close
Connect with us

Hi, what are you looking for?

သတင်း

ကန်ပိုက်တီရှိ နယ်ခြားစောင့်တပ်ရင်း(၁၀၀၃) ဌာနချုပ်ကို KIA စတင်တိုက်ခိုက်

တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်‌သော ကန်ပိုက်တီမြို့မှ စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၀၃)ဌာနချုပ်ကို KIA က တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ကန်ပိုက်တီမြို့အဝင် တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

လူအေး၊ဟန်နွေ/People’s Spring

တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်‌သော ကန်ပိုက်တီမြို့မှ စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၀၃)ဌာနချုပ်ကို KIA က တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ကန်ပိုက်တီမြို့နယ် စင်ကျိုင်ကျေးရွာရှိ BGF တပ်ရင်း(၁၀၀၃)ဌာနချုပ်ကို ယနေ့ (အောက်တိုဘာ ၁၇ရက်) နံနက်တွင် KIA က စတင်ထိုးစစ်ဆင်ခြင်းဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“သိပ်မကြာလှပါဘူး။ စင်ကျိုင်ကကျမှာ။ BGF တွေ တောင့်မခံနိုင်လောက်ဘူး”ဟု ၎င်းက ပြောသည်။

စင်ကျိုင်ကျေးရွာသည် BGFတပ်ရင်း(၁၀၀၃) ဌာနချုပ် ရှိပြီး ဒေသခံများသည် ဘေးလွတ်ရာ တိမ်းရှောင် နေကြရသည်။

” ဒီပန်ဝါ မရောက်ခင်နားက ချန်းရင်းခူးဆိုတဲ့ အဲဒီမှာ တပ်ရင်းကုန်း ရှိတယ်။ အဲဒီမှာ စစ်ဖြစ်နေတယ်။ ဒီမနက် ၅နာရီခွဲလောက်က ဖြစ်တာ အခုထိဖြစ်နေဆဲလို့ ပြောတယ်။ အဲဒီနေရာကနေ ပန်ဝါဆိုရင်တော့ (၆)မိုင်၊ (၇)မိုင်လောက်ဝေးသေးတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်းက ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီး၌ BGF တပ်ရင်း (၁၀၀၁)၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီး၌ တပ်ရင်း (၁၀၀၂)၊ ကန်ပိုက်တီမြို့တွင် တပ်ရင်း (၁၀၀၃)ဟူ၍ ဖွဲ့စည်းပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်အုပ်ချုပ်နေသည်။

BGF တပ်ရင်း (၁၀၀၂)တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အောက်တိုဘာ ၁၅တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ ယင်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းမျိုးစုံ အလက် ၁၀၀ ကျော်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စခန်းများတိုက်ခိုက်ခံနေရစဉ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက် ၁၀၀ ကျော်ကို BGFက အတင်းအဓမ္မစစ်သားစုဆောင်းသွားကြောင်း ဒေသခံများက ပြောသည်။ စစ်သားစုဆောင်းခံရသူများသည် မိသားစုနှင့် အဆက်အသွယ်ပြတ်နေသည်။

KIA အနေဖြင့် ဇွန်လတွင် ဆဒုံးဒေသ၊ စက်တင်ဘာလကုန်တွင် ချီဖွေ၊ အောက်တိုဘာလဆန်းတွင် ဆော့လော် ၊ အောက်တိုဘာလလယ်တွင် ပန်ဝါဒေသ BGF ၁၀၀၂ တပ်ဌာနချုပ် ရှိရာ နေရာများကို ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီ စခန်း၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် BGF စခန်းများ စုစုပေါင်းတပ်စခန်း ကြီး၊ငယ် ၄၀ ကျော် သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ သေဆုံးပြီး စစ်သုံ့ပမ်း အချို့ ဖမ်းမိ

သတင်း

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့လုံခြုံရေးအတွက် အရေးကြီးသည့် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို ယနေ့ အောက်တိုဘာ ၁၅ရက် နေ့လည်ပိုင်းတွင် အပြီးသတ် သိမ်းရှင်းလင်း လိုက်ပြီဖြစ်ကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

BGFနှင့် ပြည်သူ့စစ်ခေါင်းဆောင်အချို့ တရုတ်ဘက် ထွက်ပြေးဟုဆို

သတင်း

သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရဟုဆို