လူအေး၊ကျော်စွာ/People’s Spring
ပုလောမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့ကပြောသည်။
ပုလောမြို့နယ်အတွင်း မီးလောင်ချောင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်နေရာများကို မြိတ်မြို့မှာဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာလ၁၄ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ယနေ့

Public Service Announcement
(အောက်တိုဘာလ၁၆ရက်)မွန်းလွဲပိုင်းတွင် လေကြောင်းမှပါအပြင်းအထန်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။
” အကုန်ပတ်ရမ်းပစ်နေတာပါ။ ဒေသခံတွေလည်း ရွာတွေမှာမနေရဲတော့ဘူး။ အကုန်ပြေးကြရတာပါ။ ဒေသခံတွေထိခိုက်တာလည်းရှိနေတယ်”ဟု ပုလောမြို့နယ်ဒေသခံတစ်ဦးကပြောသည်။
တိုက်ပွဲပြင်းထန်နေပြီး လတ်တလောစစ်ရေးအခြေအနေကို ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန်ကြားရေးကလည်း ပုလောမြို့နယ်အတွင်းရှိ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများပါ အသုံးပြု၍ တိုက်ခိုက်လျက်နေကြောင်း အသိပေးထားသည်။
“လေကြောင်းပစ်ကူက ဒီနေ့ ၁၆ ရက်နေ့မှ စသုံးတာပါ။ နှစ်ကြိမ်ရှိပါပြီ။ တိုက်ပွဲတွေဖြစ်နေတာက ကြဲရွာနဲ့ မီးလောင်ချောင်းတဝိုက်မှာပါ”ဟု ပုလော PDF၊ မြိတ်ခရိုင် တပ်ရင်း(၁) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး စစ်ရေးဆိုင်ရာ လုံခြုံရေးသတိ ပြုရမည်ဖြစ်၍ အသေးစိပ်အခြေအနေများကို ဖြေကြားနိုင်ခြင်းမရှိသေးဟု ၎င်းက ဆက်ပြောသည်။
ထိုကြောင့်မိဘပြည်သူများအနေဖြင့်မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းအား အသုံးပြု၍ ခရီးသွားလာခြင်း မပြုလုပ်ရန်လည်း မေတ္တာရပ်ခံထားသည်။
ထိုအပြင် သတင်းမီဒီယာများအနေဖြင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် သတင်းရေးသားခြင်း မျိုး မပြုလုပ်ကြပါရန်လည်း အနူးအညွတ်မေတ္တာရပ်ခံထားသည်။ တိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက် အလက်ကို မိမိတို့အနေဖြင့် သင့်လျော်သည့်အချိန်တွင် တရားဝင်ထုတ်ပြန်မည်ဟု အသိပေးထားသည်။
