close
Connect with us

Hi, what are you looking for?

သတင်း

စင်ကာပူမှာ အောင်ပွဲခံတဲ့ “What happened to the wolf”

စင်ကာပူနိုင်ငံမှာ ရုံတင်ပြသတဲ့“What happened to the wolf” ရုပ်ရှင်ကို ပရိသတ်တွေ ရုံအပြည့် လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောပါတယ်။

ဇွန်-၂၁၊၂၀၂၅။ဆဏ်း/People’s Spring

စင်ကာပူနိုင်ငံမှာ ရုံတင်ပြသတဲ့“What happened to the wolf” ရုပ်ရှင်ကို ပရိသတ်တွေ ရုံအပြည့် လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောပါတယ်။

“ဒီနေ့ “What happened to the wolf” ပထမဆုံးရုံတင်တဲ့နေ့မလို့ ရင်တုန်နေခဲ့တာမနက်ကတည်းက။ လူ ၁၀၀၀ ကျော်ဆံ့တဲ့ရုံကြီးလူပြည့်ပါ့မလား။ ပရိတ်သတ်တွေလာပါ့မလားဆိုတာတွေးပြီးတကယ်ကြောက်နေခဲ့မိတာ။ ကျေးဇူးအများကြီးတင်ပါတယ်စင်္ကာပူရောက်ပရိတ်သတ်ကြီးရယ်” လို့ ပိုင်ဖြိုးသုက သူမရဲ့ ပေ့ခ်ျမှာရေးသားထားပါတယ်။

ဒီဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာပဲ ပြသခဲ့တာဖြစ်ပြီး ရုံတင်ဇာတ်ကားအနေနဲ့ စင်ကာပူနိုင်ငံမှာ ပထမဆုံးပြသခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ရုံအပြည့်လာကြလို့ ဓါတ်လှေကားစီးဖို့တောင်တန်းစီယူရတယ်ဆိုတာသိရတဲ့အချိန်မှာ ယုံတောင်မယုံနိုင်ဘူး” လို့ သူမရဲ့ခံစားချက်ကို ရေးသားထားပါတယ်။

ဒီဇာတ်ကားကို ၂၀၂၀ ခုနှစ်မှာ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးခဲ့တာဖြစ်ပြီး အိန္ဒြာကျော်ဇင် နဲ့ ပိုင်ဖြိုးသုတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။

တော်လှန်ရေးကာလအတွင်း ပထမဆုံး ရုံတင်ဇာတ်ကား အနေနဲ့ ပြသခဲ့တာကြောင့် ရင်ခုန်ခဲ့ရသလို ဒီဇာတ်ကားမှာပါဝင်ထားတဲ့ ဇာတ်ရုပ်အပေါ် ပရိသတ်တွေရဲ့ မှတ်ချက်ကိုလည်း ရင်ခုန်နေတယ်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

“ပထမဆုံးနေ့ ပထမဆုံးပွဲကို ဒီနေ့ ကြည့်ခဲ့ပြီ မင်းသမီးလေးရေ။ မင်းသမီးတွေရော ဒါရိုက်တာပါ လိုအပ်ချက်မရှိ အလွန်တော်ကြပါသည်။ အောင်ရုံမကပါဘူး ဂုဏ်ထူးတွေနဲ့ပါ ” လို့ ဒီနေ့ကြည့်ခဲ့တဲ့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးထားပါတယ်။

“ကာယကံရှင်တွေမပြောနဲ့၊ကိုယ်တွေတောင်ကြည့်ပြီး “ပျော်စရာကြီး” လို့ပြောမိတယ်။ Congratulations!” လို့ ဒါရိုက်တာ ခရစ်(စ)တီးနားခီက ဂုဏ်ပြုစကားရေးသားထားပါတယ်။

ဒီဇာတ်ကားကို စင်ကာပူနိုင်ငံမှာ ဇွန် ၂၂ ၊ ၂၅ ၊ ၂၈ နဲ့ ၂၉ တွေမှာ ဆက်လက်ပြသပေးသွားဖို့ရှိပြီး ဩစတေးလျနိုင်ငံမှာလည်း ဇွန် ၂၂ မှာ ဆစ်ဒနီမြို့၊ ဇွန် ၂၉ မှာ မဲလ်ဘုန်းမြို့ ၊ ဇူလိုင် ၅ မှာ Adelaideမြို့ နဲ့ ဩဂုတ် ၉ မှာ Brisbane မြို့တွေမှာ ပြသသွားမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ဇွန် ၂၉ ဆန်ဖရန်စစ္စကို မှာပြသမှာဖြစ်ပြီး ဇူလိုင်နဲ့ ဩဂုတ်လအတွင်း အခြား မြို့ ၇ မြို့မှာပြသပေးသွားမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း တိုကျို ၊ အိုဆာကာ မြို့တွေအပါအဝင် မြို့ ၇ မြို့မှာ ပြသသွားမယ်လို့ What happened to the wolf ရဲ့ပေ့ခ်ျမှာကြေညာထားပါတယ်။

ဒီဇာတ်ကားကိုတော့ တော်လှန်ရေး ရန်ပုံငွေအတွက် မဟုတ်ဘဲ သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းအတွက် ရုံတင်ပြသခြင်းဖြစ်တယ်လို့ ဒါရိုက်တာဏကြီးက အသိပေးထားပါတယ်။

“၄ နှစ်ကျော်ကာလမှာ ကျွန်တော်တို့ ပထမဆုံး ပြန်စမယ့် အနုပညာအလုပ်လည်း ဖြစ်ပါတယ်။ ဒီကာလတစ်လျှောက်လုံးမှာ ကျွန်တော်နဲ့ သုသု ကိုယ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး ပါဝင်ခဲ့၊ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ခုအချိန်မှာတော့ ကျွန်တော်တို့ ရပ်တည်ရေးနဲ့ ရှေ့ဆက် ရုပ်ရှင်ရိုက်ကူးဖန်တီးနိုင်ဖို့ အတွက်လည်း စဉ်းစားပြင်ဆင်ဖို့ လိုအပ်လာပြီလို့ ယူဆပါတယ်။ ” လို့ ဇာတ်ကားရုံတင်မယ့်အကြောင်း အသိပေးချိန်က ဒါရိုက်တာဏကြီးက ပြောကြားထားခဲ့တာပါ။

What happened to the wolf ရုပ်ရှင်ကို World Premiere အနေနဲ့ ဂျာမဏီနိုင်ငံ၊ Oldenburg မြို့မှာ ကျင်းပခဲ့တဲ့ Internationales Filmfest Oldenburg (2021) မှာ ပြသခဲ့ပြီး အဲဒီ့ရုပ်ရှင်ပွဲတော်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေကနေလည်း ဆုတွေရရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်ကမ်ပိန်းကရရှိတဲ့ငွေတွေကို မြေပြင် အဖွဲ့ ၁၀၀ ကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ Artists' Shelter က အသိပေးထားပါတယ်။

အတွေးအမြင်

လွန်ခဲ့တဲ့သုံးရက်က နယူးယောက်တိုင်းသတင်းစာကြီးရဲ့ Guest Essay (Opinion) ကဏ္ဍမှာစင်ကာပူနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယူရဲ့သာအငယ် လီရှန်ယန်းက ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပါတယ်။

သတင်း

စင်ကာပူအခြေစိုက်ငွေလွှဲဝန်ဆောင်မှုကုမ္ပဏီ 2C2Pက မြန်မာနိုင်ငံမှ ထွက်ခွာရန် စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ယနေ့(ဧပြီ ၄ ရက်)တွင် ကြေညာသည်။

သတင်း

စင်ကာပူ​ဒေါ်လာ သန်း ရာနဲ့ချီတဲ့ ငွေကြေးလွှဲပြောင်းမှုတွေအတွက် ကိုယ်ပိုင် ဘဏ်အကောင့်တွေ အသုံးပြုခွင့် ပေးခဲ့တဲ့ စင်ကာပူ နိုင်ငံသား မြန်မာ အမျိုးသမီး တစ်ဦးဟာ တရားရုံး ပြစ်ဒဏ် စီရင်မှုကို စောင့်ဆိုင်းနေရပြီ ဖြစ်ပါတယ်။