖမ်းဆီးချိန် လက်ပစ်‌ဗုံးနဲ့ ပြန်ပစ်တယ် အထိအခိုက်မရှိဘူး။”ဟု KBU-တောလေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဒုတပ်ကြပ် ကျော်မင်းနိုင်မှာ လုပ်သက်၂၅နှစ်ရှိပြီး ကျောက်ပန်းတောင်းဇာတိဖြစ်ကာ ကြံစိုက်ပျိုးရေးတပ်မှ ဖြစ်ကြောင်း၊ ပျူစောထီး ဝေဖြိုးအောင်မှာမူ တန့်ဆည်နယ်၊စံပယ်ဖြူကုန်းရိုး ဇာတိဖြစ်ပြီး ပျူစောထီးလုပ်သက် တစ်နှစ်ရှိကာ ၎င်းတို့ နှစ်ဦးလုံး ချင်မြစ်ကျင်းစခန်း၌ တာဝန်ကျနေသူများဖြစ်ကြောင်း သိရသည်။

ချင်မြစ်ကျင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားခြင်းကြောင့် ချင်မြစ်ကျင်းရွာဒေသခံအချို့နှင့် အနီးအနားရှိကျေးရွာများမှာ ရွာအတွင်းမနေရဲဘဲ စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ကျော်ခန့်ကြာပြီဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အောက်တိုဘာ ၈ရက်ကလည်း ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့ရှိ အရက်ဆိုင်၌ အရက်သောက်နေသော စစ်အုပ်စုအား တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရာ ရဲတပ်ကြပ်ကြီးရန်ရှင်းခွာဆိုသူ သေဆုံးခဲ့သေးသည်။

ကန့်ဘလူမြို့နယ်တွင် စက်တင်ဘာ ၂၇ နှင့် ၂၈ ရက်ကလည်း အာဏာသိမ်းစစ်တပ်၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုနှင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ဦး သေဆုံးခဲ့သည်။

အောက်တိုဘာ ၁၂ ရက်ကလည်း ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာအား စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ရာ သားအမိ ၃ ဦးသေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာ၂၉ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၄လုံး ပျက်စီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် ဒေသခံပြည်သူသုံးဦး သေဆုံးကြောင်း ​သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်တွင် အရက်ဆိုင်ထိုင်နေသော ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပျူစောထီးတစ်ဦး စစ်ကောက်စီတပ်သားများထံမှ လက်နက်ခိုးယူ၍ အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီက ကျေးရွာ၂ရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

Facebook