close
Connect with us

Hi, what are you looking for?

သတင်း

စွယ်​တော်ကုန်းအ​မြှောက်တပ်စခန်းသိမ်း ရဲ​ဘော်​တွေကို ပြည်သူ​တွေအောင်သ​ပြေနဲ့ကြိုဆို

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ လေးကေ့ကော်မြို့သစ် အနီးက စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း အမြှောက်တပ်စခန်း ကို KNLA နဲ့ PDF ပူး​ပေါင်းတပ်​တွေက သိမ်းပိုက်ပြီးတဲ့​နောက်​အောင်ပွဲရ တပ်ဖွဲ့ဝင်​တွေကို ပြည်သူ​တွေက ​အောင် သ​ပြေပန်း​တွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။

ဓါတ်ပုံ-စိုးမိုး

ဒီပ/People’s Spring

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ လေးကေ့ကော်မြို့သစ် အနီးက စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း အမြှောက်တပ်စခန်း ကို KNLA နဲ့ PDF ပူး​ပေါင်းတပ်​တွေက သိမ်းပိုက်ပြီးတဲ့​နောက်​အောင်ပွဲရ တပ်ဖွဲ့ဝင်​တွေကို ပြည်သူ​တွေက ​အောင် သ​ပြေပန်း​တွေနဲ့ ကြိုဆိုခဲ့ကြပါတယ် ။

​ဒေသတွင်းစစ်​ရေးအရ အဓိကကြတဲ့ စွယ်​တော်ကုန်းစခန်းကို KNU/KNLA/KNDO ပူးပေါင်းအဖွဲ့များ ၊ Cobra စစ်ကြောင်း ၊ Venom စစ်ကြောင်း၊ Justice Soldier PDF ၊ ရောင်နီ ဒရုန်းတပ်ဖွဲ့ ၊ Golden Eagle ဒရုန်းတပ်ဖွဲ့၊ Justice Soldier ဒရုန်း တပ်ဖွဲ့ တို့နဲ့အတူ Federal Wings ရဲ့ Cobra Federal Wings နဲ့ KNDO Federal Wings တို့ ပူးပေါင်းပါဝင်ဆင်နွဲခဲ့ကြတယ်လို့ Federal Wings ဖော်ပြထားပါတယ် ။

Public Service Announcement

Public Service Announcement

Cobra Column 2 Venom စစ်​ကြောင်း ၊စစ်​ကြောင်းမှူ ဗိုလ်​စောဝင်းမြင့်နဲ့ ရဲ​ဘော်​တွေကို ​ဒေသခံပြည်သူ​တွေက ​​​အောက်တိုဘာ ၁၇ ရင်မှာကြိုဆိုခဲ့ကြတာပါ။

“ယနေ့ သီတင်းကျွတ်လပြည့်နေ့နှင့်အတူ (၇)လကျော်ကြာမြင့်ခဲ့သည့် စစ်ဆင်ရေးကြီးတစ်ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။လေးကေကော် စစ်ကောင်စီ ဗျူဟာအမြောက်ကုန်း (ခ) စွယ်တော်ကုန်း တစ်ခုလုံးကို ယနေ့ သိမ်းနိုင်ခဲ့ပြီဖြစ်သည့်အတွက် အရမ်းကို အားရကျေနပ်မိပါတယ်။အကြမ်းဖက် စစ်ကောင်စီ ကင်းရှင်းသွားပြီဖြစ်သည့် သည်ဒေသက ပြည်သူတွေရဲ့ အပျော်က ဘာနဲ့မှ မလဲနိုင်ပါဘူး။

ကျနော်တို့ရဲ့ အောင်ပွဲသည် ပြည်သူတို့ရဲ့ အောင်ပွဲ ဖြစ်ပါတယ်”ဟုVENOM စစ်ကြောင်း၏ တပ်ထောက်မှူး ကိုစိုးမိုးက ​​ဖေစ်ဘွခ်တွင်ရေးသားထားသည်။

​ပြည်သူများက သ​ပြေပန်းနှင့်ကြိုဆိုခဲ့ခြင်းအ​ပေါ်တွင်လည်း “ပြည်သူတွေရဲ့ သည်အောင်ပွဲအပေါ့ ဝမ်းသာပျော်ရွှင်စွာ ကြိုဆိုမှုက ကျနော်တို့အတွက်။ အတိုင်းအဆမဲ့ ခွန်အားတွေရရှိစေပါတယ်။

ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား လေးစားစွာ ကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ”ဟု ကိုစိုးမိုးကဆက်လက်ရးသားထားသည်။

ထိုစခန်းသိမ်း တိုက်ပွဲမှ ၁၂၀ မမ လက်နက်ကြီး ၂လက်နဲ့ ပွိုင့်ဖိုက် စက်သေနတ် အပါအဝင် လက်နက်များစွာ နဲ့ စစ်သုံ့ပန်း​တွေရရှိခဲ့တယ်လို့ KNUကထုတ်ပြန်ပါတယ်။

အဲဒီစခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာတည်ရှိ​တော့ နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ တပ်စခန်းတစ်ခုဖြစ်သလို လေကေ့ကော် မြို့သစ်သို့ ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ အချိန်ကစပြီး မြဝတီနဲ့ ဖလူးဒေသတစ်လျှောက် လက်နက်ကြီး​တွေနဲ့ပစ်ခတ်ပြီး​တော့ ပြည်သူလူထုအား အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်​မှု​တွေ ကျူးလွန်နေတဲ့စခန်းလို့သိရပါတယ်။

ဒီစခန်းမှာ ၂၀၀၃ ခုနှစ်ကစပြီးထိုင်း−မြန်မာ နယ်စပ်တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီး​တော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်​တွေက တာဝန်ယူတပ်စွဲခဲ့ပါတယ်။စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ကစပြီး​တော့ တပ်မ (၂၂) ၊ တပ်မ (၄၄) နဲ့ ကမ်းရိုးတမ်းတပ်​တွေပါ လာရောက်တပ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော်မြို့သစ်ဘက်ကို မနေ့ စက်တင်ဘာလ ၁၃ ရက် ညပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နယ်စပ်မှာရှိတဲ့ သတင်းရင်းမြစ် ထံကရပါတယ်။

သတင်း

မြဝတီမြို့အနီး စွယ်တော်ကုန်းနှင့် အာရှလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်

သတင်း

စစ်ကောင်စီတပ် ထိခိုက်မှုရှိပြီး တော်လှန်ရေးတပ်များ လက်နက်များသိမ်းရဟု ကရင်စစ်ရေးသတင်းရင်းမြစ်ပြော

သတင်း

ယခုအခါ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲပြီး မြောင်းမြခရိုင်တရားသူကြီးက ထောင်ဒဏ် ၁၂ နှစ်ထပ်မံချမှတ်ခြင်းဟု သိရသည်။

Facebook