close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက ဒေသခံပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၀)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC

မေ ၃၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၀)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး ဒီကနေ့ ညနေပိုင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြပြည်သူတွေက “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန်အုံကြွ တော်လှန်ကြ” ခေါင်းစည်းစာသားနဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မေ-၂၈၊၂၀၂၅။ People’s Spring အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေ၊ ကြမ်းတမ်းခက်ထန်တဲ့ ပဋိပက္ခတွေအတွက် အလေးအနက် စိုးရိမ်ကြောင်း ကြေညာခဲ့ပေမယ့် အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာတဲ့ထိ လူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေတဲ့...

ဘာသာပြန်ဆောင်းပါး

မြန်မာနိုင်ငံဟာသမိုင်းကြောင်းရဲ့အရေးကြီးတဲ့လမ်းဆုံလမ်းခွတစ်နေရာကိုရောက်နေပြီး နိုင်ငံမြောက်ဘက်ကအိမ်နီးချင်းနိုင်ငံနဲ့ ဆင်တူတဲ့ ပြောင်းလဲမှုခရီးစဉ်ဆီ ဦးတည်လာနိုင်ခြေတွေ ရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၄)မှာ စစ်ကောင်စီကို ILO ရဲ့ပုဒ်မ(၃၃)အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၉)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook