close
Connect with us

Hi, what are you looking for?

သတင်း

တဘက်ကမ်းတွင်တိုက်ပွဲဖြစ်ပြီး ပြောက်ကျားအဖွဲ့ကသတိပေးထားသော်လည်း ပုဂံမြို့တွင် လည်ပတ်သူများပြည့်နေ

ရှေးဟောင်းပုဂံမြို့ တဘက်ကမ်းတွင်ပြီးခဲ့သည့်ရက်ကတိုက်ပွဲဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့က သတိပေးထားသော်လည်း ပုဂံတွင် သီတင်းကျွတ်ရုံးပိတ်ရက် ခရီးသွားများပြားနေကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

ရှေးဟောင်းပုဂံမြို့ တဘက်ကမ်းတွင်ပြီးခဲ့သည့်ရက်ကတိုက်ပွဲဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့က သတိပေးထားသော်လည်း ပုဂံတွင် သီတင်းကျွတ်ရုံးပိတ်ရက် ခရီးသွားများပြားနေကြောင်း သတင်းရရှိသည်။

သီတင်းကျွတ်ရုံးပိတ်ရက်မရောက်မီကတည်းက ပုဂံ၊ညောင်ဦးဒေသသို့ ခရီးသွားအများအပြား ရောက်ရှိနေရာယနေ့ (အောက်တိုဘာ၁၆ရက်) တွင်မူ ပုဂံမြို့ဟောင်း၌ ယာဥ်ကြောများပိတ်ဆို့သည်အထိဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကားတွေတော်တော်များတယ်။ ကားလိုင်းတစ်ခုတည်းကတင် ရန်ကုန်-ပုဂံ အစီး သုံးဆယ်ထွက်တယ်ပြောတယ်။”ဟု ခရီးသွားတစ်ဦးက ပြောသည်။

ခရီးသွားများပြားလွန်း၍ ဟိုတယ်၊ တည်းခိုခန်းများ၊ ဘုန်းကြီးကျောင်းများ ဧည့်ပြည့်နေ၍ တည်းခိုရန်နေရာမရသူအများအပြားရှိကြောင်း ခရီးသွားအချို့က ပြောသည်။

“အကုန်ပတ်မေးပြီးပြီ။ အခန်းဘယ်မှကိုမရတော့ဘူး။”ဟု ပုဂံမြို့သို့ ရောက်ရှိနေသူတစ်ဦးက ဆိုသည်။

ပုဂံမြို့တွင် အောက်တိုဘာ ၁၄ ရက်က သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ ပစ်ခတ်ခံရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသေဆုံးခဲ့သေးသည်။

ယခုသီတင်းကျွတ်ကာလအတွင်း ပုဂံမြို့သို့အပျော်ခရီးထွက်လာမည့် ပြည်သူများအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် အဝေးဆုံးနေပေးကြရန်နှင့် ဒလန်များပိုင်ဆိုင်သော စားသောက်ဆိုင်များ၌ စားသောက်ခြင်းမပြုကြရန် ညောင်ဦးခရိုင်-ပကဖ(ပုဂံပြည်ဘီလူးတပ်)က သတိပေးထားသည်။

ပုဂံညောင်ဦးတဘက်ကမ်း ပခုက္ကူမြို့နယ်၊ မြစ်ခြေ​မြို့တွင် အောက်တိုဘာ ၁၂ရက်က စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၈ လုံးထက်မနည်း ပြာကျခဲ့သည်။ ထို့အပြင် စစ်တပ်၏ ​ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၅၀ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

သီတင်းကျွတ်ပိတ်ရက်သည် ယနေ့ (အောက်တိုဘာ၁၆)မှ အောက်တိုဘာ၂၀ ရက်အထိ ၅ ရက်ရှိမည်ဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားနေသော်လည်း မြို့ကြီးများမှ ပြည်သူအချို့က ပုဂံဒေသအပြင် မန္တလေး၊ တောင်ကြီးအင်းလေး၊ ကျိုက်ထီးရိုး၊ ​ဧရာဝတီတိုင်းရှိကမ်းခြေများသို့ ခရီးထွက်လာ၍ အဆိုပါဒေသများ၌ စည်ကားနေကြောင်း သတင်းရရှိသည်။

သီတင်းကျွတ်ပိတ်ရက် အလည်အပတ်ခရီးထွက်မည့်လူငယ်များအား လမ်းခရီး၌ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များက စစ်မှုထမ်းရန် ဖမ်းဆီးခံရနိုင်၍ သတိပြုသွားလာကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

သံဃာတော်တစ်ပါးနှင့် ပြည်သူ၂ဦးအား စစ်တပ်က သတ်ဖြတ်

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

သတင်း

သီပေါမြို့နယ် ခလရ(၂၃)တပ်ရင်းတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ ​အောက်တိုဘာ ၆ ရက်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAကသတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့မှ စစ်ကောင်စီ၏ အမှတ်၃၀၉ ခြေမြန်တပ်ရင်း(ခမရ -၃၀၉)အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်း ​အောက်တိုဘာ ၆ ရက်နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။

Facebook