close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ဂန့်ဂေါမြို့နယ်တွင်ဗုံးကြဲပြည်သူ ၂ဦး​သေ ၊ ၂ ဦးဒဏ်ရာရ

စစ်​ကောင်စီက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင်းတစ်​နေရာကို ယနေ့(အောက်တိုဘာလ ၁၄ရက်)ညနေပိုင်းက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဗုံးကြဲခံရ၍ ​နေအိမ်တစ်လုံးအပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

လူအေး/People’s Spring

စစ်​ကောင်စီက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင်းတစ်​နေရာကို ယနေ့(အောက်တိုဘာလ ၁၄ရက်)ညနေပိုင်းက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ညနေ ၃နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ် လာပို့ရွာနှင့် ဘောပြင်းရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး ကျဲချတိုက်ခိုက်ခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဘောပြင်းရွာမှ ​ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီးလာပို့ရွာမှ​ဒေသခံ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးဒဏ်ရာရသူများနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပေ။

စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မည် စိုး​သေ​ကြောင့် ဒေသခံပြည်သူများမှာဘေးလိုမည်ထင်သည့်နေရာသို့ ညတွင်းချင်းတိမ်းရှောင်မှုများရှိနေသည်။

အောက်တိုလာလ ၅ ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ ဆင်မရွာကို စစ်‌ကောင်စီက လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲခဲ့ရာ အရပ်သားတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီသည် အောင်တိုဘာလဆန်းတွင် နိုင်ငံတဝန်းလေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။

​အောက်တိုဘာ ၁၄ ရက်ညနေ ၅နာရီခွဲခန့်တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့ကို လေကြောင်းမှဖပ်မံဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁ဦး​သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ် မယ် ဟန်ဒေသကို စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်၍ ပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်ကောင်စီက လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား သုံးဦးသေဆုံးပြီး ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက အသိပေးထုတ်ပြန်သည်။

Facebook