close
Connect with us

Hi, what are you looking for?

အတွေးအမြင်

ခေါင်းဆောင်ကြီးတွေထားခဲ့တဲ့အမွေနဲ့တန်ဖိုးများ

လွန်ခဲ့တဲ့သုံးရက်က နယူးယောက်တိုင်းသတင်းစာကြီးရဲ့ Guest Essay (Opinion) ကဏ္ဍမှာစင်ကာပူနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယူရဲ့သာအငယ် လီရှန်ယန်းက ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပါတယ်။

၅၅၉ ရေးသားသည်။

လွန်ခဲ့တဲ့သုံးရက်က နယူးယောက်တိုင်းသတင်းစာကြီးရဲ့ Guest Essay (Opinion) ကဏ္ဍမှာစင်ကာပူနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယူရဲ့သာအငယ် လီရှန်ယန်းက ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပါတယ်။

ဆောင်းပါးအမည်ကတော့ “ကျွန်တော့်ဖခင်ကစင်ကာပူကိုတည်ထောင်ခဲ့ပါတယ်။ အခုဖြစ်နေပုံကိုတော့သူကြိုက်မှာမဟုတ်ဘူး” (My Father Founded Singapore. He Wouldn’t Like What It’s Become.) ဖြစ်ပါတယ်။

ဆောင်းပါးရဲ့အနှစ်ချုပ်ကတော့သူ့ဖခင်တည်ထောင်ခဲ့တဲ့ အာဏာရ People’s Action Party(PAP) နဲ့အစိုးရအဖွဲ့ဟာအာဏာရှင်ပိုဆန်လာနေတယ်လို့ဆိုချင်တာပါ။

Public Service Announcement

Public Service Announcement

မေလ၃ရက်နေ့မှာတော့စင်ကာပူနိုင်ငံသားတွေကမဲပေးခဲ့ကြပါပြီ။ ထုံးစံအတိုင်း အာဏာရပါတီကပဲနိုင်မှာသေချာပါတယ်။

လီရှန်ယန်းဟာ ကွယ်လွန်သူလီကွမ်ယူရဲ့သားသမီးသုံးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ်။

သူက Singapore Telecommunications Limited ရဲ့ အမှုဆောင်အရာရှိဟောင်းပါ။ ဝန်ကြီးချုပ် လုပ်ခဲ့ပြီး အခုစီနီယာဝန်ကြီးဖြစ်တဲ့ လီရှန်လွန်းကသားအကြီးဆုံးပါ။ သူ့အောက်မှာ သမီးလီဝေလင်းက ဆရာဝန်ဖြစ်ပါတယ်။

နယူးယောက်တိုင်းမှာဆောင်းပါးရေးတဲ့ သားငယ်လီရှန်ယန်းဟာပြီးခဲ့တဲ့အောက်တိုဘာလမှာ United Kingdom မှာနိုင်ငံရေးခိုလှုံခွင့်ရခဲ့ပါတယ်။ သူဟာ နိုင်ငံရေးထဲဝင်မပါခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ Progress Singapore Party ထဲဝင်ခဲ့ပါတယ်။

ယန်းကဆိုတာကတော့စင်ကာပူက သဘောကောင်းတဲ့အာဏာရှင်နိုင်ငံကနေ တဖြည်းဖြည်းပိုဆိုးလာနေပြီဆိုတာပါပဲ။ နိုင်ငံတကာက အာဏာရှင်တွေနဲ့ခရိုနီတွေရဲ့ ပိုက်ဆံဖွက်ရာ၊ ခိုလှုံရာဖြစ်နေပါတယ်တဲ့။

The Economist မဂ္ဂဇင်းကြီးက ခရိုနီအရင်းရှင်နိုင်ငံစာရင်း (Crony Capitalism Index) ကို ၂ နှစ်တစ်ကြိမ်ထုတ်ပြန်ပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ ၂၀၂၃ စာရင်းမှာ စင်ကာပူဟာ နံပါတ်၄နေရာချိတ်ပါတယ်။ တစ်က ရုရှဖြစ်ပြီး၊ ချက်ကဒုတိယ၊မလေးရှားကတတိယပြီးရင်စင်ကာပူဖြစ်ပါတယ်။

နိုင်ငံဟာငွေကြေးခဝါချသူတွေရဲအဝတ်လျှော်စက်ဖြစ်နေပြီး တရုတ်၊ရုရှသူဌေးတွေနဲ့ မြန်မာပြည်က မူးယစ်ရာဇာနဲ့လက်နက်ကုန်သည်တွေရဲ့ဘူမိနက်သန်ဖြစ်နေပြီလို့ယန်းကဆိုပါတယ်။

သတင်းစာ လွတ်လပ်ခွင့်မရှိပဲ အတိုက်အခံပါတီတွေကိုစည်းရုံးခွင့်အခွင့်အရေးတွေ ပိတ်ပင်တဲ့အတွက် စင်ကာပူရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီးတရားမျှတမှုမရှိဘူးလို့လည်းသူကစွပ်စွဲပါတယ်။

သွားလေသူခေါင်းဆောင်ကြီးလီကွမ်ယူရဲ့သားသမီးသုံး​ယောက်ကြားမှာ အဖုအထစ်တစ်ခုရှိနေခဲ့ပါတယ်။လီကွမ်ယူဟာ သူကွယ်လွန်ပြီးတဲ့အခါ သူတစ်ဘဝလုံးနေခဲ့တဲ့အမှတ်၃၈၊အောက်စလေလမ်းကအိမ်ကိုပြတိုက်မလုပ်ပဲ၊ ဖြိုချဖြစ်ဖို့သေတမ်းစာမှာရေးခဲ့တယ်၊ မှာခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအိမ်ဟာ ၁၉ရာစုကတည်းကဆောက်လုပ်ခဲ့တာဖြစ်ပြီး ၁၉၄၀ကျော်ကနေသူဆုံးပါးတဲ့၂၀၁၅ အထိလီကွမ်ယူနေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ People’s Action Party ကိုလည်းဒီအိမ်မှာပဲစတင် တည်ထောင်ခဲ့တာပါ။

သမီးလီဝေလင်းနဲ့သားငယ်လီရှန်ယန်းတို့ကဖခင်သဘောအတိုင်းဖြိုချလိုက်ဖို့ ဆန္ဒရှိခဲ့ကြပြီး၊ အကိုကြီး လီရှန်လွန်းက သဘောမတူခဲ့ပါဘူး။ ၂၀၁၇ခုနှစ်မှာတုန်းက လီဝေလင်းနဲ့ လီရှန်ယန်းတို့က ပူးတွဲကြေညာချက်ထုတ်ခဲ့ပြီး လီရှန်လွန်းကိုမိသားစုရဲ့ခေါင်းဆောင်အဖြစ် မယုံကြည်တော့ကြောင်း ပြောကြပါတယ်။

လီရှန်လွန်းနဲ့သူ့ ဇနီးဟာ ဖခင်ကြီးရဲ့ထားရစ်ခဲ့တဲ့အရာတွေကို သူတို့နိုင်ငံရေး အကျိုးအမြတ်အတွက်အသုံးချနေတယ်လို့ မောင်နှမအငယ်နှစ်ယောက်ကဆိုပါတယ်။

လီရှန်လွန်းဖက်ကလည်း လီရှန်ယန်းရဲ့ ဇနီးကရှေ့နေဖြစ်ပြီး ဖခင်ကြီးရဲ့သေတမ်းစာကို ကူညီ လုပ်ကိုင်ပေးတာဟာ “အကျိုးစီးပွါးပဋိပက္ခ”(Conflict of Interest)ရှိတယ်လိုပြန်ပြောပါတယ်။ယန်းရဲ့ဇနီးက ရှေ့နေလိုင်စင်ကို ၁၅လကြာ ယာယီရပ်ဆိုင်းခံရပြီး၊ သူတို့လင်မယာနှစ်ဦးလုံးကို ရဲက၂၀၂၂ မှာ စစ်ဆေးခဲ့ပါတယ်။

အခုလက်ရှိစင်ကာပူအစိုးရဟာသူ့ဖခင်ထားခဲ့တဲ့တန်ဖိုးတွေမရှိတော့ပဲ နိုင်ငံအနေနဲ့ ပိုင်ဆိုင်ခဲ့တဲ့ခြမစားဘူးဆိုတဲ့ဂုဏ်သိက္ခာဟာလည်းရေရှည်မှာစိုးရိမ်စရာရှိလာပြီလို့ဆိုပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာတုန်းက လီကွမ်ယူတည်ထောင်ခဲ့တဲ့ပါတီဟာစုစုပေါင်းမဲရဲ့ ၆၁ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။ သမိုင်းတလျှောက်မှာအနည်းဆုံးရခဲ့တာဖြစ်ပါတယ်။

အစိုးရဟာ ဝေဖန်တဲ့သူတွေကို ဆုံးမဖို့အတွက် သတင်းအတုနှိမ်နှင်းရေးကိုအကြောင်းပြပြီး အရေးယူဆောင်ရွက်နေတယ်လို့ယွန်းကဆိုပါတယ်။ယွန်းရဲ့သားကိုယ်တိုင် စင်ကာပူရဲ့တရားစီရင်ရေးစနစ်ကို လူမှုမီဒီယာမှာ ဝေဖန်တဲ့အတွက် တရားစွဲခံခဲ့ရပါတယ်။

စင်ကာပူရဲ့တစ်ဦးချင်းပျှမ်းမျှဝင်ငွေဟာ အမေရိကန်ထက်သာပါတယ်။ ဒါပေမယ့်လူတန်းစား ကွာဟမှုကကြီးသထက်ကြီးလာနေတယ်လို့ စစ်တမ်းတွေကပြနေပါတယ်။

အခုရွေးကောက်ပွဲရဲ့ရလဒ်ကိုကြေညာတဲ့အခါ ၂၀၂၀တုန်းကနဲ့ဘယ်လောက်ကွာဟတယ်ဆိုတာယှဉ်ကြည့်ရမှာပါ။

လီရှန်ယန်းကသူ့ဆောင်းပါးကို ကမ္ဘာကျော်နိုင်ငံရေးသိပ္ပံပညာရှင် ပါမောက္ခ ဆန်မြူရယ် ဟန်တင်တန်ရဲ့ စကားနဲ့ အဆုံးသတ်ထားပါတယ်။

“လီကွမ်ယူ စင်ကာပူကို ပေးခဲ့တဲ့ ရိုးသားမှုနဲ့ လုပ်ရည်ကိုင်ရည်တွေဟာ သူကွယ်လွန်တဲ့အခါ သူနဲ့အတူပါသွားပါလိမ့်မယ်” လို့ ဟန်တင်တန်ကပြောခဲ့ပါတယ်။

“သူ့ဟောကိန်းဟာဝမ်းနည်းစွာနဲ့ပဲမှန်ခဲ့ပါပြီ” လို့ယန်းကအဆုံးသတ်ပြောပါတယ်။ ။

(ယခု ​ဆောင်းပါးကို စင်ကာပူ​​ရောက် မြန်မာနိုင်ငံသားများ ပြန်လည်မမျှ​ဝေဖို့ အကြံပြုလိုပါတယ်)

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ပြည်သူ့တော်လှန်ရေး၏မဟာဗျူဟာဦးတည်ချက် (၆)ချက် ရရှိနိုင်ရန် မဟာဗျူဟာ နည်းလမ်း (၆)ခုကိုသတ်မှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း NUGက ယနေ့ (ဧပြီ ၃၀ရက်)တွင် ထပ်မံ ထုတ်ပြန်သည်။

သတင်း

အပစ်အခတ် ရပ်စဲမှုကို အမြဲတမ်းအတွက် သက်တမ်း တိုးမြှင့်သွားဖို့၊ မြန်မာ့ အကျပ်အတည်းကို နိုင်ငံရေး နည်းတွေနဲ့ ဖြေရှင်းဖို့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

သတင်း

စင်ကာပူအခြေစိုက်ငွေလွှဲဝန်ဆောင်မှုကုမ္ပဏီ 2C2Pက မြန်မာနိုင်ငံမှ ထွက်ခွာရန် စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ယနေ့(ဧပြီ ၄ ရက်)တွင် ကြေညာသည်။

အတွေးအမြင်

မတ်လ၂၈ ရက်နေ့က ငလျင်ကြီးဟာမြန်မာကို ရေရှည်မှာဒီမိုကရေစီနဲ့ဝေးရာကိုတွန်းထုတ်နေပါတယ်။ အနောက်ကမ္ဘာကို ရွံကြောက်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးများ၊ အိမ်ဖြူတော်မှာ သမ္မတလုပ်တမ်းကစား နေတဲ့ထရန့်နဲ့အပေါင်းအပါတွေနဲ့ “ဂျပိုးများသမဂ္ဂ" ဖွဲ့နေတဲ့တရုတ်နဲ့ရုရှား တို့လိုနိုင်ငံတွေက ဒီပြဿနာမှာ ချောဆီတွေပါပဲ။

Facebook