

နိုင်ငံတကာ
ထိုင်းဗဟိုဘဏ်ဟာ မျှော်လင့်မထားတဲ့ အခြေအနေအဖြစ် အတိုးနှုန်းတွေကို ရုတ်တရက် လျှော့ချပေးလိုက်ပါတယ်။ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်းတွေ လျှော့ပေါ့ပေးလိုက်တာဟာ နိုင်ငံရဲ့ တိုးတက်မှု နှေးကွေးနေတဲ့ စီးပွားရေးကို လှုံ့ဆော်ဖို့၊ ငွေကြေးဖောင်းပွမှု အခြေအနေကို ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။