close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ်က သံရုံးဝန်ထမ်းတွေကို လုံခြုံရေးကြောင့် ရွှေ့ပြောင်းဖို့ အမေရိကန် စီစဉ်နေ၊ အီရန်ကြောင့်လို့ ယုံကြည်ရ

လုံခြုံရေးအရ အီရတ် သံရုံးမှာရှိတဲ့ ဝန်ထမ်းအများစုကို ယာယီ ရွှေ့ပြောင်းစေဖို့ အမေရိကန်က စီစဉ်နေကြောင်း သိရပါတယ်။

Getty Images

လုံခြုံရေးအရ အီရတ် သံရုံးမှာရှိတဲ့ ဝန်ထမ်းအများစုကို ယာယီ ရွှေ့ပြောင်းစေဖို့ အမေရိကန်က စီစဉ်နေကြောင်း သိရပါတယ်။

လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေ မြင့်တက်လာနေကြောင်း ထောက်လှမ်းရေး သတင်းတွေ ရရှိထားပြီးတဲ့နောက် သံရုံးရဲ့ မရှိမဖြစ် ဝန်ထမ်းတွေကလွဲလို့ အားလုံးကို ဘေးကင်းရာဆီ ရွှေ့ပြောင်းထားမှာဖြစ်ကြောင်း အမေရိကန် အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လုံခြုံရေး အန္တရာယ် ရှိတယ်လို့ စိုးရိမ်တဲ့ အဓိက အကြောင်းရင်းကို ထုတ်မပြောပေမယ့် မကြာသေးခင်က အီရန်နဲ့ အမေရိကန်ကြား အီရန်နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုတွေ အခြေအနေ မကောင်းတာကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။

အီရတ်ဟာ အမေရိကန်ရော၊ အီရန်နဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားဖို့ ကြိုးစားနေပြီး အီရတ်နိုင်ငံ ပိုင်နက်ထဲမှာ အီရန် ဩဇာခံ လက်နက်ကိုင် တပ်ဖွဲ့တွေ အခြေစိုက် လှုပ်ရှားနေကြပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ နိုင်ငံတကာ သံရုံးတွေမှာ ထားရှိသင့်တဲ့ ဝန်ထမ်းအင်အားနဲ့ တခြားအခြေအနေတွေကို အချိန်ပြည့် ဆန်းစစ်နေကြောင်း၊ လက်ရှိမှာတော့ အီရတ်မှာ ရှိနေတဲ့ အမေရိကန်ရဲ့ သံတမန်ရေး လှုပ်ရှားမှုတွေကို အတိုင်းအတာ တစ်ခုထိ လျှော့ချထားဖို့ ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက ဆိုပါတယ်။

ဇွန်လ ၁၁ ရက်နေ့တုန်းက Podcast တစ်ခုမှာတော့ အမေရိကန် သမ္မတ ထရမ့်က သူဟာ အီရန်နဲ့ သဘောတူညီမှု တစ်ခုခု ရရှိနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက် လျော့သထက် လျော့လာနေတယ်လို့ မှတ်ချက်ပေးသွားပါတယ်။

အမေရိကန်က အီရန်ကို နျူကလီးယားဗုံးတွေ ထုတ်လုပ်နိုင်တဲ့ ယူရေနီယမ် သန့်စင်မှုကို လုံးဝဥဿုံ ရပ်တန့်စေလိုပြီး အပြန်အလှန် အနေနဲ့ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးမယ်လို့ အဆိုပြုထားပါတယ်။ အီရန်ဖက်တော့ အဲဒီ အဆိုကို လက်မခံလိုပါဘူး။

ဒီအတောအတွင်း အီရန် ကာကွယ်ရေးဝန်ကြီး အဇစ် နာဆာဒါဇားက တကယ်လို့ ဆွေးနွေးပွဲသာ ပျက်ပြယ်သွားခဲ့မယ်ဆိုရင် အီရန်ဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တခြားသတင်းတွေအရ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ ကူဝိတ်နဲ့ ဘာရိန်းတို့ အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတွေမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ဆန္ဒအလျောက် နေရပ်ပြန်ဖို့ ခွင့်ပြုပြီး စီစဉ်ပေးနေတယ်လို့ သိရပါတယ်။

လွှတ်တော်ဆီ အစီရင်ခံမှု တစ်ခုမှာတော့ ဟက်ဂ်ဆက်သ်က အီရန်ဟာ နျူကလီးယား လက်နက်လို တစ်ခုခုကို ဖန်တီးဖို့ တစိုက်မတ်မတ် ဦးတည်နေကြောင်း ညွှန်ပြတဲ့ အချက် အတော်များများ ရှိနေတယ်လို့ ပြောကြားသွားပါတယ်။

ဒီအတောအတွင်း ဗြိတိန်ရဲ့ ရေကြောင်းကုန်သွယ်ရေး လုပ်ငန်းများအဖွဲ့ကလည်း အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပေါ်လာမယ့် တင်းမာမှုတွေကြောင့် ဒေသတွင်း ကုန်သွယ်ရေကြောင်း သွားလာမှုတွေအပေါ် သက်ရောက် ထိခိုက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

အီရတ်သံရုံးကို အမေရိကန်က ရွှေ့ပြောင်းနေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်ပြီးချိန် ကတည်းက ရေနံစျေးဟာ ၄ ရာခိုင်နှုန်း တက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

အီရတ်နိုင်ငံမှာ အခြေစိုက် ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်သည် အရေအတွက် ၂၅၀၀ လောက် ရှိတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်သင့်ကြောင်း အစ္စရေးကို ရည်ရွယ်ပြီး နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက ပြောကြားခဲ့ပါတယ်။

သတင်း

အီရန်ဟာ ပြည်တွင်းဖြစ် တပ်ဆင်တည်ဆောက်ထားတဲ့ စစ်သုံး ဒရုန်း အမျိုးအစားသစ် ၃ ခုကို မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက် ရရှိဖို့ အရမ်း နီးနီးစပ်စပ် ဖြစ်လာပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်က ဆိပ်ကမ်းတစ်ခုမှာ အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တဲ့နောက် လူပေါင်း တစ်ဒါဇင်ကျော် သေဆုံးပြီး ၇၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။