close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ဇာတ်တူသားလည်း စားတဲ့စစ်​ကောင်စီ

မိတ္ထီလာဟာ စစ်တပ်က ခိုင်းနှိုင်းဖူးတဲ့ အစိမ်းရောင်လွင်ပြင်ဆိုတဲ့အတိုင်း စိမ်းသရဖူစိမ်းသူတို့ရဲ့ ဘူမိနက်သန်ဒေသပါ။ အာဏာသိမ်းစစ်တပ်ကလည်း အမာခံသူတို့ရဲ့နယ်​မြေလို့ အပိုင်တွက်ထားသလို ၊စစ်တပ် ထောက်ခံသူတွေလည်း အများအပြားရှိတယ်။ အာဏာရှင်စနစ် ဆန့်ကျင်သူတွေဟာ မိတ္ထီလာမှာအတော်လေးရုန်းကန်ရတယ်။ မကြာခဏလည်း ဖမ်းဆီးခံရတယ်။

မိတ္ထီလာမှပျူ​စောထီး​​ဇော်ယုထွန်း နဲ့ ရန်ဖြတ်ခဲ့တဲ့ ဗိုလ်မှူးဆိုသူစစ်​ကောင်စီအရာရှိ။ဓါတ်ပုံ-​ဇော်ယုထွန်း FB ၊စစ်​ကောင်စီ​လော်ဘီ

ဇေအောင်/People’s Spring

မိတ္ထီလာဟာ စစ်တပ်က ခိုင်းနှိုင်းဖူးတဲ့ အစိမ်းရောင်လွင်ပြင်ဆိုတဲ့အတိုင်း စိမ်းသရဖူစိမ်းသူတို့ရဲ့ ဘူမိနက်သန်ဒေသပါ။ အာဏာသိမ်းစစ်တပ်ကလည်း အမာခံသူတို့ရဲ့နယ်​မြေလို့ အပိုင်တွက်ထားသလို ၊စစ်တပ် ထောက်ခံသူတွေလည်း အများအပြားရှိတယ်။ အာဏာရှင်စနစ် ဆန့်ကျင်သူတွေဟာ မိတ္ထီလာမှာအတော်လေးရုန်းကန်ရတယ်။ မကြာခဏလည်း ဖမ်းဆီးခံရတယ်။

အာဏာသိမ်းစစ်တပ်အတွက် ထောက်တိုင်တခုဖြစ်တဲ့ ပြည်သူ့စစ်ခေါ်တဲ့ ပျူစောထီးတွေကလည်း အင်မတန် အားကောင်းလှပါတယ်။ မိတ္ထီလာက ပြည်သူ့စစ်ခေါ် ပျူစောထီးတွေအကြောင်း ပြောကြပြီဆိုရင် ပျူခေါင်းဆောင် ဇော်ယုထွန်းကို ချန်ထားလို့မရဘူး။

ဇော်ယုထွန်းဟာ မိတ္ထီလာက နာမည်ကျော် ပျူခေါင်းဆောင်တစ်ယောက်ပါ။ ဇော်ယုထွန်းဟာ စစ်တပ်မှာ တပ်သား ၊ ဒုတပ်ကြပ်၊ တပ်ကြပ် ၊ တပ်ကြပ်ကြီး ၊ အုပ်ခွဲတပ်ကြပ်ကြီး စတဲ့ရာထူးတွေနဲ့ ၁၃ နှစ်နီးပါး ဖြတ်သန်းခဲ့ဖူးတယ်လို့ သိရတယ်။ ဆေးကျပြီး ထွက်လာရတဲ့ ဇော်ယုထွန်းဟာ စစ်တပ်ကို အင်မတန်ချစ်သူလို့ မိတ္ထီလာမြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် အာဏာမသိမ်းခင်ကလည်း စစ်တပ်အတွက် လော်ဘီလုပ်ပေးခဲ့တယ်။ မဘသအဖွဲ့မှာလည်း ပါဝင်ခဲ့ပြီး မဘသပွဲတွေ၊ စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်လုပ်၊ ကိုယ်တိုင်ဟောပြောခဲ့သူလို့ မြို့ခံတွေက ပြောတယ်။

မိတ္ထီလာမှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းဖို့ မဘသဘုန်းကြီးတွေနဲ့ပေါင်းပြီး စစ်တပ်ထဲဝင်ထွက်ရင်းနဲ့ အဖွဲ့လည်းဖွဲ့ခွင့်ရတော့ ဇော်ယုထွန်းဟာ ခေါင်းဆောင်ပိုင်း နေရာ ရခဲ့တယ်လို့ မြို့ခံတွေက ပြောတယ်။

“ထီလာမှာ”ပသစ”ဖွဲ့စည်းနိုင်ရန်အတွက်စာရေးသူထံသို့ တက်ကြွစွာ လာရောက်လျှောက်ထားခဲ့သူ၊ စာရေးသူကိုယ်တိုင် တိုင်း”ပသစ”ဌာနေရုံးအထိလိုက်ပါဆောင်ရွက် ပြုလုပ်ပေးခဲ့ခြင်းဖြင့် ထီလာ”ပသစ”အဖွဲ့ကြီးကိုဖွဲ့စည်းတည်ထောင်နိုင်ခဲ့သူ၊”လို့ မိတ္ထီလာက မဘသ အတွင်းရေးမှူးဟောင်း ဘုန်းကြီးတပါးက ဆိုပါတယ်။

အဲဒီလို စစ်တပ်အတွက် တက်တက်ကြွကြွလုပ်ခဲ့တဲ့ ဇော်ယုထွန်းကို ပြီးခဲ့တဲ့ မေလ (၁၅)ရက်နေ့က စစ်တပ်ကပဲ လာဖမ်းသွားပါတော့တယ်။ မြို့ခံတွေ နားမလည်ကြတော့ဘူး။ ဘယ်လိုဖြစ်တာလဲပေါ့။

စစ်တပ်က ဇော်ယုထွန်းကို ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးစေတာတွေ Facebook လူမှုကွန်ရက်ကနေ ရေးသား လှုံ့ဆော် ဝါဒဖြန့်နေလို့ ရဲစခန်းမှာ အရေးယူထားတယ်လို့ စစ်​ကောင်စီကဝါဒဖြန့်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၁၃)ရက်နေ့က သူတင်ခဲ့တဲ့ Post တခုနဲ့စွဲတာလို့ သူနဲ့ရင်းနှီးသူတွေက ဆိုပါတယ်။ သူတင်ခဲ့တာကတော့ စစ်မှုထမ်းကိစ္စမှာ စစ်ကောင်

စီလက်အောက်ခံ အဖွဲ့အစည်းတွေက ငွေယူတာတွေနဲ့ပတ်သက်ပြီး ရေးခဲ့တာပါ။ ဒါပေမဲ့ အဲဒီ Post ဟာ တရားစွဲတင် ဖမ်းဆီးလို့ရအောင် တမင်စွဲဆိုခဲ့တာသာဖြစ်ပြီး ဖမ်းဆီးရတဲ့တကယ့်အကြောင်းအရင်းကို ဇော်ယုထွန်းထောက်ခံသူတွေက ထုတ်ပြကြပါတယ်။

အဲဒါကတော့ ဇော်ယုထွန်းတို့ ပျူစောထီးအဖွဲ့တွေ တာဝန်ကျတဲ့ မိတ္ထီလာတိုးဂိတ်မှာပြဿနာကစတာပါ။ တိုးဂိတ်မှာ ကားတွေကို ဇော်ယုထွန်းတို့က မှန်ချခိုင်းပါတယ်။ အဲဒီမှာ AD Van နဲ့လာတဲ့ ကားတစ်စီးက မှန်မချလို့ ဇော်ယုထွန်းတို့က မှန်ချခိုင်းတယ်။ ကားပေါ်ကလည်း သူကဗိုလ်မှူးတဲ့ မှန်မချဘူးပြောတယ်။ အဲဒီမှာ ပြဿနာတက်ကြတာပါ။

ဇော်ယုထွန်းတို့အဖွဲ့တွေ ဖြန့်နေတဲ့ ရုပ်သံအရ ကားပေါ်ပါလာတာမလှိုင်မြို့နယ်၊စစ်ကောင်စီရဲ့ မြို့နယ်စီမံအဖွဲ့က ဗိုလ်မှူးဝေဖြိုးလို့ သိရတယ်။

သေနတ်ခါးကြားချိတ်ထားတဲ့ ဗိုလ်မှူးဆိုတဲ့လူက သူ့ကားကို ပြည်သူ့စစစ်က မှန်ချခိုင်းလို့ဒေါသတွေထွက်နေပြီး မကြာခဏလည်းဆဲဆိုတယ်။ ဇော်ယုထွန်းကိုလည်း လက်ညှိုးတထိုးထိုးနဲ့ “မင်းဘာကောင်လဲ” ဆိုပြီး ​ပြောတယ်။ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ အခိုးထွက်မတက်ကြည့်နေတယ်။

“မလှိုင်တနယ်လုံး အုပ်ချုပ်နေတာ”ဆိုပြီးလည်း ဗိုလ်မှူးက ပြောတယ်။ “မင်းတာဝန်ရှိတာ ဒီဂိတ်လေးတဂိတ်ပဲရှိတယ်။”လို့ ဗိုလ်မှူးက ပြောတော့ ​ဇော်ယုထွန်းက”မိတ္ထီလာတမြို့လုံးတာဝန်ရှိတယ်”လို့ ပြန်ပြောတယ်။ ဗိုလ်မှူးဆိုသူက ခါးကြားက သေနတ်နေရာကိုလည်း မကြာခဏ ကိုင်တယ်။ ဗိုလ်မှူးက သေနတ်ကို စားပွဲပေါ်ဆောင့်ချရင်း “လာလာချည်သေး။ပြည်သူ့စစ်က ဒီလိုလုပ်တာ။”လို့ မခံမရပ်မရပ်နိုင်ပြောတယ်။

ပြီးတော့ သေနတ်နဲ့ပါ ဇော်ယုထွန်းကို ကောက်ချိန်လိုက်ပါသေးတယ်။ ဘေးနားက လူတွေကိုကြည့်ပြီး “မဆိုင်တဲ့ကောင် ဘယ်​ကောင်မှ ငါ့နားမကပ်နဲ့နော်။ ခွဲချပစ်လိုက်မယ်။(လက်ပစ်ဗုံးကိုဆိုလို) စောက်ရူး။ အင်ဗားဗစ်ကွ”လို့ ပြောတယ်။

“မင်းတို့ကောင်တွေ ကြည့်ကြည့်နေတာ။ စောက်ပါးက လာလာဝတယ်။ မအေ…တွေ။” လို့ ထပ်ပြောတယ်။ ဇော်ယုထွန်းက အကုန်လုံးကို ပြောတာဖြစ်ကြောင်း ရှင်းပြတော့ ဗုံးခွဲချလိုက်မယ်လို့ ထပ်ခြိမ်းခြောက်ပြန်ပါတယ်။

​ဇော်ယုထွန်းကလည်း ပျူ​စောထီးဆို​ပေမယ့်မ​ခေပါဘူး ။တာဝန် အဆိုတဲ့စကားကို မန္တာန်ရွတ်သလို​ပြောပြီး ဗိုလ်ကြီးဆိုသူကို ပြန်​အော်ပါတယ်။ ခင်ဗျားလည်း ပညာတက် ၊ကျွန်​တော်လည်းပညာတက်လို့ဆိုပါ​သေးတယ် ။နောက်တော့ ဇော်ယုထွန်းက သူ့အဘဆိုတဲ့ဆီအကြောင်းစုံ ရှင်းပြပြီးတော့ ရိုက်နေတဲ့ဖုန်းကို ဗိုလ်မှူးဆိုတဲ့လူက ပိတ်ခိုင်းလိုက်ပါတော့တယ်။

အဲဒီဖြစ်စဥ်ဗီဒီယိုကို ကြည်ပြီး ပြည်သူတစ်ဦးက​တော့ ဂိတ်ကပျူ​တွေက ပြည်သူဆိုရင် ​နေရာမှာတင်ပစ်သတ်မယ်ထင်တယ်လို့မှတ်ချက်ပြုပါတယ်။

အဲဒီဖြစ်စဥ်ဟာ ဘယ်တုန်းက ဖြစ်ပွားခဲ့တယ်ဆိုတာ မသိရပေမဲ့ ဇော်ယုထွန်းရဲ့ Zaw Yu Htun facebook အကောင့်ကနေ အဲဒီရုပ်သံထဲက အကြောင်းအရာတချို့ကို မတ်လ ၃၀ ရက်နေ့က တင်ခဲ့ဖူးတာ တွေ့ရပါတယ်။

မေလ (၁၅)ရက်နေ့မှာတော့ ဇော်ယုထွန်းကို သူတာဝန်ကျတဲ့ မိတ္ထီလာတိုးဂိတ်မှာပဲ စစ်တပ်က လာဖမ်းသွားပါတော့တယ်။

ဇော်ယုထွန်း ဖမ်းဆီးခံလိုက်ရတော့ မိတ္ထီလာနယ်က ပြည်သူ့စစ်တွေ၊ မဘသတွေ မခံမရပ်နိုင် ဖြစ်ကြတယ်။ ဝီစတန်းဝစ် ဇော်ယုထွန်းတွေ ဖြစ်ကုန်တယ်။

ဇော်ယုထွန်းဟာ မိတ္ထီလာမှာ ပြည်သူ့စစ်​ခေါ် ပျူ​စောထီး ဖွဲဖို့တက်ကြွခဲ့သူဖြစ်တာကြောင့် ပသစဖွဲ့ဖို့ သူကိုယ်တိုင် ပသစဌာနေရုံးအထိ လိုက်ပို့ပေးခဲ့ရတယ်လို့ မဘသအတွင်းရေးမှူးဘုန်းကြီးက ရေးသားပါတယ်။

ဇော်ယုထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မိတ္ထီလာနယ်အတွင်းမှာ PDF တွေကို စစ်တပ်နဲ့ပေါင်းပြီး ၁၅ ဦးထက်မနည်း ကိုယ်တိုင်လိုက်ပါ ဖမ်းဆီးပေးခဲ့သူလို့မဘသဘုန်းကြီးကဆိုပါတယ်။

ဇော်ယုထွန်းဟာ ပသစအဖွဲ့ကြီးမှာ ခေါင်းပေါင်းအနေနဲ့ အလုပ်တကယ်လုပ်ခဲ့သူဖြစ်ပြီး ဇော်ယုထွန်းကို ဖမ်းဆီးလိုက်တာဟာ မိတ္ထီလာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းပုံပျက်ပြယ်ပြီး စစ်တပ်အတွက် အင်အားတရပ် လျော့နည်းသွားမယ်လို့ မဘသဘုန်းကြီးကဆိုပြန်ပါတယ်။

အခုလို ဇာတ်တူသားစားပြီး ဇော်ယုထွန်းကို ဖမ်းဆီးလိုက်သူတွေကို ဗန်းမော်တို့ ရခိုင်တို့ပို့သင့်တယ်လို့ မဘသဘုန်းကြီးကရေးသားပါတယ်။

“အရပ်သားဖြစ်သွားပေမယ့်တစ်ခါဆိုခဲ့ဖူးတဲ့ သစ္စာတရားက သေသည့်တိုင်အောင် ကိုယ်နဲ့အတူပါသွားမယ့်အရာပါ၊”လို့ ဖမ်းဆီးခံရတဲ့ ဇော်ယုထွန်းက အဖမ်းမခံရမီက သူ့ဖေ့ဘွတ်ခ် လူမှုကွန်ရက်ကနေဆိုပါတယ်။တကယ်​တော့ အာဏာလုစစ်တပ်ရမ်းကားတဲ့​ခေတ်မှာစစ်တပ်ကိုချစ်ဟန်ပြ စစ်တပ်ကိုကပ်ပြီး ပြည်သူ​တွေကို အာဏာ၊ပါဝါ​တွေပြ ဖိနှိပ် ခဲ့သူ​တွေထဲကတဦးဖြစ်ပါတယ်။

“တစ်ကယ်တော့၂ ကောင်လုံး ကဘယ်ပြည်သူကိုမှကောင်းကျိုးမပေးဘူး ဘယ်နိုင်ငံမှာမှမရှိတဲ့စည်းကမ်းထုတ်ပြည်သူကိုနှိပ်ကွပ်နေကြတာ”လို့ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။

အခုတော့ သူချစ်တဲ့စစ်တပ်ကပဲ သူ့ကို ပြန်ဖမ်းသွားပါပြီ။ စစ်မှုထမ်းခေါ်လို့ ထွက်ပြေးကြရသူတွေ၊ နိုင်ငံရေးလုပ်လို့ ပြေးကြရသူတွေကို မိတ္ထီလာအထွက်တိုးဂိတ်မှာ သူဖမ်းခဲ့သလိုပဲ သူ့ကိုလည်း အဲဒီတိုးဂိတ်မှာပဲ စစ်တပ်က ပြန်ဖမ်းသွားခဲ့တာပါ။

“သူဝဋ်လည်တာ။ သူများတွေကို ဖမ်းခဲ့လို့ သူပြန်အဖမ်းခံရတာ။”လို့ မိတ္ထီလာဒေသခံတဦးက ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မေလ ၁၈ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၈)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

Facebook