close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုမှာ TikTok influencerတစ်ဦး livestream လွှင့်နေတုန်း ပစ်သတ်ခံရပြီး သေဆုံး

မက္ကဆီကို နိုင်ငံမှာ လူသိများတဲ့ TikTok influencer တစ်ဦးဟာ livestream ထုတ်လွှင့်နေချိန်မှာပဲ သေနတ်သမား တစ်ဦး ပစ်ခတ်လို့ သေဆုံးသွားခဲ့ပါတယ်။

မက္ကဆီကို နိုင်ငံမှာ လူသိများတဲ့ TikTok influencer တစ်ဦးဟာ livestream ထုတ်လွှင့်နေချိန်မှာပဲ သေနတ်သမား တစ်ဦး ပစ်ခတ်လို့ သေဆုံးသွားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဗယ်လာရီရာ မားကွက်ဇ်ဟာ ဂွာဒါလာဂျာရာမြို့မှာ အလှပြင်ဆိုင် ဖွင့်ထားပြီး လူမှုကွန်ရက် မီဒီယာ TikTokမှာ အလှအပရေးရာ အကြံပေးမှုတွေနဲ့ လူသိများတဲ့ influencer အမျိုးသမီး တစ်ဦးပါ။

မေလ ၁၃ ရက်နေ့တုန်းက သူဟာ အလှပြင်ဆိုင်ထဲကနေ livestreamလွှင့်နေတဲ့ အချိန်မှာ အမျိုးသား တစ်ဦးက ကျူးကျော် ဝင်ရောက်လာပြီး ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။ သူက ပရိသတ်တွေကို TikTokကနေ စကားပြောနေတဲ့အချိန် ဆိုင်ရှေ့ကို လူတစ်ယောက်က ပါဆယ် လာပို့ခဲ့ပါတယ်။ မားကွက်ဇ်က အဲဒါဟာ ချစ်စရာ ကောင်းတဲ့ ဝက်ရုပ်ကလေး ဖြစ်တယ်လို့ ပရိသတ်တွေကို ပြောနေခဲ့ပြီး သိပ်မကြာခင်မှာပဲ သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတာပါ။

သူဟာ ပစ်ခတ်ခံရတဲ့ အချိန်မှာ တွန့်လိမ်ထွက်သွားခဲ့ပြီး သိပ်မကြာခင်မှာတော့ သူ့ရှေ့က ခုံမှာ သွေးကွက်တစ်ခု ရှိနေတာကို ဗီဒီယိုထဲမှာ တွေ့ခဲ့ရပါတယ်။ Livestream ဗီဒီယိုဟာ ဆက်လွှင့်လျက်သား ဖြစ်နေရာက လူတစ်ဦးက ဖုန်းကိုယူပြီး ပိတ်လိုက်တော့မှ အဆုံးသတ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂွာဒါလာဂျာရာမြို့ တည်ရှိရာ ဂျယ်လစ္စကို ပြည်နယ်ရဲ့ ရှေ့နေချုပ် ရုံးကတော့ အမှုကို စုံစမ်းစစ်ဆေးမှုတွေ အပူတပြင်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ မားကွက်ဇ်ကို ဘာကြောင့် ပစ်သတ်ရသလဲဆိုတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် အမျိုးသမီးတွေကို ဖိနှိပ်လိုစိတ်နဲ့ တိုက်ခိုက်တဲ့ femicide သဘောထားမျိုး ပါဝင်နေတယ်လို့ ကနဦး ယူဆထားကြောင်း စုံထောက်တွေက ပြောပါတယ်။

မက္ကဆီကို နိုင်ငံမှာတော့ လိင်ခွဲခြား နှိမ့်ချမှုကို အခြေပြုတဲ့ အကြမ်းဖက် လုပ်ရပ်တွေက နေရာအနှံ့အပြားမှာ ရှိနေဆဲပါ။ ကုလသမဂ္ဂရဲ့ အဆိုအရ မက္ကဆီကိုမှာ မိန်းကလေး၊ ဒါမှမဟုတ် အမျိုးသမီး ၁၀ ဦးစီဟာ နေ့တိုင်း ချစ်သူခင်ပွန်း၊ မိသားစုဝင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံနေရတယ်လို့ သိရပါတယ်။

TikTokမှာ followerပေါင်း တစ်သိန်းကျော်ရှိတဲ့ အမျိုးသမီးကို ပစ်သတ်ခဲ့မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ တစ်ယောက်ယောက်ရဲ့ နာမည်ကို ရဲတွေက ကြေညာထားတာမျိုး မရှိသေးပါဘူး။

မားကွက်ဇ်ရဲ့ သေဆုံးမှု မတိုင်ခင် ရက်ပိုင်းတုန်းကလည်း ဗာရာကွက်ဇ် ပြည်နယ်ထဲမှာ မြို့တော်ဝန်လောင်းအဖြစ် အရွေးခံမယ့် အမျိုးသမီး တစ်ဦးဟာ livestream လွှင့်နေချိန် ဝင်ရောက် ပစ်ခတ်မှု တစ်ခုကြောင့် တခြားသူ ၃ ဦးနဲ့အတူ သေဆုံးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို မြေပုံ appထဲမှာ ပြောင်းလဲ ဖော်ပြခဲ့တဲ့အတွက် Googleကို မက္ကဆီကိုက တရားစွဲလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါ နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုလိုက်ခြင်းနဲ့အတူ နိုင်ငံတကာ စတော့ရှယ်ယာ စျေးကွက်ထဲမှာ ကြီးမားတဲ့ လှုပ်ခါသက်ရောက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

အခွန်စည်းကြပ်မှု စည်းမျဉ်းတွေ မပြောင်းလဲအောင် အမေရိကန်ဆီ ပေးထားတဲ့ ကတိအတိုင်း မက္ကဆီကိုဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို နှစ်နိုင်ငံ နယ်စပ်ဆီ စတင် ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့ သွင်းကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်မယ့် ကိစ္စကို ရွှေ့ဆိုင်းထားလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

Facebook