ဆိုင်းမင်း/People’s Spring
စစ်ကိုင်းတိုင်း ၊ မင်းကွန်း ပုထိုးတော်ကြီး အနီးက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး အထိအခိုက် အကျအဆုံး ရှိတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
ဒီမနက်ပိုင်း ၁၀ နာရီဝန်းကျင် က လက်ဖက်ရည်ဆိုင်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားတာလို့ ဒေသခံ က ပြောပါတယ်။

Public Service Announcement
ပစ်ခတ်မှုအတွင်း ရဲ ၃ ဦးသေဆုံးသလို လက်ဖက်ရည်ဆိုင်ပိုင်ရှင်အပါအဝင် အရပ်သား ၂ ဦးလည်း ဒဏ်ရာရသွားတယ်လို့သိရပါတယ်။
” အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ် ၊ သေနတ်၂လက်ရတယ်”လို့ မင်းကွန်းဒေသ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
