close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနှင့်ဆက်ဆံ​ရေးမ​ကောင်းချိန် ၀တောင်ပိုင်း ၁၇၁ စစ်ဒေသ၌ ၀တပ်ဖွဲ့ UWSA စစ်ရေးပြ

ထိုင်းနယ်စပ်နှင့်ထိစပ်​နေ​သော ၀တောင်ပိုင်း ဟု ခေါ်ဆိုသည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်နယ်မြေ တောင်ပိုင်း (၁၇၁) စစ်ဒေသ၌ တပ်သားသစ်များ စစ်ရေးပြအခမ်းအနား ကျင်းပခဲ့သည်။

စစ်​ရေးပြအခမ်းအနားမှ UWSA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Wa News Land

​မေ-၃၀၊၂၀၂၅။ထားမြတ်/People’s Spring

ထိုင်းနယ်စပ်နှင့်ထိစပ်​နေ​သော ၀တောင်ပိုင်း ဟု ခေါ်ဆိုသည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်နယ်မြေ တောင်ပိုင်း (၁၇၁) စစ်ဒေသ၌ တပ်သားသစ်များ စစ်ရေးပြအခမ်းအနား ကျင်းပခဲ့သည်။

တပ်ဖွဲ့ သတင်းဌာနဖြစ်သည့် WSTV ၏ မေလ ၂၇ ရက် သတင်းထုတ်လွှင့်မှုကို Wa News Landက ​မေလ၃၀ရက်​​နေ့တွင် မြန်မာဘာသာဖြင့် ဖော်ပြခဲ့သည်။ယင်းနှင့်ပတ်သက်၍ UWSA ဆက်ဆံရေးရုံး တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးညီရန်းက “ ပုံမှန်လုပ်နေကျပါ” ဟု ပြောကြားသည်။

၀တပ်ဖွဲ့၏ စစ်ရေးပြ အခမ်းအနား မှတ်တမ်းဓာတ်ပုံများကိုလည်း ဖော်ပြခဲ့ရာ အင်အား ထောင်ချီပါဝင်သည့် ၀တပ်ဖွဲ့ဝင်များက စစ်ရေးပြ လှုပ်ရှားမှု မြင်ကွင်းများကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ယင်းအခမ်းအနားသို့ UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသမှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး စစ်ရေးပြမြင်ကွင်း ပုံရိပ်တွေဖြစ်တဲ့ လက်နက်အမျိုးအစားအလိုက် ထုတ်ဖော်ပြသခြင်း၊ အမျိုးသား/ အမျိုးသမီးတွေပါဝင်တဲ့ တိုက်ခိုက်ရေးဆိုင်ရာ တိုက်ကွက်ဖော်ဆောင်ခြင်း၊ သိုင်းကွက်ပြ တိုက်ခိုက်ခြင်း၊ လက်ရုံးရည် တိုးတက်ခြင်းဆိုင်ရာ ကိုယ်ခံပညာသိုင်းကွက် အမျိုးမျိုးနှင့် တိုက်ခိုက်ပြခြင်း စသည်တို့ကို ဖော်ဆောင်ပြသခဲ့ဟု Wa News Land က ဖော်ပြသည်။

ယခုနှစ် ဧပြီလဆန်းကလည်း ၁၇၁ စစ်ဒေသ ၌ စစ်သင်တန်းဆင်းပွဲ အခမ်းအနား တရပ်ကျင်းပခဲ့ဖူးသည်။

UWSA ထိန်းချုပ်နယ်မြေ တောင်ပိုင်းစစ်ဒေသသည် ထိုင်းနှင့် နယ်မြေ ဆက်စပ်လျက်ရှိပြီး နယ်စပ် စခန်းများ အရေးနှင့်ပတ်သက်ပြီး ထိုင်းနှင့် ၀တပ်ဖွဲ့အကြား တင်းမာမှုအချို့ရှိခဲ့သည်။ ၂၀၂၄ နှစ်ကုန်ပိုင်းက မြန်မာ-ထိုင်းနယ်စပ်ရှိ ၀တပ်ဖွဲ့ စခန်း ၉ ခုကို ထိုင်းဘက်က ဖယ်ခိုင်းခဲ့သည့် ဖြစ်စဉ် ရှိခဲ့ပြီး ယခု မေလတွင်လည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ၀တပ်ဖွဲ့ကို မူးယစ်ဆေးဝါးလုပ်ငန်း လုပ်ဆောင်သည်ဟု စွပ်စွဲပြီးထိုင်းနိုင်ငံ၏ ရန်သူအဖြစ် ပြောဆိုခဲ့သည်။၀တပ်ဖွဲ့ ကို မူးယစ်ဆေးဝါး မောင်ခိုမှုနှင့် ဆက်စပ်နေကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်က စွပ်စွဲပြီး အရေးယူသင့်ဟုပြောဆိုခဲ့​ကြောင်းထိုင်းသတင်းဌာနများက ​မေလ ၂၇ ရက်တွင်ထုတ်ပြန်သည်။

ထိုသို့ပြောဆိုမှုအပေါ် ဦးညီရန်းကသက်ဆင်၏ စကားများသည်အချိန်ကိုက်နိုင်ငံရေးကစားကွက်ဖြစ်ပြီးအခြေအမြစ်မရှိသည့်စွပ်စွဲချက်ဖြစ်သည်ဟုတုံ့ပြန်ခဲ့သည်။

ထိုအပြင် ဝ​ဒေသအတွင်း ​ရွှေတူး​ဖော်​ရေးလုပ်ငန်းများမှာ ဓါတုပစ္စည်းများစွန့်ပစ်မှု​ကြောင့် ထိုင်းနယ်စပ်မှ မြစ်​ချောင်းများ ​​ရေထုညစ်ညမ်းလာသည့်အ​ပေါ် ထိုင်းသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးအဖွဲ့များကလည်း ကန့်ကွက်​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ကို ထိုင်းနိုင်ငံရဲ့ ရန်သူလို့ စွပ်စွဲပြောဆိုခဲ့တဲ့စကားအတွက် UWSAဆီက အငြှိုးထားလာမှာကို ကြောက်လန့်နေမှာ မဟုတ်ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှီနာဝတ်ထ်ကပြောပါတယ်။

သတင်း

နိုင်ငံခြားသားတွေကဘဏ်အကောင့်ဖွင့်မှုနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေကို ပိုမိုတင်းကျပ်သွားမယ်လို့ ထိုင်းနိုင်ငံရဲ့ဘန်ကောက်ဘဏ်က အတည်ပြုပါတယ်။

သတင်း

အိမ်နီးချင်း မြန်မာနိုင်ငံက ဝပြည်သွေးစည်း ညီညွတ်ရေးတပ်(UWSA)ဟာမူးယစ်ဆေးဝါး မှောင်ခိုမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်ထ်ကစွပ်စွဲခဲ့ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူသင့်တယ်လို့ ပြောကြားသွားပါတယ်။

သတင်း

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။

Facebook