close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ် တိုက်နယ်(၁)ရှိ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ၍ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ်(၁)အတွင်းရှိ ကျေးရွာတစ်ရွာ၏ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

မေလ ၇ရက်က မင်းတပ်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - မင်းတပ် ပအဖ

မေ ၁၅၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ်(၁)အတွင်းရှိ ကျေးရွာတစ်ရွာ၏ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

ယနေ့ (မေလ ၁၅ရက်) နံနက် ၉နာရီ ၄၀မိနစ်ခန့်တွင် စစ်ကောင်စီက စာသင်ကျောင်းကို ပစ်မှတ်ထား ဗုံးကြဲလာခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံက ပြောသည်။

” ၆တန်းအရွယ် ကလေးငယ်သေ၊ အသက် ၃၀ကျော် အမျိုးသမီးမိခင်တယောက်သေ။ အိမ်တွေ ပျက်တာ ၁၀လုံးကျော်။ တချို့အိမ်တွေ မီးလောင်ပြာကျ။ ထိခိုက်သူ ၁၀ယောက်ကျော်”ဟု ဒေသသတင်းရင်းမြစ်က မင်းတပ်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း စာသင်းကျောင်းများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

မေလ ၁၂ရက်က ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ဆရာမ ၂ဦး၊ ကျောင်းသား ကျောင်းသူ ၂၂ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ မေလ ၁၄ရက် ညကလည်း ဂန့်ဂေါမြို့နယ်၊ လာပို့ရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။

” ခုရက်ပိုင်း ပြည်သူတွေ လူစုလူဝေး သိပ်မလုပ်ကြဖို့ ။ ခုရက်ပိုင်း ကျောင်းတွေကို အဓိက ပစ်မှတ်ထားနေတော့ ပိုဂရုစိုက်ကြဖို့ပါ”ဟု မင်းတပ်ဒေသခံက စစ်ကောင်စီ၏ လေကြောင်းရန် ဂရုပြုရန် ပြည်သူများကို သတိပေးသည်။

စစ်ကောင်စီက စာသင်ကျောင်းများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ မြို့နယ်အချို့၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ မြေပြင်ကျောင်းများကို ယာယီပိတ်ခြင်းပြုလုပ်ခဲ့ကြသည်။

မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က မေလ ၁၂ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာကို စစ်ကောင်စီက ရက်စက်စွာလေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုအပေါ် ယာယီရှောင်ရှားနိုင်ရန် မြို့နယ် ပညာရေးဘုတ်အဖွဲ့၏ မြေပြင်ကျောင်းအားလုံး ယာယီပိတ်ပေးရန် အသိပေး ကြေညာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီ၏ စာသင်ကျောင်းများ ပစ်မှတ်ထား တိုက်ခိုက်နေမှုအပေါ် မေလ ၁၂ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကို ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများ ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသော ကျောင်းများပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးပေးရန် တာဝန်ရှိကြောင်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြို့သိမ်းတိုက်ပွဲနောက်ပိုင်း မင်းတပ်မြို့တွင်း၌ မိုင်းအလုံး‌‌ ရေ၂၀၀၀ထက်မနည်း ရှင်းလင်းပြီဖြစ်သော်လည်း မိုင်းအများအပြားကျန်ရှိနေသေး၍ သတိပြုကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်လည်။

သတင်း

စစ်​ကောင်စီက သင်္ကြန်အကြို​နေ့ ည​နေပိုင်းတွင်ချင်းပြည်နယ် ၊မင်းတပ်မြို့ရှိ ၊မြို့မနှစ်ခြင်း ဘုရားကျောင်းကိုတိုက်​လေယာဥ်ဖြင့်ဗုံးကြဲခဲ့သည်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက ဧပြီ ၉ရက်ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၆ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ကခွေးလေးခွေးလွင့်​တွေနဲ့ အိမ်မွေးခွေး၊ကြောင်​တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့် ကုသရေးဌာနက ကာကွယ်ဆေးအခမဲ့ လိုက်လံထိုးပေး​နေပါတယ်။

Facebook