close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

အလုပ်လုပ်ရင်း အိပ်ပျော်သွားတယ်ဆိုတဲ့ ဓာတ်ပုံတွေကို Facebookပေါ် တင်ခဲ့တဲ့ ဟွန်ဆန်း

ပင်ပန်းလွန်းတာကြောင့် အလုပ်လုပ်နေရင်း တစ်မှေး အိပ်ပျော်သွားခဲ့ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေ တင်ထားခဲ့ပါတယ်။

ပင်ပန်းလွန်းတာကြောင့် အလုပ်လုပ်နေရင်း တစ်မှေး အိပ်ပျော်သွားခဲ့ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေ တင်ထားခဲ့ပါတယ်။

အခုအခါမှာ ကမ္ဘောဒီးယားရဲ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဟွန်ဆန်းက သူဟာ အစိုးရ ခေါင်းဆောင်တွေ၊ စစ်ဘက် အရာရှိကြီးတွေနဲ့ အစည်းအဝေး တစ်ခုအပြီး အိပ်သွားခဲ့တာ ဖြစ်တယ်လို့ ဩဂုတ် ၁ ရက်နေ့က Facebookပေါ်မှာ ရေးသားထားပါတယ်။

အဲဒီ အစည်းအဝေးမှာတော့ အမေရိကန် အစိုးရက ကမ္ဘောဒီးယားရဲ့ သွင်းကုန်တွေအပေါ် အခွန် ၄၉ ရာခိုင်နှုန်း စည်းကြပ်မယ့် အစီအစဉ်ကနေ ၁၉ ရာခိုင်နှုန်းထိ လျှော့ချပေးတော့မယ်ဆိုတဲ့ သတင်းကိုလည်း ကြားခွင့်ရခဲ့တယ်လို့ ဟွန်ဆန်းက ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တာကို အသိအမှတ် ပြုတဲ့အနေနဲ့ နှစ်နိုင်ငံလုံးရဲ့ ပို့ကုန်တွေအပေါ် အခွန် ၁၉ ရာခိုင်နှုန်း လျော့ချ စည်းကြပ်ဖို့ ဆုံးဖြတ်ထားကြောင်း အမေရိကန် အစိုးရနဲ့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ အစောပိုင်းက ကမ္ဘောဒီးယားရဲ့ သွင်းကုန်တွေအပေါ် တန်ဖိုးရဲ့ အခွန် ၄၉ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ကြေညာခဲ့ရာက နောက်တော့ ၃၆ ရာခိုင်နှုန်းလို့ လျှော့ချသတ်မှတ်ပြီး အခုအခါ ၁၉ ရာခိုင်နှုန်းထိ ထပ်လျှော့ပေးမယ့် သဘောလည်း ဖြစ်ပါတယ်။

ဟွန်ဆန်းက သူဟာ ပင်ပန်းလွန်းလို့ အလုပ်ထိုင်ခုံမှာတင် အိပ်ပျော်သွားမယ် ဆိုတာကို လုံးဝ မမျှော်လင့်ခဲ့ကြောင်း၊ ဒါပေမဲ့ လူ ၄ ယောက်လောက်က အဲဒါကို ဓာတ်ပုံရိုက်ထားပြီး သူ့ကို ပြန်ပြခဲ့ကြောင်းလည်း ဆိုပါတယ်။

နောက်တော့ ထိုင်းစစ်တပ်က သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ ဒဏ်ရာရ ကမ္ဘောဒီးယား စစ်သားနှစ်ယောက် ဘေးကင်းကင်းနဲ့ အိမ်ပြန်လာနိုင်တယ်ဆိုတဲ့ သတင်းကို သူ့ဆီ လာအသိပေးတော့မှ နိုးလာခဲ့တာလို့ ဟွန်ဆန်းက ရေးသားထားပါတယ်။ အဲဒီ စစ်သားတွေ အမြန်ဆုံး ဒဏ်ရာ သက်သာ ပျောက်ကင်းဖို့လည်း သူက ဆန္ဒပြုပေးထားပါတယ်။

ဟွန်ဆန်းဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်အခတ် ရပ်စဲမှု စတင် အသက်ဝင်တဲ့ ဇူလိုင် ၂၈ ရက်နေ့တုန်းကလည်း အဲဒီ သဘောတူညီမှု ခိုင်မာတာ သေချာအောင် ကြိုးစားနေရတဲ့အတွက် တစ်ညလုံးမှာ နှစ်နာရီပဲ အိပ်ခဲ့ရတယ်လို့ Facebookပေါ် ပို့စ်တင်ခဲ့ပါသေးတယ်။

ကိုးကား: Khaosod, Samdech Hun Sen of Cambodia Facebook

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ စစ်သားတွေကို ပြန်လွှတ်ပေးဖို့ ကမ္ဘောဒီးယားက ထိုင်းကို တောင်းဆိုလိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အပေါ် နှစ်ဖက် လေးစားလိုက်နာမှု ရှိမရှိ ဆိုတာကို မလေးရှား စစ်တပ်က ကြီးမှူးပြီး လေ့လာ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ကမ္ဘောဒီးယားဖက်က ချိုးဖောက်တာတွေ ရှိနေတယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘာဒီးယား တို့ကြား နယ်စပ်ဒေသတိုက်ပွဲတွေကို ဒီနေ့ (ဇူလိုင် ၂၈) ရက်က စတင်ပြီးချက်ချင်းအပစ်ရပ်ကြဖို့ မလေးရှားနိုင်ငံမှာ နှစ်ဖက်အစိုးရအဖွဲ့ ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး သဘောတူညီချက် ရရှိသွားပါတယ်။