close
Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားနဲ့ တင်းမာမှုတွေကြောင့် မြောက်ကိုရီးယားမှာ ထိပ်တန်း လုံခြုံရေး အစည်းအဝေး ခေါ်ယူ

တောင်ကိုရီးယားနဲ့ တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ထိပ်တန်း လုံခြုံရေး အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယားနဲ့ တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ထိပ်တန်း လုံခြုံရေး အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ကြောင်း သိရပါတယ်။

ကင်မ်ဦးဆောင်ပြီး အမျိုးသား လုံခြုံရေး အစည်းအဝေးကို အောက်တိုဘာ ၁၄ ရက်နေ့က ကျင်းပခဲ့ကြောင်း၊ အဲဒီ အစည်းအဝေးမှာ ခေါင်းဆောင်ကြီးက လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ လိုအပ်သလို တုံ့ပြန်နိုင်မယ့် စစ်ရေး အစီအမံသစ်တွေ ချက်ချင်း အကောင်အထည် ဖော်စေရေး ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ပြုံယမ်းမြို့တော်မှာ ကျင်းပတဲ့ အစည်းအဝေးကို မြောက်ကိုရီးယား အစိုးရရဲ့ ထိပ်တန်း လုံခြုံရေး အရာရှိတွေ၊ စစ်တပ်အကြီးအကဲတွေ၊ ကာကွယ်ရေးနဲ့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်က မြောက်ကိုရီးယား အနေနဲ့ ကြုံလာနိုင်ခြေ ရှိသမျှ အခြေအနေတိုင်းကို နိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်နဲ့ လျော်ညီစွာ တုံ့ပြန်နိုင်မယ့် အစီအမံ၊ အခင်းအကျင်းတွေကို လမ်းညွှန်ခဲ့တယ်လို့ KCNAက ဆိုပါတယ်။

တောင်ကိုရီးယားဖက်က စေလွှတ်တဲ့ ဒရုန်းတွေ နယ်စပ်ဖြတ်ကျော် ပျံသန်းဝင်ရောက်မှုကို သည်းခံတော့မှာ မဟုတ်ကြောင်း၊ နောက်ထပ် အလားတူ အခြေအနေမျိုး ကြုံလာရင် စစ်ကြေညာတယ်လို့ သတ်မှတ်တော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြောက်ကိုရီးယားက တင်းတင်းမာမာ သတိပေးခဲ့ပါတယ်။ တောင်ကိုရီးယားကလည်း နယ်စပ်မှာ ကြုံတွေ့လာနိုင်တဲ့ အခြေအနေ အားလုံးအတွက် ကြိုတင် ပြင်ဆင်ထားတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယား စစ်တပ်က မြောက်ကိုရီးယား ပိုင်နက်ထဲ ဒရုန်းတွေ စေလွှတ်တယ် ဆိုတာကိုတော့ ငြင်းဆိုခဲ့ပြီး အဲဒီကိစ္စဟာ မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ကြဲချစေဖို့ တောင်ကိုရီးယား အရပ်ဖက် အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက စီမံကိုင်တွယ်မှုသာ ဖြစ်လိမ့်မယ်လို့ ဖြေရှင်းထားပါတယ်။

ပြုံယမ်းမှာတော့ မြောက်ကိုရီးယား အစိုးရ အရာရှိတွေဟာ ရန်သူဖက်က သိသာလွန်ကဲတဲ့ ရန်စမှုတွေနဲ့ ပတ်သက်လို့ အလေးအနက် သဘောထားခဲ့တယ်လို့ KCNA သတင်းဌာနက ရေးသားခဲ့ပြီး အဲဒါဟာ ဒရုန်းတွေ ကိစ္စကို တိုက်ရိုက် ရည်ညွှန်းတယ်လို့ ယုံကြည်ရပါတယ်။

အစည်းအဝေးမှာတော့ ကင်မ်က ပြတ်သားတဲ့ မူဝါဒတွေ၊ စစ်ရေးအရ ရပ်တည်မှုတွေကို လက်ကိုင်ပြုဖို့ ဆုံးဖြတ်ထားတယ်လို့ အသိပေးခဲ့ကြောင်းလည်း KCNAက ဆိုပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၀ ကနေ ၁၉၅၃ ထိ ဖြစ်ပွားခဲ့တဲ့ ကျွန်းဆွယ် စစ်ပွဲအပြီးမှာ အပစ်အခတ် ရပ်စဲထားပေမယ့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမထားတာကြောင့် လက်ရှိ အချိန်ထိ စစ်ဖြစ်နေဆဲလို့ သတ်မှတ်နိုင်ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားသမ္မတ မစ္စတာယွန်းဆက်ယိုးသည် မြန်မာပြည်အတွက် လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာသန်း ၂၃သန်း ပေးအပ်မည့်အစီအစဥ်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

နိုင်ငံတကာ

မြောက်ကိုရီးယားကို နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ စူပါပါဝါ လက်နက် အင်အားကြီး နိုင်ငံအဆင့်ထိ တည်ဆောက်ဖို့ အပူတပြင်း ကြိုးစား လုပ်ဆောင်သွားမယ်လို့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဧရာမ ဒုံးကျည်ထိပ်ဖူး တင်ဆောင်နိုင်တဲ့ မဟာဗျူဟာ ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် နွေဦးတော်လှန်ရေးအတွက် မြန်မာနိုင်ငံသားတစ်ဦး အစာအငတ်ခံဆန္ဒပြ၍ အလှူခံရာ နာရီပေါင်း ၂၆ နာရီကျော်(တစ်ရက်ကျော်)အကြာတွင် ကျပ်သိန်းတစ်ထောင်ပြည့်မြောက်ခဲ့သည်။

Facebook