close
Connect with us

Hi, what are you looking for?

သတင်း

လှည်းကူးရှိ ခမရ(၂၁၁)တပ်ရင်း ဂိတ်ကင်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့၊လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁၁) ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

မေ ၁၁၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁၁) ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

“လမ်းကြုံအခွင့်အရေးရတုန်း ဝင်ဆော်ခဲ့တာပါ။လက်ပစ်ဗုံးနှစ်လုံးပါတာတစ်လုံးဘဲပစ်ပြီးပြန် ဆုတ်လာခဲတယ်”ဟု ၎င်းက ပြောသည်။

ခမရ(၂၁၁)တပ်ရင်းဂိတ်ကင်းစခန်းကို မေလ ၁၀ ရက် ညနေ ၆နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ထိခိုက်ဖို့ကတော့ကျိန်းသေတယ်အထဲကိုကွက်တိကျတာ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

Yangon Army အနေဖြင့် မေလ ၃ ရက်ကလည်း အနောက်ပိုင်းခရိုင်ပကဖ နှင့်ပူးပေါင်း၍ တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF) အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Blood Lineအဖွဲ့တာဝန်ခံ ရဲဘော်Ko Hmanက ပြောသည်။

သတင်း

ရန်ကုန်မြို့ ‌ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးကို မိနစ်ပိုင်းသာခြား၍ ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Armyမှ တာဝန်ရှိသူက လူထူနွေဦးသို့ ပြောသည်။

သတင်း

ရှေးဟောင်းပုဂံမြို့ တဘက်ကမ်းတွင်ပြီးခဲ့သည့်ရက်ကတိုက်ပွဲဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့က သတိပေးထားသော်လည်း ပုဂံတွင် သီတင်းကျွတ်ရုံးပိတ်ရက် ခရီးသွားများပြားနေကြောင်း သတင်းရရှိသည်။