close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီးတစ်ဦး သေဆုံး

ပစ်သတ်သည့်တပ်သား ထွက်ပြေးလွတ်မြောက်နေ

မန္တလေးမြို့ စျေးချိုနာရီစဉ်အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ − CJ

မေ-၂၆၊ ၂၀၂၅။ရှိန်း/People’s Spring

မန္တလေးမြို့၊အင်းဝဘဏ်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား အချင်းချင်းပစ်မှုဖြစ်ပြီး တပ်ကြပ်ကြီးကို သေနတ်ပစ်သတ်တဲ့ တပ်သားထွက်ပြေးလွတ်မြောက်နေလို့ စစ်ကောင်တပ်တွေလိုက်လံရှာဖွေနေပါတယ်။

မနေ့က မေလ၂၅ရက် နေ့လည်၁၂နာရီအချိန်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ဈေးချိုနာရီစင်အနီးက အင်းဝဘဏ်မှာ ာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားအချင်းချင်း မကျေမနပ်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်တာလို့ သိရပါတယ်။

“အခြားအဆင့်(တပ်ကြပ်ကြီး)ကို မကျေနပ်ပြီး တပ်သားကပစ်တာလို့ သိရတယ်။တပ်ကြပ်ကြီးကတော့ သေတယ်။ မနေ့ကသယ်လာကတည်းက အသက်မပါဘူးလို့ ပြောတယ်။တခြားအဆင့်တယောက်လည်း ဒဏ်ရာရတယ်”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ တပ်သားကို စစ်တပ်က လိုက်လံရှာဖွေနေသလို နန်းတွင်းအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကိုလည်း ညနေပိုင်းဆို အဝင်၊အထွက် တင်းကြပ်တာတွေ လုပ်လာတယ်လို့ အဲဒီအထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“အချင်းချင်းများပစ်ရင် လက်ကိုတန်းနေတာပဲ။အခု ဘာမှမဆိုင်တဲ့ကိုယ်တွေကိုပါ စည်းကမ်းလိုက်ကြပ်နေပြီ”လို့ စစ်ကောင်စီအရာရှိတစ်ဦးကလည်း ပြောပါတယ်။

မနေ့ကပစ်ခတ်မှုအပြီးမှာတော့ မန္တလေး ဈေးချိုက ဆိုင်တချို့လည်း ကြောက်လန့်ကာပိတ်သွားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ဒီကနေ့မနက်က လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် သိသာစွာ ခံစားလိုက်ရပြီး ပြည်သူတွေ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးခဲ့ရပြန်ပါတယ်။

သတင်း

မန္တ​လေးမြို့မှာ မေလ ၁၇ ရက်ည ၁၀ နာရီ ၂၅ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား အသင့်အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ချိန် မြင်ကွင်း​တွေပဲဖြစ်ပါတယ်။

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

Facebook