close
Connect with us

Hi, what are you looking for?

သတင်း

သန်းခေါင်စာရင်းကောက်အဖွဲ့ လုံခြုံရေးစစ်သား လမ်းသွားလမ်းလာ အမျိုးသားကို သေနတ်နဲ့ ပစ်ခတ်

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အောက်တိုဘာလ ၁၃ ရက်က သန်းခေါင်စာရင်းလိုက်လံကောက်ယူချိန် လမ်းသွားလမ်းလာ အမျိုးသား အစစ်မခံဘဲ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မန္တလေးတိုင်းစစ်ကောင်စီအဖွဲ့ ဝင်တွေကို သန်းခေါင်စာရင်းစတင်တဲ့နေ့က တွေ့ရပုံ။ ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အောက်တိုဘာလ ၁၃ ရက်က သန်းခေါင်စာရင်းလိုက်လံကောက်ယူချိန် လမ်းသွားလမ်းလာ အမျိုးသား အစစ်မခံဘဲ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီဖြစ်စဉ်က ပြည်ကြီးတံခွန်မြို့နယ် ၊ သင်ပန်းကုန်းရပ်ကွက် ၊ ၅၅ လမ်း ၊ ၁၂၃ လမ်းနဲ့ ၁၂၄ လမ်းကြားမှာ အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ဖြစ်ပွားတာပါ။

Public Service Announcement

Public Service Announcement

သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့ကို လုံခြုံရေး လိုက်ယူပေး တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ပစ်ခတ်တာလို့ သင်ပန်းကုန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။

” လမ်းပေါ်သွားနေတဲ့သူကို စစ်တာ ၊ ဟိုကလည်းကြောက်ကြောက်နဲ့ထွက်ပြေးတာ လမ်းနှစ်ပြလောက်ထိကို သေနတ်နဲ့လိုက်ပစ်တာ” လို့ အဲဒီဒေသခံက ဆိုပါတယ်။

ပစ်ခတ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ သန်းခေါင်စာရင်း ကောက်ယူတဲ့အဖွဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် စာရင်းကောက်နေချိန် လမ်းပေါ်မှာ လုံခြုံရေးယူတဲ့ စစ်သား ဖြစ်တယ်လို့သိရပါတယ်။

ပစ်ခတ်ခံရတဲ့အမျိုးသားရဲ့နောက်ဆက်တွဲအခြေအနေကိုတော့မသိရပါဘူး။

မန္တလေးအပါအဝင် နိုင်ငံတဝှမ်း စစ်ကောင်စီ ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ ဒေသတွေမှာ အောက်တိုဘာလ ၁ ရက်ကစတင်ပြီး ၁၅ ရက်ကြာစာရင်းကောက်ယူခဲ့တာပါ။

၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့်ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ဖို့ အကြောင်းပြပြီး စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူတာလည်းဖြစ်ပါတယ်။

သန်ခေါင်စာရင်းကောက်ယူရာမှာ လိုက်ပါ လုံခြုံရေး ယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် လည်းဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

သေဆုံးသူအုပ်ကြီးမှာ ပုဂံမြို့လာရောက်သူများအား ဧည့်စာရင်းအရ ကျပ်၂၀၀ကောက်ခံ၍ အာဏာသိမ်းကာလအတွင်း ချမ်းသာလာသူတစ်ဦးဟု ဒေသခံများပြော

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန် ခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ် တပ်ဖွဲ့(FPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၃) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

Facebook