close
Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့တွင် လက်ဖက်ရည်ဆိုင်မ​ပိတ်၍ဆိုကာ စစ်တပ်က ဆိုင်အတွင်း ဝင်ရောက်ရိုက်နှက်ပြီး ဆိုင်ကယ်များ သိမ်းယူသွား

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်မပိတ်သေး၍ဟုဆိုကာ စစ်ကောင်စီတပ်သားများက ဆိုင်ထိုင်နေသူများအား ဝင်ရောက်ရိုက်နှက်ပြီး ၎င်းတို့​၏ ဆိုင်ကယ် ၁၅စီးခန့်အား သိမ်းယူသွားကြောင်း မြို့ခံများက ပြောသည်။

အာဏာသိမ်းကာလ အစောပိုင်းက မြိတ်မြို့တွင် စစ်ကောင်စီတပ်သားများက ပြည်သူများ၏ ဆိုင်ကယ်များအား အဓမ္မသိမ်းယူနေစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်မပိတ်သေး၍ဟုဆိုကာ စစ်ကောင်စီတပ်သားများက ဆိုင်ထိုင်နေသူများအား ဝင်ရောက်ရိုက်နှက်ပြီး ၎င်းတို့​၏ ဆိုင်ကယ် ၁၅စီးခန့်အား သိမ်းယူသွားကြောင်း မြို့ခံများက ပြောသည်။

အောက်တိုဘာ ၁၂ ရက် ည ၇နာရီခန့်က မလှိုင်မြို့လယ် မီးပွိုင့်အနီးရှိ လက်ဖက်ရည် ဆိုင်အား စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ထိုင်နေသော ပြည်သူများအား ဝမ်းလျားမှောက် ကာ ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် ပြည်သူများ ၏ ဆိုင်ကယ် ၁၅ စီးခန့်အား အဓမ္မသိမ်းယူသွားကြောင်း မလှိုင်မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ည ၇နာရီရှိသေးတယ်။ လက်ဖက်ရည်ဆိုင်မပိတ်လို့ဆိုပြီး ထိုင်နေတဲ့သူတွေကို အပြစ်ရှာ ဝမ်းလျားမှောက်ခိုင်းအထိလုပ်တာလို့ သိရပါတယ်။ သေနတ်တွေ ပစ်ဖောက်ပြီးကို ဝင်ရမ်းတာပါ။”ဟု လူထုသတင်းကွန်ယက်-မလှိုင်မြို့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် မလှိုင်မြို့ပေါ်၌ စစ်ကောင်စီတပ်က ​ဆိုင်ကယ်များအား နေ့စဥ်စစ်ဆေးတင်းကြပ်နေပြီး လိုင်စင်အပြည့်အစုံပါသော်လည်း ငွေညှစ်နေကြောင်း ဒေသခံများက ပြောသည်။

မလှိုင်မြို့နယ်နှင့် နယ်မြေချင်း ထိဆက်နေသည့် တောင်သာနှင့် နွားထိုးကြီးမြို့နယ်များတွင် သြဂုတ် ၁၀ရက်ကစတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တိုက်ပွဲများဖြစ်ပွားနေသည်။

ထို့အပြင် စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် ဒေသခံပြည်သူသုံးဦး သေဆုံးကြောင်း ​သတင်းရရှိသည်။

သတင်း

ထားအိ/People’s Spring စစ်တပ်ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။ ယမန်နေ့(စက်တင်ဘာ ၄ရက်)တွင် ကျင်းပသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေး၌ လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ စစ်တပ်...

သတင်း

အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေး ကိစ္စရပ်များဆွေးနွေးရန် အမေရိကန်အစိုးရ၏ အထူးသံအမတ်ကြီးတစ်ဦး ထိုင်းနိုင်ငံသို့ လေးရက်ကြာလာရောက်မည်ဟု သိရသည်။

သတင်း

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့်ဖိနှိပ်မှုများ ရပ်တန့်စေနိုင်ရန် မြန်မာစစ်တပ်ထံ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အဖွဲ့ဝင်နိုင်ငံများအားလုံးကို ထပ်မံ တောင်းဆိုလိုက်သည်။

Facebook