close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်ဆင်ပွဲ ဒိုင်အဖွဲ့နှင့် ပြိုင်ပွဲဝင်အချို့အငြင်းပွား

တတိယဆုရသည့်ဆင်အဖွဲ့က ဒိုင်ကို မကျေနပ်၍ ဆင်ကို ဇော်ဂျီမြစ်ထဲမျှော

ပြိုင်ပွဲဝင်နေသော ဆင်အဖွဲ့တစ်ဖွဲ့အား တွေ့ရစဥ်။

အင်ကြင်း/People’s Spring

ကျောက်ဆည်မြို့​၏ ရိုးရာဖြစ်သောဆင်ပွဲတွင် ပြိုင်ပွဲဝင်အချို့နှင့် ဒိုင်အဖွဲ့ အငြင်းပွားမှုဖြစ်ခဲ့ကြောင်း ကျောက်ဆည်မြို့ခံများက ပြောသည်။

ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်ပွဲအား အောက်တိုဘာ ၁၆ရက်က ကျင်းပခဲ့ရာ ဒိုင်များ၏ ဆုံးဖြတ်ချက်အပေါ် ပြိုင်ပွဲဝင်ဆင်အဖွဲ့အချို့က မကျေနပ်ခြင်း၊ ဒိုင်များက အမှတ်စာရင်းများထုတ်မပေးခြင်း အစရှိသည့်အချက်များကြောင့် ပြိုင်ပွဲဝင် ဆင်အဖွဲ့အချို့နှင့် ဒိုင်အဖွဲ့ ပြဿနာတက်ခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ထို့အပြင် ဒိုင်အဖွဲ့ကပေးသည့် ဂုဏ်ပြုဆုမှတ်တမ်းလွှာများမှာလည်း ဆုရအဖွဲ့အမည်များအား စက္ကူဖြင့်အုပ်ခြင်း၊ မင်ဖျက်ဆေးဖြင့်ဖျက်ခြင်းများပြုလုပ်၍ အမည်ပြောင်းလဲရေးသားထားသည်ကို တွေ့ရှိရကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဘော်ကြယ်ပထမရတဲ့ဆင်က ဒိုင်တွေကို သိန်း ၈၀ ထောက်ပံ့ပေးတာတဲ့။ လူကြီးတွေကိုလဲ ဂါထားတာတွေ ကျန်သေးတယ်တဲ့။ မြို့ထဲပွဲဆူနေတာပဲ ဟုတ်မဟုတ် ကာယကံရှင်တွေသိမှာပေါ့။ ရိုးရာတန်းဆိုလည်း လုပ်ရက်တယ်။ ငွေမျက်နှာတွေ ဒီလောက်ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ဆင်ပွဲမမြင်ဖူးဘူး။”ဟု ကျောက်ဆည်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

ထို့အပြင် တတိယဆုရရှိသည့် ရွှေဝါဖူးဆင်အဖွဲ့ကမူ ၎င်းတို့ရရှိသည့်ဆုအပေါ် မကျေနပ်၍ သီချင်းစပ်ဆိုကာ ဒိုင်များအား စင်မြင့်ထက်က ဝေဖန်ခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့၏ ဆင်ရုပ်ကိုပါ ဇော်ဂျီမြစ်အတွင်း မျောချခဲ့ကြောင်း ကျောက်ဆည်မြို့ခံများက ပြောသည်။

ကျောက်ဆည်ဆင်လှူပွဲတော်နှင့်အတူ ဆွမ်းတော်ကြီးကပ်လှူပွဲကို အနော်ရထာမင်းကြီးလက်ထက်မှ ယနေ့ တိုင်အောင် ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၉၀၀ ကျော်ရှိသွားပြီ ဖြစ်သည်။ သို့သော် ကိုဗစ်ကာလနှင့် အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁တို့တွင် ပြုလုပ်နိုင်ခြင်းမရှိပေ။

စစ်ကောင်စီသည် စစ်မျက်နှာအသီးသီး၌ စစ်ရှုံးနေသော်လည်း မြို့ကြီးများတွင် သီတင်းကျွတ်ပျော်ပွဲ၊ရွှင်ပွဲများ ကျင်းပစေကာ တိုင်းပြည်အေးချမ်းနေသယောင် ပြသနေသည်။

ကျောက်ဆည်ဆင်ပွဲဖွင့်ပွဲကိုလည်း စစ်ကောင်စီ​၏ မန္တလေးတိုင်းဝန်ကြီးချုပ်မျိုးအောင် လာရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ဘုရားစေတီတစ်ဆူမှ ကြေးခေါင်းလောင်းတစ်ခု အခိုးခံရကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်တပ်ပိုင် ဆင်မင်းဘိလပ်မြေစက်ရုံမှ ဒုဗိုလ်မှူးကြီးညီ‌ဇော်သည် တောင်ကျချောင်းရေကျော်နေချိန် ကားဖြတ်မောင်းရာမှ ရေစီးဖြင့် မျောပါသေဆုံးသွားကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ဘိလပ်မြေစက်ရုံ အနီး မနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်း တောင်ကျရေစီးဆင်းချိန် ကားဖြတ်မောင်းရာမှာ ရေထဲ မျောပါပျောက်ဆုံးသွားတဲ့ အမျိုးသား ရုပ်အလောင်းကို ပြန်ရှာတွေ့ပါပြီ ။

သတင်း

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်ရှိ ကင်းတားဆည် ရေလှောင်တမံမှ ရေထပ်လွှတ်၍ ဝမ်းတွင်း၊ မြစ်သားနှင့် ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာအများအပြား ရေကြီးနေကြောင်း သတင်းရရှိသည်။

Facebook