close
Connect with us

Hi, what are you looking for?

သတင်း

ကောလင်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ

ကောလင်းမြို့အရှေ့ပိုင်းကျေးရွာ နှစ်ရွာကို ယနေ့(‌ဇွန်လ ၉ရက်)ည ၉နာရီ၂၀မိနစ်၌ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ဗုံးကြဲလေယာဉ်ဆက်လက် ပျံဝဲနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းအန္တရာယ်သတိပေးထားသည်။

စစ်​ကောာင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အသုံးများ​သော YAK-130 တိုက်​လေယာဥ် နှစ်စီး ​စစ်တပ်အာဏာမသိမ်းခင်ကလေ​ကျင့်ပျံသံစဥ်။ ဓါတ်ပုံ-Cincds

ဇွန်-၉၊၂၀၂၅။ကဖေး/People’s Spring

ကောလင်းမြို့အရှေ့ပိုင်းကျေးရွာ နှစ်ရွာကို ယနေ့(‌ဇွန်လ ၉ရက်)ည ၉နာရီ၂၀မိနစ်၌ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ဗုံးကြဲလေယာဉ်ဆက်လက် ပျံဝဲနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းအန္တရာယ်သတိပေးထားသည်။

“ဗုံးကြဲသွားတာကဂျက်ဖိုက်တာနဲ့။ ဗုံးကြဲလေယာဉ်ဆက်ပျံနေတယ်” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ည ၁၀နာရီခန့်တွင် ပြောသည်။

ယနေ့ည ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပြင်ထိခိုက်မှုအခြေအနေကိုမသိရသေးပေ။

Public Service Announcement

Public Service Announcement

ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီက အလွန်အန္တရာယ်များသော Cluster Bompများသုံးပီး တိုက်ခိုက်နေကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားသည်။

Cluster Bombကလပ်စတာဗုံးဆိုသည်မှာဗုံးတစ်လုံးထဲတွင်ဗုံးသီးအသေစား(submunitions)များ ထည့်ထားသည့် ဗုံးအမျိုးအစားဖြစ်သည်။တိကျသည့် ပစ်မှတ်တစ်ခုစီစီကို ချိန်ရွယ်ပစ်ခတ်ခြင်းမဟုတ်ဘဲ ဧရိယာတစ်ခုလုံး ကို ပျံ့နှံ့ပေါက်ကွဲစေသော ဗုံးဖြစ်သည်။

ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ခုနှစ်နိုဝင်ဘာလ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ဖေဖော်ဝါရီ ၄ရက်နံနက်မှ၍ အင်အားအများအပြားဖြင့် စစ်

ကြောင်းပြန်ထိုးတိုက်ခိုက်ပြီး ​လေကြာင်းပစ်ကူများစွာ​ပေး​ကာ မြို့ပေါ်ရပ်ကွက်များ၌ ပြန်လည်တပ်စွဲပြီး မြို့ကိုပြန်လည်ထိန်းချုပ်သွားခဲ့သည်။ ထို့နောက် PDF များက မြို့ပြင်​ကျေးရွာများကိုထန်းချုပ်ပြီး စစ်တပ်က မြို့ကိုထိန်းချုပ်ထားကာ လေ‌ကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၉)မှာ စစ်အုပ်စုကို ထောက်ပံ့နေခြင်းအား ရပ်တန့်ပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်သိမ်းပိုက်ထားတဲ့ (၆)မိုင်စခန်းသာကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းရခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုတွေလည်းများခဲ့တယ်လို့ သပိတ်ကျင်းဒေသက လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ဖျာပုံမြို့အခြေစိုက် အမှတ်-၉၈ခြေလျင်တပ်ရင်း(ခလရ၉၈)တပ်ရင်းမှူးနှင့်မိသားစုဝင်များကို အနောက်တောင်တိုင်စစ်ဌာနချုပ် (နတခ)တိုင်းမှူး၏အမိန့်ဖြင့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ဖမ်းဆီးလိုက်သည်။

သတင်း

ကရင်နဲ့မွန်အစပ်မှာရှိတဲ့ ပိုင်ရပ်ကျေးရွာ ကို ဒီနေ (ဇွန်လ ၉ ရက်) နေ့ခင်းပိုင်း ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲ တာကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံကသိရပါတယ်။