close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဗဟိုဘဏ်က ၄ နှစ်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်းလျှော့ချ

ထိုင်းဗဟိုဘဏ်ဟာ မျှော်လင့်မထားတဲ့ အခြေအနေအဖြစ် အတိုးနှုန်းတွေကို ရုတ်တရက် လျှော့ချပေးလိုက်ပါတယ်။ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်းတွေ လျှော့ပေါ့ပေးလိုက်တာဟာ နိုင်ငံရဲ့ တိုးတက်မှု နှေးကွေးနေတဲ့ စီးပွားရေးကို လှုံ့ဆော်ဖို့၊ ငွေကြေးဖောင်းပွမှု အခြေအနေကို ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းဗဟိုဘဏ်ဟာ မျှော်လင့်မထားတဲ့ အခြေအနေအဖြစ် အတိုးနှုန်းတွေကို ရုတ်တရက် လျှော့ချပေးလိုက်ပါတယ်။ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်းတွေ လျှော့ပေါ့ပေးလိုက်တာဟာ နိုင်ငံရဲ့ တိုးတက်မှု နှေးကွေးနေတဲ့ စီးပွားရေးကို လှုံ့ဆော်ဖို့၊ ငွေကြေးဖောင်းပွမှု အခြေအနေကို ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒ ကော်မတီ (MPC)ဟာ အတိုးနှုန်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတုန်းက ၁၀ နှစ်တာအတွင်း အမြင့်ဆုံးအဖြစ် ၂.၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာကနေ ၂.၂၅ ရာခိုင်နှုန်းဆီ လျှော့ချ သတ်မှတ်ဖို့အတွက် အဖွဲ့ဝင်တွေကြား ၅ မဲ၊ ၂ မဲနဲ့ ဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက် ဆုံးဖြတ်ချက်ဟာ စီးပွားရေး ပညာရှင်တွေ အတွက်လည်း အံ့ဩစရာ အရွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ Reuters သတင်းဌာနက မကြာသေးခင် အတောအတွင်း စီးပွားရေး ပညာရှင် ၂၈ ဦးကို စစ်တမ်းအမြင် ကောက်ယူခဲ့ရာမှာ ၄ ဦးကသာ အတိုးနှုန်း လျှော့ချနိုင်ခြေ ရှိတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံမှာ နောက်ဆုံးအကြိမ် အတိုးနှုန်း လျှော့ချခဲ့တာက ၂၀၂၀ ပြည့်နှစ် မေလတုန်းက ဖြစ်ပြီး နောက်ဆုံး အပြောင်းအလဲဖြစ်တဲ့ မနှစ်က စက်တင်ဘာလတုန်းကတော့ အတိုးနှုန်းကို မြှင့်တင်ခဲ့တာပါ။ ထိုင်းဗဟိုဘဏ်ရဲ့ အခုနှစ်အတွက် မူဝါဒရေးရာ နောက်ဆုံးအစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဖျူထိုင်းပါတီ (PTP) ဦးဆောင်နေတဲ့ လက်ရှိ ညွန့်ပေါင်း အစိုးရဟာ ထိုင်းဗဟိုဘဏ် အနေနဲ့ အတိုးနှုန်းတွေ လျှော့ချပေးသင့်တယ်လို့ ကာလအတော်ကြာအောင် တိုက်တွန်း တောင်းဆိုနေခဲ့ပြီး ဖြစ်ပါတယ်။ ငွေချေးတဲ့ အတိုးနှုန်းတွေ လျော့ကျသွားခြင်းက ထိုင်းမှိုင်းလေးကန်နေတဲ့ ထိုင်းနိုင်ငံ စီးပွားရေးကို လှုံ့ဆော်ရာမှာ အထောက်အကူ ဖြစ်စေမယ်လို့ အစိုးရက ဆိုပါတယ်။

ထိုင်းဗဟိုဘဏ်ဟာ နှစ်အလိုက် နိုင်ငံစီးပွားရေး တိုးတက်နှုန်းကိုလည်း မူလက ၂.၆ ရာခိုင်နှုန်းလို့ ခန့်မှန်း သတ်မှတ်ထားရာက အခုနှစ်ကုန်ပိုင်းမှာ ၂.၇ ရာခိုင်နှုန်းအဖြစ် ပြင်ဆင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် နိုင်ငံ စီးပွားရေး တိုးတက်နှုန်းကိုတော့ ၂.၉ ကနေ ၃ ရာခိုင်နှုန်းထိ ဗဟိုဘဏ်က ခန့်မှန်း လျာထားကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ