close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရ အဖွဲ့ကနေ အီလွန်မတ်စ်ခ် အပြီးနုတ်ထွက်သွားတာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ထရမ့်ပြော

အစိုးရ အဖွဲ့ထဲက အီလွန်မတ်စ်ခ် နုတ်ထွက်သွားပေမယ့် သူဦးဆောင်တဲ့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)ကို အပြီး ကျောခိုင်းသွားတယ်လို့ မခံစားရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

Getty Images

အစိုးရ အဖွဲ့ထဲက အီလွန်မတ်စ်ခ် နုတ်ထွက်သွားပေမယ့် သူဦးဆောင်တဲ့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)ကို အပြီး ကျောခိုင်းသွားတယ်လို့ မခံစားရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

မတ်စ်ခ်ဟာ အစိုးရ အသုံးစရိတ်တွေနဲ့ ငွေယိုပေါက်တွေကို သိသိသာသာ လျှော့ချပစ်မယ်လို့ ကြွေးကြော်ပြီး ထရမ့်လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ DOGEကို အဓိက ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ သမ္မတ ခန့်အပ်တဲ့ အစိုးရ အထူးအရာရှိ ရာထူးကိုပဲ ယူထားတာကြောင့် သက်တမ်း ရက်ပေါင်း ၁၃၀ ပြည့်တဲ့ အချိန်မှာ ရာထူးက နုတ်ထွက်ခဲ့တာပါ။

မတ်စ်ခ်ဟာ အစိုးရ အသုံးစရိတ် ဒေါ်လာ ၂ ထရီလီယံလောက်ကို လျှော့ချပြမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် သူ့လက်ထက်မှာ DOGEဟာ အသုံးစရိတ် ဒေါ်လာ ၁၅၀ ဘီလီယံလောက်ကိုသာ ဖြတ်တောက်ပြနိုင်ခဲ့ပါတယ်။

မေလ ၃၀ ရက်နေ့မှာတော့ မတ်စ်ခ်က အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းမှာ သမ္မတ ထရမ့်ကို သွားရောက် တွေ့ဆုံပြီး အစိုးရ အဖွဲ့ကနေ တရားဝင် နုတ်ထွက်မှုကို အတည်ပြု တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ မတ်စ်ခ်ဟာ DOGEကို အပြီးတိုင် ကျောခိုင်းသွားမှာ မဟုတ်ဘဲ သွားလိုက်ပြန်လိုက် လုပ်နေမှာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

DOGEဟာ မတ်စ်ခ်ကိုယ်တိုင် ပြုစု ပျိုးထောင်ထားခဲ့တဲ့ ကလေးငယ် တစ်ယောက်နဲ့ တူတယ်လို့ ထရမ့်က ပြောပါတယ်။ DOGEဟာ တရားဝင် ဝန်ကြီးဌာန တစ်ခုမဟုတ်ဘဲ အစိုးရအတွက် အကြံပေး ဌာနတစ်ခုအသွင် ရပ်တည်နေတာပါ။ DOGEရဲ့ ရည်ရွယ်ချက်ဟာ အခွန်ထမ်း ပြည်သူတွေရဲ့ အခွန်ငွေတွေ အလေအလွင့် မဖြစ်စေဖို့၊ အမေရိကန်ရဲ့ ကြွေးမြီတွေကို လျှော့ချဖို့ ဖြစ်ပါတယ်။ အမေရိကန်မှာ ကြွေးမြီ ဒေါ်လာ ၃၆ ထရီလီယံလောက် ရှိနေပါတယ်။

တစ်ဖက်မှာတော့ မတ်စ်ခ်ဦးဆောင်မှုနဲ့ လည်ပတ်တဲ့ DOGEရဲ့ လုပ်ငန်းစဉ်တွေဟာ အငြင်းပွားစရာတွေ၊ ဂယက်ထမှုတွေ ရှိခဲ့ပြီး ဖက်ဒရယ် အစိုးရ အေဂျင်စီတွေကနေ ဝန်ထမ်းတွေ သောင်းနဲ့ချီပြီး အတင်းအကျပ် ဖိအားပေး ထုတ်ပယ်တာတွေ၊ ဖြစ်နိုင်ခြေ အကျိုးဆက်တွေကို မငဲ့ဘဲ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အေဂျင်စီတွေကို ပိတ်သိမ်းတာ၊ ရန်ပုံငွေ ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ခါးခါးသီးသီး ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

အထူးသဖြင့် အမေရိကန်ရဲ့ နိုင်ငံတကာ ရန်ပုံငွေ ထောက်ပံ့မှု အဓိက ဌာနဖြစ်တဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီရဲ့ ပရောဂျက် အများစုကို DOGEက ဖြတ်တောက် လျှော့ချခဲ့ခြင်းဟာ ကမ္ဘာတလွှားက လူသားချင်းစာနာမှုဆိုင်ရာ မစ်ရှင်တွေမှာ အကြီးအကျယ် ကမောက်ကမ ဖြစ်စေခဲ့ပါတယ်။

နောက်ထပ် အကျိုးဆက် တစ်ခုအဖြစ် Tesla လျှပ်စစ်ကား ကုမ္ပဏီ အပါအဝင် ထရမ့်ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေကို အမေရိကန်နဲ့ တခြားကမ္ဘာ့နိုင်ငံတွေမှာ ပစ်မှတ်ထား ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာပြီး Teslaဆိုရင် နှစ်အတော်များများအတွင်း စံချိန်တင် အရောင်းပမာဏ ကျဆင်းမှုမျိုးကို ကြုံလာရပါတယ်။

အိမ်ဖြူတော်မှာတော့ ထရမ့်က မတ်စ်ခ်ကို ချီးကျူး ပြောဆိုသွားခဲ့ပြီး မျိုးဆက်အတော်များများ ကာလအတွင်း သက်ရောက်မှုနဲ့ အတိုင်းအတာ ပမာဏ အကြီးမားဆုံး အစိုးရ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို မမောနိုင် မပန်းနိုင် လုပ်ဆောင်ပေးခဲ့သူလို့ ညွှန်းဆိုခဲ့ပါတယ်။

ပြီးတော့ မတ်စ်ခ်ဟာ DOGEကနေ တကယ် ထွက်ခွာသွားတာ မဟုတ်ကြောင်း၊ သူဟာ သွားလိုက်ပြန်လိုက်နဲ့ ကူးလူးနေမှာ ဖြစ်သလို နောက်ထပ် အလုပ်တွေ အများကြီးလည်း ဆက်လုပ်နေဦးမယ်လို့ ထင်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ထရမ့်ရဲ့ အခွန်နဲ့ အစိုးရ အသုံးစရိတ် မူကြမ်းကို မတ်စ်ခ်က ဝေဖန်ခဲ့ပြီး ရက်ပိုင်းအကြာမှာ သူနဲ့ ထရမ့်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ မူကြမ်းမှာ ဒေါ်လာ ထရီလီယံနဲ့ချီတဲ့ အခွန်လျှော့ချမှုတွေ၊ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင် သတ်မှတ်မှုတွေ ပါဝင်ပါတယ်။ မတ်စ်ခ်ကတော့ အဲဒီ မူကြမ်းဟာ DOGEက လုပ်ဆောင်ထားသမျှ အသုံးစရိတ် လျှော့ချမှုတွေကို သဲထဲရေသွန် ဖြစ်စေလိမ့်မယ်လို့ CBSနဲ့ အင်တာဗျူးမှာ ဝေဖန်ထားခဲ့တာ ဖြစ်ပါတယ်။ ဘဲဥပုံ ရုံးခန်းထဲက တွေ့ဆုံမှုမှာတော့ မတ်စ်ခ်ဟာ အဲဒီအကြောင်းကို ဘာမှ ထပ်ပြောသွားတာမျိုး မရှိခဲ့ပါဘူး။

အစိုးရ အဖွဲ့ကနေ နုတ်ထွက်တော့မယ့် အကြောင်းကို ကြေညခဲ့ချိန်တုန်းကတော့ မတ်စ်ခ်က သူမရှိတော့ပေမယ့် DOGEဟာ အမေရိကန် အစိုးရရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ရေရှည်တည်တံ့ပြီး ဆက်လက် လည်ပတ်နေနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချသူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ် ပေးထားမှုတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ပယ်ဖျက်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန် တရားရုံးချုပ်က အဆုံးအဖြတ် ပေးလိုက်ပါတယ်။

နိုင်ငံတကာ

အီလွန်မတ်စ်ခ်ဟာ အမေရိကန် အစိုးရ အဖွဲ့ထဲကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ရှိနေတဲ့ တရုတ် ကျောင်းသား အများအပြားရဲ့ ဗီဇာတွေကို အပူတပြင်း လိုက်လံ ရုပ်သိမ်းသွားမယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ရွှေလိပ်ခုံး (Golden Dome) လေကြောင်းကာကွယ်ရေး စနစ်ဟာ အရမ်း အန္တရာယ်ကြီးပြီး အာကာသ အခြေပြုတဲ့ နျူကလီးယား စစ်ပွဲတွေ လက်တွေ့ ဖြစ်နိုင်ခြေနဲ့ ပိုနီးကပ်သွားစေနိုင်ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook