close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွှေ့ပြောင်းအခြေချသူတွေအတွက် အကာအကွယ်တွေကို ထရမ့်ပယ်ဖျက်ခွင့် ရှိတယ်လို့ အမေရိကန် တရားရုံးချုပ် ဆုံးဖြတ်

ရွှေ့ပြောင်း အခြေချသူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ် ပေးထားမှုတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ပယ်ဖျက်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန် တရားရုံးချုပ်က အဆုံးအဖြတ် ပေးလိုက်ပါတယ်။

AFP

ရွှေ့ပြောင်း အခြေချသူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ် ပေးထားမှုတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ပယ်ဖျက်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန် တရားရုံးချုပ်က အဆုံးအဖြတ် ပေးလိုက်ပါတယ်။

သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလား နိုင်ငံတွေရဲ့ ရွှေ့ပြောင်းအခြေချသူ ၅၀၀၀၀၀ လောက်ကို ဥပဒေကြောင်းအရ အကာအကွယ် ပေးထားပေမယ့်လည်း မေလ ၃၀ ရက်နေ့ စီရင်ချက်မှာတော့ လက်ရှိ အစိုးရကသာ ဆန္ဒရှိရင် အဲဒီ သတ်မှတ်ချက်ကို ရုပ်သိမ်းပိုင်ခွင့်ရှိကြောင်း လမ်းဖွင့်ပေးထားပါတယ်။

တစ်ဖက်မှာတော့ ရွှေ့ပြောင်း အခြေချသူတွေကို နယ်နှင်ဖို့ ပြင်ဆင်နေတဲ့ အစိုးရရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ တုံ့ပြန်စိန်ခေါ်ဖို့ အားထုတ်မှုတွေလည်း ရှိနေဆဲပါ။

တရားရုံးချုပ် စီရင်ချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက အခုအခါ ပြည်ပကနေ ကျူးကျော်ခိုဝင်လာသူတွေကို ထိထိရောက်ရောက် ဖယ်ရှား နှင်ထုတ်နိုင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို အမေရိကန်ကနေ နှင်ထုတ်မယ် ဆိုတာဟာ သမ္မတ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို မဟာဗျူဟာ မဲဆွယ်ကတိတစ်ခု ဖြစ်ခဲ့ပါတယ်။ ထရမ့် သမ္မတ ဖြစ်လာပြီးတဲ့နောက် တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို နယ်နှင်တဲ့ကိစ္စ ဖိဖိစီးစီး အစပြုဖို့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပေမယ့် ဖက်ဒရယ် တရားသူကြီး တစ်ဦးက ကြားဝင် ဟန့်တားထားခဲ့တာပါ။ အခုတော့ တရားရုံးချုပ်ဟာ အစိုးရဖက်က ရပ်တည်ပေးလိုက်တာ ဖြစ်ပါတယ်။

တရားသူကြီး တစ်ဦးဖြစ်တဲ့ ကီတန်ဂျီက တရားရုံးချုပ် ဆုံးဖြတ်ချက်ကို အပြင်းအထန် ဝေဖန်ခဲ့ပြီး ကိုင်တွယ် ဆောင်ရွက်နေတဲ့ ကိစ္စရဲ့ အနှစ်သာရကို တရားရုံးချုပ် ကိုယ်တိုင်က ဖျက်ဆီးခဲ့တာလို့ စွပ်စွဲသွားပါတယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မူလက ဖက်ဒရယ် တရားသူကြီး သတ်မှတ်ထားတဲ့ နယ်နှင်မှု ပိတ်ပင်အမိန့်ကို ပယ်ဖျက်ပေးလိုက်တာ ဖြစ်တာကြောင့် ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနဟာ ဆိုင်းငံ့ခံထားရတဲ့ နယ်နှင်ရေး အစီအမံတွေကို ပြန်လည် အရှိန်မြှင့်လာနိုင်ခြေ ရှိနေပါတယ်။

တရားရုံးချုပ် အမိန့်ကြောင့် ထရမ့်ရဲ့ အစိုးရဟာ ဗင်နီဇွဲလား နိုင်ငံသား ၃၅၀၀၀၀ လောက်ကို ယာယီ အကာအကွယ် သတ်မှတ်ပေးထားတဲ့ အခြေအနေကနေ ရုပ်သိမ်းလို့လည်း ရလာမှာပါ။

အခုကိစ္စနဲ့ ပတ်သက်ပြီး တရားရေးအရ ငြင်းခုံမှု၊ အားပြိုင်မှုတွေ မပြီးပြတ်သေးပေမယ့် အမေရိကန်ရောက် ရွှေ့ပြောင်းလုပ်သား သန်းဝက်လောက်ကတော့ တရားရုံးချုပ် အမိန့်အပြီးမှာ အနာဂတ်အတွက် ထိတ်လန့် စိုးရိမ်နေကြရပြီ ဖြစ်ပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစိုးရ အဖွဲ့ထဲက အီလွန်မတ်စ်ခ် နုတ်ထွက်သွားပေမယ့် သူဦးဆောင်တဲ့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)ကို အပြီး ကျောခိုင်းသွားတယ်လို့ မခံစားရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောင်းလဲ သတ်မှတ်ထားတဲ့ သွင်းကုန်အခွန် စည်းကြပ်မှု အသစ်တွေကို အမေရိကန် အစိုးရ အနေနဲ့ လောလောဆယ် ကျင့်သုံးခွင့် ရှိတယ်လို့ အယူခံရုံးက အဆုံးအဖြတ် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန် အစိုးရဆီက နောက်ဆုံး အဆိုပြုလာမှုကို ပယ်ချမှာ ဖြစ်တယ်လို့ ဟားမားစ် ပြောက်ကျားတွေက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းသားဗီဇာ လက်ခံဖို့ အင်တာဗျူးနေတဲ့ အစီအစဉ်တွေကို အမေရိကန် သံရုံးအားလုံး ဆိုင်းငံ့ထားကြဖို့ အစိုးရက ညွှန်ကြားလိုက်ပါတယ်။

Facebook