close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်းမှာ ရေကြီးချိန် ဘိုးဘွားရိပ်သာ တစ်ခုမှာ လူ ၃၀ ကျော် သေဆုံးခဲ့

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် တဝိုက်က ရေကြီးမှုတွေအတွင်း ဘိုးဘွားရိပ်သာ တစ်ခုမှာ လူပေါင်း ၃၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Getty

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် တဝိုက်က ရေကြီးမှုတွေအတွင်း ဘိုးဘွားရိပ်သာ တစ်ခုမှာ လူပေါင်း ၃၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုသီတင်းပတ်ထဲမှာ ရေကြီးမှုတွေ ကြုံခဲ့တဲ့ ဘေဂျင်းမြောက်ပိုင်း ဧရိယာတွေထဲမှာ မီယွန်မြို့ဟာ အခြေအနေ အဆိုးဆုံး ဧရိယာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘေဂျင်းရဲ့ ဆင်ခြေဖုံးတွေမှာ ပျမ်းမျှ ဇူလိုင်တစ်လစာလောက် စုစုပေါင်း မိုးရေချိန်က ရက်အနည်းငယ်အတွင်း ရွာသွန်းခဲ့ရာကနေ ရေကြီးမှုတွေ ကြုံခဲ့တာပါ။

လူမှုကွန်ရက် မီဒီယာတွေမှာတော့ မီယွန်မှာရှိတဲ့ ဘိုးဘွားရိပ်သာ တစ်ခုထဲမှာ ရေကြီးတဲ့အချိန် ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက ရွှေ့ပြောင်းပေးတဲ့ ဗီဒီယိုတွေကို တွေ့ခဲ့ရပါတယ်။

အဲဒီအချိန်မှာ ရေက ရင်အနက်က ရင်ခေါင်းလောက်ထိ ရှိနေပါတယ်။ ဘိုးဘွားရိပ်သာထဲမှာတော့ မလှုပ်မရှားနိုင် ဖြစ်နေတဲ့ သက်ကြီးရွယ်အို အများအပြားဟာ ရေနစ်ပြီး သေဆုံးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘေဂျင်းမြောက်ပိုင်းက ရေကြီးမှုတွေကြောင့် လူ ၄၄ ဦးထက်မနည်း သေဆုံးခဲ့ရာမှာ မီယွန်မြို့ရဲ့ ဘိုးဘွားရိပ်သာ တစ်ခုတည်းမှာတင် ၃၁ ယောက်လောက်ထိ များပြားခဲ့တယ်လို့ သိရပါတယ်။ သက်ကြီးရွယ်အို အဘိုးအဘွား ၇၇ ဦး ရှိနေတဲ့ ဘိုးဘွားရိပ်သာဟာ အဆိုးဆုံး ရေကြီးခဲ့တဲ့ အချိန်မှာ ၆ ပေကျော်လောက် ရေတက်တဲ့ထိ ကြုံတွေ့ခဲ့ပါတယ်။

မီယွန်ရဲ့ တိုင်ရှူတန် ဧရိယာမှာရှိတဲ့ ဘိုးဘွားရိပ်သာဟာ ဆိုးဆိုးရွားရွား ကိုယ်လက် မသန်စွမ်းတော့တဲ့ သက်ကြီးရွယ်အိုတွေ၊ ဆင်းရဲနွမ်းပါးတဲ့ အဖိုးအဖွားတွေအတွက် အဓိက ရည်ရွယ် ဖွင့်လှစ်ပေးထားတာလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ဟီပေပြည်နယ်ထဲမှာလည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ဇူလိုင်လထဲမှာ လူ ၁၆ ဦးလောက် အသက်ဆုံးရှုံးခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

ဘေဂျင်းဟာ ဆိုးရွားတဲ့ ရေကြီးမှုတွေနဲ့ စိမ်းလှတဲ့ မြို့တော့ မဟုတ်ပါဘူး။ ၂၀၁၂ တုန်းက ကြုံဖူးတဲ့ အခြေအနေမှာ ဆိုရင်တော့ ၁၉၀ မီလီမီတာလောက် မိုးရေချိန်ဟာ ၂၄ နာရီ မပြည့်ခင် ရွာချခဲ့ပြီး လူ ၇၉ ဦးလောက် သေဆုံးခဲ့ပါတယ်။

ဇူလိုင် လကုန်ပိုင်းက ရေကြီးမှုတွေမှာလည်း ဘေဂျင်းမြောက်ပိုင်း ဆင်ခြေဖုံး ဧရိယာတွေမှာ လမ်းတွေဟာ ရွှံ့နွံမြစ်တွေအဖြစ် ပြောင်းလဲသွားပြီး ကားတွေ၊ ဓာတ်တိုင်တွေပါ ရေစီးနဲ့ မျောပါခဲ့တယ်လို့ သိရပါတယ်။

ပြင်းထန်ကြမ်းတမ်းတဲ့ အခြေအနေတွေဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနဲ့ တိုက်ရိုက် ဆက်စပ်နေကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပြီး တရုတ်ဟာ အဲဒီဒဏ်ကို အဓိက ခံစားရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ပထမနှစ်ဝက်အတွင်း သဘာဝ ဘေးဆိုးတွေကြောင့် တရုတ်နိုင်ငံမှာ ထိခိုက်ပျက်စီးမှု တန်ဖိုးဟာ ဒေါ်လာ ၇.၅ ဘီလီယံကျော်လောက်ထိ ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးမှုတွေကြောင့် တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းရဲ့ မြောက်ဖက် ဧရိယာတွေမှာ လူ ၃၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း

တောင်ကျရေအန္တရာယ်ဆိုးဝါးစွာကြုံတွေ့ခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ရေဘေးကြောင့်သေဆုံးသူ ရှစ်ဦးရှိလာပြီး ဒေသတွင်းရှိ ရွာငံ၊ အောင်ပန်း၊ ကလောမြို့တို့တွင်လည်း ရေဘေးအန္တရာယ်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းပင်းတယမြို့နှင့် ထန်းတပင်၊ အုတ်တွင်းမြို့နယ်တို့တွင်ရုတ်တရက်ရေကြီးမှုကြောင့်သေဆုံးသူ၉ဦးထက်မနည်းရှိနေကြောင်း ဒေသခံလူမှုရေးအဖွဲ့များထံမှ သိရသည်။

သတင်း

မုတ်သုံအား​ကောင်း​နေ၍ ​ဒေသအများစုတွင်မိုး​ကောင်းဦးမည်ဟု NUG သတိ​ပေး