close
Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန်လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန် ခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ် တပ်ဖွဲ့(FPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ​၏ မီးသတ်ရုံးပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - FPF

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန် ခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ် တပ်ဖွဲ့(FPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၁ ရက် နံနက် ၅နာရီဝန်းကျင်က သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူရန် လောင်းလုံးမြို့နယ်မီးသတ်ရုံးသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ထားဝယ်မြို့ကနေ သန်းခေါင်စာရင်းကောက်ဆင်းလာတဲ့စစ်ကြောင်းကို လောင်းလုံးမြို့ နယ်ထဲ စကစတွေက လမ်းကင်းထွက်ယူပေးတာပါဗျ။ အဲဒီအဖွဲ့ကို တိုက်ခိုက်ခဲ့တာ”ဟု ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့(FPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်မီးသတ်ရုံးသည် ထားဝယ်-လောင်းလုံလမ်းပေါ်၌တည်ရှိပြီး ရုံးအပေါ်ထပ်နှင့် အောက်ထပ်တွင် အင်အား ၄၀ခန့်ဖြင့် နေရာယူထားရာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားသုံးဦး ပြင်းထန်ဒဏ်ရာရသွားပြီး သေဆုံးမှုရှိ၊မရှိ မသိသေးဟု ၎င်းကဆက် ပြောသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင်လည်း အောက်တိုဘာ ၁ ရက်နက သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူသည့်အဖွဲ့နှင့် စစ်ကောင်စီတပ်အထိုင်စခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များအဖွဲ့များခွဲ၍ တိုက်ခိုက်ခဲ့​သေးသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများတွင် သန်းခေါင်းစာရင်းများလိုက်လံကောက်ယူနေပြီး မြို့ပေါ်တွင်လည်း တပ်အက်အားတိုးချဲ့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

သေဆုံးသူအုပ်ကြီးမှာ ပုဂံမြို့လာရောက်သူများအား ဧည့်စာရင်းအရ ကျပ်၂၀၀ကောက်ခံ၍ အာဏာသိမ်းကာလအတွင်း ချမ်းသာလာသူတစ်ဦးဟု ဒေသခံများပြော

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၃) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ သန်းခေါင်စာရင်းအတွက် ကူညီလုပ်ဆောင်နေသည့် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကာလပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် နေရာအချို့၌သာ သန်းခေါင်စာရင်းကောက်နိုင်ပြီး PDFထိန်းချုပ်နယ်မြေသို့ စာရင်းလာကောက်ပါက သက်ညှာမည်မဟုတ်ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။