close
Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့တွင် လူရှစ်ဦးသေဆုံးစေခဲ့သည့် စက်သုံးဆီတင်သင်္ဘော မီးထပ်လောင်

လူရှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည့် ထားဝယ်မြို့၊ကြက်စာပြင်ရပ်ကွက် မြစ်ဆိပ်ကမ်းရှိ စက်သုံးဆီတင်သင်္ဘောသည် ယနေ့ညနေတွင် နောက်တစ်ကြိမ်မီးမှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့တွင် စက်သုံးဆီတင်သင်္ဘောသည် အောက်တိုဘာ ၁၄ ရက်က မီးလောင်နေစဥ်။ ဓာတ်ပုံ - ထားဝယ်မီးသတ်

လူအေး/People’s Spring

လူရှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည့် ထားဝယ်မြို့၊ကြက်စာပြင်ရပ်ကွက် မြစ်ဆိပ်ကမ်းရှိ စက်သုံးဆီတင်သင်္ဘောသည် ယနေ့ညနေတွင် နောက်တစ်ကြိမ်မီးမှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်သုံးဆီငွေ့တွေက မီးပြန်တောက်ပြီး ထပ်ပြီးလောင်တာပါ။ တစ်ချိန်လုံးစောင့်ကြည့်နေရင်းနဲ့ဖြစ်တာပါ။ အခုညအထိ မီးအကင်းမသေ‌သေးဘူးဗျ”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စက်သုံးဆီတင်သင်္ဘောသည် အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခန့်က မီးလောင်ခဲ့စဥ် လုပ်သားရှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရာရှိခဲ့သည်။ အမျိုးသားခုနစ်ဦး၊အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရကာ အမျိုးသားတစ်ဦးပျောက်ဆုံးနေကြောင်း ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ ညနေက နောက်တကြိမ်မီးထပ်လောင်မှုနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကိုမသိရှိရသေးပေ။

မီးအားမပြင်းထန်သော်လည်း ငြှိမ်းသတ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ဆီသယ်ယာဥ် မီးလောင်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနှင့် ကျောက်ဆိပ်ကုန်းကျေးရွာကြားတွင် ဩဂုတ် ၂၈ ရက်နံနက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၆ဦးသေဆုံးကာ တစ်ဦးအရှင် ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဆင်ဆိပ်ရပ် ကွက် ရှိ စစ်ကောင်စီကင်းပုန်းများကို တိုက်ခိုက်ခြင်းနှင့် မောင်းမကန်ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း ထားဝယ်မြို့နယ်ရှိ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

သတင်း

တရုတ်ဟာ အရင်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကျောက်ဖြူဖက်ကို လုံးလုံးလျားလျား အာရုံပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။