close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ မဆုံးနိုင်တဲ့ အကျိုးဆက်တွေ ကျန်နေစေလိမ့်မယ်လို့ အီရန်ပြော

အီရန်ကို အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက်ခဲ့မှုဟာ မဆုံးနိုင်တဲ့ အကျိုးဆက်တွေ ကျန်နေစေမှာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

AP

အီရန်ကို အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက်ခဲ့မှုဟာ မဆုံးနိုင်တဲ့ အကျိုးဆက်တွေ ကျန်နေစေမှာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အခုအခါမှာ အီရန်ဟာ အမေရိကန်ရဲ့ လုပ်ရပ်ကို လက်တုံ့ပြန်ဖို့ ဖြစ်နိုင်ခြေ ရွေးချယ်မှု မှန်သမျှကို စဉ်းစားနေပြီလို့လည်း ဝန်ကြီး အဘက်စ် အာရက်ချီက ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ဟာ အီရန်-အစ္စရေး ပဋိပက္ခမှာ တိုက်ရိုက်ဝင်ပါပြီး အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဇွန်လ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ အတည်ပြု ကြေညာခဲ့ပါတယ်။

အခုမနက်ပိုင်းမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စတွေဟာ အရမ်းရက်စက်ဆိုးရွားပြီး အဲဒီအတွက်လည်း အသုံးမသတ်နိုင်တော့မယ့် အကျိုးဆက်တွေ ကျန်နေမှာ ဖြစ်တယ်လို့ အာရက်ချီက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ အခုလိုမျိုး အရမ်းအန္တရာယ်များတဲ့၊ တရားလက်မဲ့ဆန်တဲ့၊ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်မျိုးကို မြင်တွေ့ပြီးတဲ့အခါ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတိုင်းအတွက်လည်း အန္တရာယ် အချက်ပေးမှု ဖြစ်လာလိမ့်မယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ ကြေညာစာတမ်းအရ ကျူးကျော် တိုက်ခိုက်မှုတွေ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်အဝ အပ်နှင်းထားကြောင်း၊ အီရန်ဟာ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု၊ အကျိုးစီးပွားနဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ရွေးချယ်စရာ အားလုံးကို စဉ်းစားမှာဖြစ်ကြောင်းလည်း အာရက်ချီက သတိပေးထားပါတယ်။

နောက်ပြီး အမေရိကန်ဟာ အီရန်နဲ့ အန္တရာယ်များတဲ့ စစ်ပွဲကို ဆင်နွှဲဖို့ စတင်လိုက်တာ ဖြစ်တယ်လို့လည်း သူက စွပ်စွဲသွားပါတယ်။ အစောပိုင်းမှာလည်း အီရန်ရဲ့ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ် (IRGC)ဟာ အရှေ့အလယ်ပိုင်း ဒေသအနှံ့က အမေရိကန်ရဲ့ အရပ်ဖက်နဲ့ စစ်ဘက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေ၊ အဆောက်အအုံတွေဟာ အီရန်ရဲ့ တရားဝင် ပစ်မှတ် ဖြစ်လာပြီလို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ အီရန်ဟာ စစ်ပွဲထဲ ရောက်နေပြီလို့လည်း IRGCက ကြေညာထားပါတယ်။

ကိုးကား: JNS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အစ္စရေး-အီရန် စစ်ရေး ပဋိပက္ခမှာ ထဲထဲဝင်ဝင် ဝင်ပါပြီး အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေကို ဗုံးကြဲခဲ့တဲ့အပေါ် နိုင်ငံတကာ တုံ့ပြန်မှုတွေ အလျင်အမြန်ပဲ ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန် လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှု အခန်း (situation room)ထဲကနေ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် စောင့်ကြည့်နေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို အမေရိကန်က ဗုံးကြဲခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ လုပ်ဆောင်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေဟာ ထူးကဲတဲ့ စစ်ရေးအောင်မြင်မှုတစ်ခု ဖြစ်လာခဲ့တယ်လို့ အမေရိကန် ပြည်သူတွေဆီ လိပ်မူတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်သွားခဲ့ပါတယ်။