close
Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမြို့တွင် စစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်မှူး၏ကား ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်ကြားရေးမှူး၏ကား ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

မိတ္ထီလာမြို့တနေရာ၌ စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်ကြားရေးမှူး၏ကား ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက် ည ၁၀နာရီခန့်က မိတ္ထီလာမြို့အဝင်၌ စစ်အုပ်စုက စစ်ဆေးရေးပြုလုပ်နေစဥ် ကားတစ်စီးမှာ ရပ်မပေးဘဲ မောင်းနှင်သွား၍ အဆိုပါဂိတ်မှစစ်သားများက ပစ်ခတ်ခဲ့ကြောင်း မိတ္ထီလာမြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ကားပေါ်၌ မိတ္ထီလာမြို့ ဌာနဆိုင်ရာတစ်ခုမှ ညွှန်ကြားရေးမှူးဆိုသူလိုက်ပါလာပြီး ကားပေါ်ပါသူများ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံအချို့က ပြောသည်။

“ညွှန်မှူးပါလာတဲ့ကားက ရပ်မပေးလို့ပစ်တာပြောတယ်။ ဘယ်ဌာနကလဲတော့မသိဘူး။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်အား နောက်ဆက်တွဲအခြေအနေ စုံစမ်းနေပြီး လက်တ​လောမသိရသေးပေ။

မိတ္ထီလာမြို့သည် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်စခန်းအပါအဝင် စစ်တပ်စခန်းအများအပြားရှိသော်လည်း စက်တင်ဘာလ ၁၇ ရက်က နန်းတော်ကုန်းလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်း​ဘေးရှိ ရဲကင်းဗုံးပေါက်ကွဲပြီး ရဲ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်းတွင် ကျောက်ပန်းတောင်းစခန်းမှူးနှင့်အဖွဲ့လိုက်ပါလာသော အိမ်စီးကားတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ကားပေါ်ပါ ရဲ သုံးဦးလုံးသေဆုံးကာ သေနတ် ၅ လက် သိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

တိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသော စစ်ကောင်စီတပ်သားများမှ အနီးဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိရာ ပြည်သူထိခိုက်မှုရှိ မရှိမသိရသေးဘဲ ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း Hero ပြောက်ကျားတပ်က အသိပေးသည်။

သတင်း

ယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့လေ့ကျင့်ရေး (၈)တပ်မှ အင်အား ၄၀၀ခန့်ဖြင့် ရွှေဘိုမြို့မြောက်ဘက်ခြမ်းနှင့် ခင်ဦးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးခဲ့ကြောင်း သတင်းရရှိသည်။

Trending

Facebook