close
Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နယ်ကို စစ်ကောင်စီက ယနေ့ညနေတွင် လေကြောင်းထပ်မံတိုက်ခိုက်၍ ပြည်သူတစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ် မယ် ဟန်ဒေသကို စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်၍ ပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ် မယ် ဟန်ဒေသကို စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်၍ ပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက်အစောတွင် လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းတွင် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အီနိုင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒေသခံပြည်သူ ၃ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ၂ဦး ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် ယနေ့ ညနေ ၆နာရီ ၃၅မိနစ် နှင့် ၃၉မိနစ်အကြားတွင် မယ်ဟန်ဒေသကို လေကြောင်းမှ ဗုံးကြဲလာခြင်းဖြစ်သည်ဟုဆိုသည်။

“မယ်ဟန်နား သုံးလုံးကြဲသွားပါတယ်ရှင့်။ တစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရတ်လို့ကနဦးမြေပြင် သတင်းအရ သိပါတယ်။ မယ်ဟန်နားက နားမခေါ် ကားဂိတ်မှာ ကြဲသွားတာပါ။ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦး တိုက်ရိုက်ထိမှန် သေဆုံးခဲ့ပါတယ်”ဟု လားရှိုးဒေသခံ မနော်ဖောက ပြောသည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် လူသားချင်းစာနာထောက်ထားသည့်စိတ်လုံး၀မရှိသည့်လုပ်ရပ်ဖြစ်ကြောင်းလည်း မနော်ဖောက ပြောသည်။

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ပြီးနောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယနေ့ညပိုင်းအထိ အကြိမ်ပေါင်း ၁၇ကြိမ်ထက်မနည်းရှိခဲ့ပြီး ပြည်သူများစွာသေဆုံးထိခိုက်ကာ နေအိမ် အဆောက်အဦးများစွာ ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင်းတစ်​နေရာကို ယနေ့(အောက်တိုဘာလ ၁၄ရက်)ညနေပိုင်းက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကောင်စီက လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား သုံးဦးသေဆုံးပြီး ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက အသိပေးထုတ်ပြန်သည်။

Facebook