ဇွန်-၁၇၊၂၀၂၅။ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်တွင်အခြေပြုထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်ရင်းများမှ စစ်မြေပြင်တပ်မှူး ၁၅၀ သင်တန်းဆင်းခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ရှမ်းတောင်-က ရင်နီတိုင်းစစ်ဌာန နည်းဗျူဟာအမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက်က ကရင်နီပြည်တနေရာတွင် ပြုလုပ်ခဲ့သည်။
“တော်လှန်ရေးကာလက လေးနှစ်ကျော်ငါးနှစ်ထဲရောက်လာပြီ။ကျွန်တော်တို့က သင်တန်းတွေလုပ်တယ်။သင်တန်းလုပ်ရတဲ့အကြောင်းအရင်းက စစ် မြေပြင်မှာစနစ်တကျအသုံးချနိုင်ဖို့ရယ်။စည်းကမ်းရှိဖို့ရယ်။စစ်ကျင့်ဝတ်တွေလိုက်နာနိုင်ဖို့ဖြစ်တယ်”ဟု ရှမ်းတောင် – ကရင်နီတိုင်းစစ်ဌာန ဗျူဟာ (၁၁) တာဝန်ရှိသူက ပြောသည်။

Public Service Announcement
စစ်မြေပြင်တပ်မှူးများသင်တန်းကို ဗျူဟာ (၁၁) လက် အောက်ရှိ အမှတ် (၁၁၀၂)တပ်ရင်း၊အမှတ် (၁၁၀၆)တပ်ရင်း ၊ အမှတ်(၁၁၀၇)တပ်ရင်းနှင့်အမှတ် (၁၁၀၉)တပ်ရင်းရဲ ဘော်များတက်ရောက်ခဲ့သည်။
လက်ရှိရှမ်းတောင် နှင့် ကရင်နီပြည်နယ်အစပ်မိုးဗြဲ မြို့ကိုထိုးစစ်ဆင်နေသော စစ်ကောင်စီကို အမှတ် ၁၁၀၂၊ ၁၁၀၆ တပ်ရင်း ၊ ၁၁၀၇ နှင့် ၁၁၀၉ တို့မှရဲဘော်များက အခြားတော်လှန်ရေးအင်အားစု များနှင့်ပူးပေါင်း၍ခုခံတိုက်ခိုက်နေသည်။
