close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ဘီလားရုစ်မှာ ဖြန့်ကျက်မယ်လို့ ပူတင်အတည်ပြု

ရုရှားရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် လက်နက် အသစ်တွေကို မဟာမိတ် ဘီလားရုစ် နိုင်ငံမှာ ဖြန့်ကျက်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

AP

ရုရှားရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် လက်နက် အသစ်တွေကို မဟာမိတ် ဘီလားရုစ် နိုင်ငံမှာ ဖြန့်ကျက်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆ ပိုမြန်ပြီး ကြားဖြတ်ဟန့်တား ပစ်ချဖို့ ခက်ခဲလွန်းတဲ့ ဒုံးကျည်တွေကို ဆိုလိုတာပါ။ ရုရှား၊ တရုတ်၊ အမေရိကန်တို့လို စစ်ရေး စူပါပါဝါ နိုင်ငံကြီးတွေဟာ နည်းပညာမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ဖန်တီး တည်ဆောက်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

ပူတင်ကတော့ ရုရှားရဲ့ ဟိုက်ပါဆောနစ် စစ်လက်နက် အသစ်တွေဟာ လက်တွေ့ တိုက်ပွဲဝင် အသုံးပြုနိုင်တဲ့ အဆင့်ထိ ရောက်ရှိနေပြီး အဲဒီလက်နက်တွေကို ဘီလားရုစ်မှာလည်း ဖြန့်ကျက်ထားမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဩဂုတ် ၁ ရက်နေ့မှာတော့ ပူတင်က အဲဒီ စကားကို ထပ်လောင်း အာမခံ အတည်ပြုခဲ့ပြီး နှစ်ကုန်ပိုင်းလောက်ရောက်ရင် ဘီလားရုစ်မှာ ရုရှားရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ စတင် ရောက်ရှိနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဟိုက်ပါဆောနစ် စစ်လက်နက်တွေ ဘီလားရုစ်ဆီ ပြောင်းရွှေ့ ဖြန့်ကျက်မယ့် အစီအမံတွေ ဆက်လက် လုပ်ဆောင်နေကြောင်း၊ နှစ်မကုန်ခင်လောက် အပြီးသတ်နိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ပူတင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ Oreshnikလို့ နာမည်ပေးထားတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ဘီလားရုစ်ဆီ ပို့ဆောင်သွားဖွယ် ရှိပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ အသံထက် အနည်းဆုံး ၁၀ ဆ ပိုမြန်ပြီး မနှစ်က နိုဝင်ဘာလမှာတော့ ရုရှားက ယူကရိန်း စစ်မြေပြင်မှာ ပထမဆုံးအကြိမ် လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုအဖြစ် ယူကရိန်း တည်ရှိခဲ့ချိန်က ဒုံးကျည်တွေ ထုတ်လုပ်ဖို့ အသုံးပြုခဲ့တဲ့ စက်ရုံတစ်ခုကို ရုရှားက Oreshnik ဒုံးကျည် အသုံးပြုပြီး ဖျက်ဆီးခဲ့တာပါ။

ပူတင်က Oreshnik ဒုံးကျည်တွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး ဂုဏ်တင်ထားပြီး အသံထက် ၁၀ ဆနှုန်းနဲ့ ပျံသန်းတဲ့ အခြေအနေမှာ ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဘယ်လေကြောင်း ကာကွယ်ရေး လက်နက်မျိုးကမှ ပစ်ချနိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။ နောက်ပြီး ရုရှားကို တိုက်ခိုက်နိုင်မယ့် တာဝေးပစ် စစ်လက်နက်တွေ ယူကရိန်းဆီ ထောက်ပံ့နေတဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း အဲဒီဒုံးကျည်ရဲ့ အန္တရာယ်ကို စိုးရိမ်သင့်တယ်လို့ ပူတင်က သတိပေး ခြိမ်းခြောက်ထားဖူးပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းကတော့ ပူတင်ရဲ့ အရင်းနှီးဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်တဲ့ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူ စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီနောက် ရုရှားရဲ့ နျူကလီးယား လက်နက်တွေကို ဘီလားရုစ်မှာ ဖြန့်ကျက်ပြီး ဘီလားရုစ်ကို ရုရှားရဲ့ နျူကလီးယား ကာကွယ်ရေး ကွန်ရက်ထဲမှာ ထည့်သွင်း လွှမ်းခြုံခဲ့ပါတယ်။

ယူကရိန်းနဲ့ ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျားတဲ့ နယ်စပ် ထိစပ်နေရာ ဘီလားရုစ်မှာ ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်လာခြင်းက ယူကရိန်းနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကိုလည်း စိုးရိမ်စေခဲ့ပါတယ်။ အဲဒီ လက်နက်တွေ ဘီလားရုစ်မှာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်က ရုရှားသာ လက်တွေ့ အသုံးချဖို့ ဆုံးဖြတ်လိုက်ရင် ပိုပြီး မြန်မြန်နဲ့ လွယ်လွယ်ကူကူ ပစ်ခတ်နိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းဟာ ရုရှားဆီက ဒရုန်းနဲ့ ဒုံးကျည်တွေ စံချိန်တင် အများဆုံး အသုံးပြု တိုက်ခိုက်တဲ့ လတစ်လကို ဖြတ်သန်း ကြုံတွေ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ရုရှားဖက်က သိသိသာသာ ခြိမ်းခြောက် ရန်စတဲ့ စကားမျိုး ပြောဆိုခဲ့တယ်လို့ စွပ်စွဲပြီးတဲ့နောက် အမေရိကန်ရဲ့ နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နှစ်စီးကို ဖြန့်ကျက်ထားပြီး တုံ့ပြန်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယဆီက သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မယ့်အပြင် ရုရှားနဲ့ ကုန်သွယ်တဲ့အတွက် အရေးယူမှုအဖြစ် အပိုဆောင်း အခွန်တွေ သတ်မှတ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ပြည်နယ်နှစ်ခုမှာလည်း ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထား