close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံရေး ပါတီအားလုံး ဖျက်သိမ်းဖို့ အာဏာသိမ်း မာလီ စစ်အစိုးရ အမိန့်ထုတ်

အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအပေါ် ဖိနှိပ်ချိုးနှိမ်နေတဲ့ နောက်ထပ် ခြေလှမ်း တစ်ခုအဖြစ် မာလီ အာဏာသိမ်း စစ်အစိုးရဟာ နိုင်ငံရေး ပါတီအားလုံးကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

AFP

အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအပေါ် ဖိနှိပ်ချိုးနှိမ်နေတဲ့ နောက်ထပ် ခြေလှမ်း တစ်ခုအဖြစ် မာလီ အာဏာသိမ်း စစ်အစိုးရဟာ နိုင်ငံရေး ပါတီအားလုံးကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

မာလီရဲ့ အချုပ်အခြာ အာဏာ ပိုင်နက်ထဲမှာ ရှိနေသမျှ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဖျက်သိမ်းပစ်ရမယ်လို့ စစ်အစိုးရက သမ္မတအမိန့် တစ်ရပ်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ တဆင့် ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ မာလီစစ်တပ် အကြီးအကဲ အဆီမီ ဂွိုင်တာ အနေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုတဲ့ ကတိကို ဖောက်ဖျက်ပြီး နောက်ထပ် အနည်းဆုံး ၅ နှစ် အာဏာဆက်ပြီး ထိန်းချုပ်ထားမယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် တောင်းဆိုနေတဲ့ နိုင်ငံရေး ပါတီတွေကတော့ အခုအမိန့်ကို သေချာပေါက် ဆန့်ကျင်ကြဖွယ် ရှိပါတယ်။ အာဏာသိမ်း မာလီစစ်တပ်ဟာ ပြီးခဲ့တဲ့ နှစ်ကစလို့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ပစ်မှတ်ထား ဖိနှိပ် ဖြိုခွင်းတာတွေကို ထင်သာမြင်သာ အရှိန်မြှင့်တင်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဒီမိုကရေစီရေး ဆန္ဒပြပွဲ တစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် ရဲအရာရှိတွေက ပြောတဲ့ လက်နက်ကိုင်တွေက အတိုက်အခံ ခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။ စစ်တပ် အာဏာပိုင်တွေကတော့ အဲဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ပြီးခဲ့တဲ့လက စစ်တပ်က ဦးဆောင်ကျင်းပပြီး ဒီမိုကရေစီ အင်အားစုတွေက ဆန့်ကျင်တဲ့ အမျိုးသား ညီလာခံမှာတော့ လက်ရှိ စစ်ခေါင်းဆောင် ဂွိုင်တာကို ၂၀၃၀ ထိ သမ္မတရာထူး အပ်နှင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကိစ္စကို နိုင်ငံရေး ပါတီတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

မာလီ စစ်တပ်ဟာ မူလတုန်းက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပပေးပါ့မယ်လို့ ကြေညာထားပေမယ့် လက်တွေ့မှာ ကတိမတည်တဲ့အပြင် နိုင်ငံရေး ပါတီတွေကိုပါ ဖျက်သိမ်းလာစေတာ ဖြစ်ပါတယ်။

အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ မာလီဟာ ၂ နှစ်ဆက်တိုက် စစ်အာဏာသိမ်းမှုတွေကို ကြုံခဲ့ရတာပါ။ ၂၀၂၀ ပြည့်နှစ် စစ်အာဏာသိမ်းမှု အပြီးမှာ စစ်တပ် အရာရှိ တစ်ဦးဖြစ်တဲ့ ဘားဟ်အန်ဒေါ်ကို ယာယီ သမ္မတအဖြစ် ကြေညာပြီး ဂွိုင်တာက ဒုတိယ သမ္မတ ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ မှာတော့ ဂွိုင်တာက အန်ဒေါ်ကို ဖြုတ်ချပြီး ထပ်ဆင့် အာဏာသိမ်းခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ အစိုးရကို ပြုတ်ကျစေခဲ့တဲ့ လူထု အုံကြွမှုကို အဓိက ဦးဆောင်ခဲ့သူ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေဟာ နိုင်ငံရေး ပါတီသစ် တစ်ခုကို ထူထောင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မြို့တော် အမ်ဘာဘိန်မှာ မဲရုံတွေ စတင် ဖွင့်လှစ်ခဲ့ပြီး အခြေအနေတွေက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာမှာဖော်ပြချက်အရ နေပြည်တော် မှာရှိတဲ့ ကြံခိုင်ရေးဌာနချုပ် ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး သွားရောက်စစ်ဆေးပြီး မှတ်ပုံတင်ခွင့်ပြုတာလို့သိရပါတယ်။

သတင်း

အာဏာရှင်အဖွဲ့အစည်း၏ ပြစ်ချက်များစွာပြည့်နှက်နေသည့် ရွေးကောက်ပွဲသည် ကျင်းပဖြစ်ခဲ့မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြုလိမ့်မည် မဟုတ်ကြောင်း ယခုလုပ်ရပ်က ထပ်လောင်းဖော်ပြကြောင်း ဝန်ကြီးဘလင်ကန်က ထုတ်ပြန်သည်။

Facebook