close
Connect with us

Hi, what are you looking for?

သတင်း

ပန်ဝါ BGF တပ်ရင်း KIA သိမ်းပိုက်မှု လက်နက်မျိုးစုံ အလက် ၁၀၀ကျော်ရ

စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ သေဆုံးပြီး စစ်သုံ့ပမ်း အချို့ ဖမ်းမိ

အမှတ် ၁၀၀၂ နယ်ခြား​စောင့်တပ် ကို KIA သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့လုံခြုံရေးအတွက် အရေးကြီးသည့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) -၁၀၀၂ တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယနေ့(​အောက်တိုဘာ ၁၅) အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းမျိုးစုံ အလက် ၁၀၀ ကျော်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြသသည့် ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

ပန်ဝါဒေသ အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်ရင်း သိမ်းပိုက်မှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု ရုပ်သံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေမှု၊ သိမ်းရသည့် လက်နက်ခဲယမ်းများအား စုစည်းပြသထားပြီး စစ်သုံ့ပမ်း အချို့ဖမ်းမိခဲ့သည်ကိုလည်း ရုပ်သံ၌ တွေ့သည်။

လက်နက်များကို ရေတွက်ရှိရာ ပထမ ရုပ်သံတွင် လက်နက် ကြီးငယ် အလက် ၁၀၀ ခန့်နှင့် ဒုတိယရုပ်သံတွင် လက်နက်ငယ် ၁၂လက် ကို တွေ့ရသည်။ထို့ပြင်ခဲယမ်းကျည်များ သိမ်းပိုက်ရရှိခဲ့သည်ကိုလည်းတွေ့ရသည်။

Public Service Announcement

Public Service Announcement

KIA အနေဖြင့် ၁၀၀၂ တပ်ရင်း ပင်မစခန်းနေရာ အပါအဝင် စခန်း ၄နေရာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြထားသည်။

အဆိုပါ တပ်စခန်းကို ယနေ့ အောက်တိုဘာ ၁၅ရက် နေ့လည်ပိုင်းတွင် အပြီးသတ် ရှင်းလင်း လိုက်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လည်း အတည်ပြုထားသည်။

“အခုတော့ အဲဒီဘက်မှာ နေရာယူပြီးတော့ လုံခြုံရေးပြန်ချနေပါတယ်။ နယ်မြေရှင်းလင်းရေးတွေလုပ်နေပါတယ်။ လုပီစခန်းကတော့ ပန်ဝါမြို့နဲ့ ၁၀မိုင်လောက် ဝေးတယ်လို့ ပြောပါတယ်။ဗျူဟာကနေ ပြန်ပြောမယ်ဆိုရင် ပန်ဝါရဲ့ လုံခြုံရေး ယူထားတဲ့ အဓိက စခန်းကြီးတစ်ခု ဖြစ်တယ်လို့ ကြားပါတယ်။ နောက် ကျနော်တို့ တပ်မဟာ(၇)ဘက်ကို သွားတဲ့လမ်းမှာ တည်ရှိထားတယ်ဆိုတော့ သွားရေးလာရေးကိုလည်း စစ်ဆေးပြီးမှ အနှောက်အယှက်ပေးတဲ့ စစ်တပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အင်မတန်မှ အရေးကြီးတဲ့ တပ်ရင်းဌာနချုပ်တစ်ခုကိုတော့ ဒီနေ့ ၁၂နာရီ မိနစ် ၄၀ လောက်မှာ အကုန်လုံးရှင်းပစ်လိုက်တာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Springသို့ ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ BGF (၁၀၀၂)တပ်ဌာနချုပ် ကျပြီဖြစ်၍ ပန်ဝါအခြေစိုက် စစ်ကောင်စီ ဗျူဟာ၊ ခလရ(၂၉)၊ BGF (၁၀၀၁) ၊ (၁၀၀၃)နှင့် ပြည်သူ့စစ်အင်အားများသာ ကျန်တော့သည်ဟု စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့လုံခြုံရေးအတွက် အရေးကြီးသည့် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို ယနေ့ အောက်တိုဘာ ၁၅ရက် နေ့လည်ပိုင်းတွင် အပြီးသတ် သိမ်းရှင်းလင်း လိုက်ပြီဖြစ်ကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

BGFနှင့် ပြည်သူ့စစ်ခေါင်းဆောင်အချို့ တရုတ်ဘက် ထွက်ပြေးဟုဆို

သတင်း

သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရဟုဆို

သတင်း

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသ၌ ယနေ့(အောက်တိုဘာ ၁၄ရက်)တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Facebook