close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေး စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကသာမြိုနယ်အတွင်းရှိ ကျေးလက်ပြည်သူတွေနဲ့ လူထုအောင်လံသပိတ်အဖွဲ့တို့ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကောက်ခံမှုကို အလိုမရှိကြောင်း၊ တရားမဝင် ရွေးကောက်ပွဲ အလိုမရှိကြောင်းဆိုတဲ့ ဘန်နာတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်ကြောင်း လူထုထောက်ခံပွဲတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မှာလည်း လူငယ့်အားမာန်သပိတ်နဲ့ ယင်းမာပင်အနောက်ခြမ်းပြည်သူတွေ ပူးပေါင်းကာ “our ambassador myanmar’s voice” ဘန်နာကိုင်​ဆောင်ကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး ယင်းမာပင်ခရိုင် တပ်ရင်း-၁ ရဲဘော်တစ်ဦးက လူထုအားတော်လှန်ရေးနဲ့ပတ်သက်တဲ့ သိမှတ်စရာတွေကို ဟောပြောခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စတဲ့စာသားကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့အတူရပ်တည်ကြောင်း လူထုထောက်ခံပွဲကို ကျောင်းသူလေးတွေက ဒေါင်းကတဲ့နေ့သီချင်းဖြင့် ကပြ ဖျော်ဖြေရင်း “Our Ambassador Myanmar’s Voice” ၊ “ဘူး သပိတ်ဆင်နွှဲ ဖက်ဆစ်ဖြိုလှဲ” စာသားကိုင်ဆောင်ပြီး လူထုဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ ရွှေဘိုလူထုသပိတ်၊ ကသာမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင်းတစ်​နေရာကို ယနေ့(အောက်တိုဘာလ ၁၄ရက်)ညနေပိုင်းက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ် မယ် ဟန်ဒေသကို စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်၍ ပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

သေဆုံးသူအုပ်ကြီးမှာ ပုဂံမြို့လာရောက်သူများအား ဧည့်စာရင်းအရ ကျပ်၂၀၀ကောက်ခံ၍ အာဏာသိမ်းကာလအတွင်း ချမ်းသာလာသူတစ်ဦးဟု ဒေသခံများပြော

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန် ခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ် တပ်ဖွဲ့(FPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Facebook