close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို ပူတင် မတက်

တူရကီ နိုင်ငံမှာ ယူကရိန်းနဲ့ ဆွေးနွေးမယ့် ရုရှား ကိုယ်စားလှယ် အဖွဲ့မှာ သမ္မတ ဗလာဒီမာ ပူတင် ပါဝင်မှာ မဟုတ်ကြောင်း ရုရှားက ထုတ်ပြန်ခဲ့ပါတယ်။

Reuters

တူရကီ နိုင်ငံမှာ ယူကရိန်းနဲ့ ဆွေးနွေးမယ့် ရုရှား ကိုယ်စားလှယ် အဖွဲ့မှာ သမ္မတ ဗလာဒီမာ ပူတင် ပါဝင်မှာ မဟုတ်ကြောင်း ရုရှားက ထုတ်ပြန်ခဲ့ပါတယ်။

၃ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးဖို့ကို ပူတင်က စတင် အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူနဲ့ ပူတင်တို့ မျက်နှာချင်းဆိုင် တွေ့ကြမယ်လို့ တောင်းဆိုခဲ့ပါတယ်။ တခြားအဆင့် အရာရှိတွေ တွေ့ဆုံမှုဟာ ဒီကိစ္စမှာ ကြီးကြီးမားမား ထိရောက်မှာ မဟုတ်ဘူးလို့ ဇီလန်စကီးက ဆိုပါတယ်။

မေလ ၁၅ ရက်နေ့ နှစ်ဖက် တွေ့ဆုံမှုမှာ ပူတင်ကိုယ်တိုင် အစည်းအဝေး တက်မတက် ဆိုတာကို ရုရှားဖက်က ချက်ချင်း အတည်မပြုဘဲ ရက်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီး တွေ့ဆုံပွဲ မတိုင်ခင် တစ်ရက်ကျမှ ပူတင် ပါဝင်မှာ မဟုတ်မှန်း ကြေညာခဲ့တာပါ။ ဇီလန်စကီးက သူဟာ တူရကီနိုင်ငံရဲ့ အန်ကာရာ မြို့တော်မှာ ကြိုစောင့်နေမှာ ဖြစ်ပေမယ့် ပူတင်နဲ့ တွေ့ဖြစ်မယ် ဆိုမှသာ အစည်းအဝေး ပြုလုပ်မယ့် အစ္စတန်ဘူလ် မြို့ဆီ သွားရောက်မှာလို့ ပြောကြားထားပါတယ်။

ဒါကြောင့် ဇီလန်စကီးလည်း ဆွေးနွေးပွဲကို တက်ရောက်ဖြစ်တော့မှာ မဟုတ်ဘဲ အန်ကာရာမှာပဲ တူရကီ သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲရပ်ဆိုင်းရေးအတွက် တွန်းအားပေးနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နှစ်ဖက်ခေါင်းဆောင်တွေကို တွေ့ဆုံစေလိုကြောင်း တိုက်တွန်းထားပေမယ့် ပူတင်က အစည်းအဝေး မတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ယူကရိန်းနဲ့ ဆွေးနွေးမယ့် ရုရှား ကိုယ်စားလှယ် အဖွဲ့ကို သမ္မတရဲ့ အကြံပေး အရာရှိ တစ်ဦးဖြစ်သူ ဗလာဒီမာ မီဒင်စကီးက ဦးဆောင်မယ်လို့ ကရင်မလင် နန်းတော် ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

အစောပိုင်းမှာ ထရမ့်က သူလည်း ရုရှား-ယူကရိန်း ဆွေးနွေးမှု အစီအစဉ်ဆီ သွားရောက်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးဖူးပေမယ့် စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံရဲ့ သမ္မတတွေ ရောက်မလာမယ့် အစည်းအဝေးကို သူလည်း မသွားဖြစ်ဖို့ သေချာသွားပါတယ်။

ပူတင်နဲ့ ဇီလန်စကီးတို့ဟာ စစ်ပွဲ မတိုင်ခင် ၂ နှစ်ကျော်လောက်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ခဲ့ကြဖူးပါတယ်။ နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ နောက်ဆုံးအကြိမ် တိုက်ရိုက် ဆွေးနွေးတာကတော့ ရုရှားရဲ့ ကျူးကျော်စစ် စတင်ပြီး တစ်လအကြာ ၂၀၂၂ ခုနှစ်၊ မတ်လမှာဖြစ်ပြီး အစ္စတန်ဘူလ်မှာပဲ တွေ့ခဲ့ကြတာပါ။

စစ်ပွဲရဲ့ လက်ရှိ အခြေအနေအရ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ရုရှားဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ထိန်းချုပ်နယ်မြေ အသစ်တွေကို ဖြည်းဖြည်းချင်းစီ ချဲ့ထွင် သိမ်းယူထားနိုင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မျက်နှာချင်းဆိုင် တွေ့ဆုံဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တူရကီ နိုင်ငံမှာ သူစောင့်နေမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို မျက်နှာချင်းဆိုင် စကားပြောဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံတကာ ဗိုလ်ကျ စိုးမိုးရေး ဝါဒီတွေကို မိတ်ဆွေရင်းချာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့အတူ လက်တွဲ တွန်းလှန်သွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒုတိယ ကမ္ဘာစစ် အောင်ပွဲ နှစ်ပတ်လည် ကာလမှာ သုံးရက်ကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကြေညာခဲ့ပါတယ်။

Facebook