close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ သင်္ဘောသား အပါအဝင် ၄ ဦး ပျောက်ဆုံးနေတဲ့ ကုန်တင်သင်္ဘော မီးလောင်မှုမှာ မီးကို မထိန်းချုပ်နိုင်သေး

ပင်လယ်ပြင်မှာ မီးစွဲလောင်ပြီး မြန်မာ သင်္ဘောသား အပါအဝင် ၄ ဦး ပျောက်ဆုံးနေတဲ့ ကုန်တင်သင်္ဘောပေါ်က မီးတွေကို ငြှိမ်းသတ်ဖို့ ရုန်းကန်နေရဆဲလို့ အိန္ဒိယ ကမ်းခြေစောင့် တပ်က ပြောပါတယ်။

ICG

ပင်လယ်ပြင်မှာ မီးစွဲလောင်ပြီး မြန်မာ သင်္ဘောသား အပါအဝင် ၄ ဦး ပျောက်ဆုံးနေတဲ့ ကုန်တင်သင်္ဘောပေါ်က မီးတွေကို ငြှိမ်းသတ်ဖို့ ရုန်းကန်နေရဆဲလို့ အိန္ဒိယ ကမ်းခြေစောင့် တပ်က ပြောပါတယ်။

စင်ကာပူအလံ လွှင့်ထူထားတဲ့ MV Wan Hai 503 ရေယာဉ်ဟာ အမှုထမ်း ၂၂ ဦးနဲ့ ခုတ်မောင်းလာရင်း ဇွန်လ ၉ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ဘေးပေါမြို့ ဆိပ်ကမ်းရဲ့ ရေမိုင် ၇၈ မိုင်လောက်အကွာ ပင်လယ်ပြင်မှာ မီးစွဲလောင်ခဲ့တာပါ။ အိန္ဒိယ ကမ်းခြေစောင့်တပ်နဲ့ ရေတပ်ဟာ သင်္ဘောသား ၁၈ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် မြန်မာ ၁ ဦး၊ အင်ဒိုနီးရှား ၁ ဦးနဲ့ ထိုင်ဝမ် ၂ ဦးကတော့ ပျောက်ဆုံးနေဲပါ။

၂၈၆ မီတာ ရှည်လျားတဲ့ သင်္ဘောပေါ်မှာ ကွန်တိန်နာတွေက အပြင်းအထန် မီးစွဲလောင်နေပြီး ဇွန်လ ၁၀ ရက် ညပိုင်းထိ ထိန်းချုပ် ငြှိမ်းသတ်နိုင်စွမ်း မရှိသေးဘူးလို့ အိန္ဒိယ ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။

သင်္ဘောပေါ်မှာ အပြင်းအထန် မီးလောင်နေသလို ပေါက်ကွဲမှုတွေလည်း ဆက်တိုက် ဖြစ်နေဆဲလို့ ကမ်းခြေစောင့်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။ နောက်ပြီး သင်္ဘောကလည်း ၁၀ ကနေ ၁၅ ဒီဂရီလောက် တစ်ဖက်စောင်းစ ပြုနေပြီလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာတော့ သင်္ဘောကနေ မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို တွေ့ရပါတယ်။ စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်း အာဏာပိုင်ဌာန (MPA)က အိန္ဒိယ ရေတပ် ကယ်ဆယ်လာသူ သင်္ဘောသား ၁၈ ဦးဟာ အိန္ဒိယရဲ့ နယူးမန်ဂါလော ဆိပ်ကမ်းကို ဘေးမသီ ရန်မခ ရောက်ရှိထားပြီ ဖြစ်ကြောင်း ပြောပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ၆ ဦးက ဆေးရုံတက်ခဲ့ရပေမယ့် အခုတော့ အားလုံး ဆေးရုံကနေ ဆင်းလာခဲ့ပြီး ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူ ၄ ဦးကို ရှာဖွေကယ်ဆယ်ဖို့ မစ်ရှင်တွေ ဆက်လက် ဆောင်ရွက်နေပြီး တစ်ဖက်မှာလည်း သင်္ဘောပေါ်က မီးကို ငြှိမ်းသတ်ဖို့ နောက်ထပ် မီးသတ်ရေယာဉ်တွေ အားဖြည့်ရောက်ရှိလာနေတယ်လို့ MPAက ဆိုပါတယ်။

အိန္ဒိယ တောင်ပိုင်းကမ်းလွန် ရေပြင်မှာ သင်္ဘောတွေ ဒုက္ခရောက်ကြတာကတော့ ဒါဟာ တစ်လအတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။ မေလ ၂၄ ရက်နေ့တုန်းကလည်း လိုက်ဘေးရီးယားအလံ လွှင့်ထူထားပြီး အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘော တစ်စီးဟာ ကီရာလာ ကမ်းလွန်မှာ နစ်မြုပ်ခဲ့ပြီး အိန္ဒိယ ရေတပ်က သင်္ဘောသား ၂၄ ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ