close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားက ဆိုးရွားပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ ထိုင်းယာယီဝန်ကြီးချုပ် စွပ်စွဲ

ကမ္ဘောဒီးယားဟာဆိုးရွားပြင်းထန်တဲ့စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်ကစွပ်စွဲပြောကြားခဲ့ပါတယ်။

ထိုင်းယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်။ ဓါတ်ပုံ-Thailand Government House

ဇူလိုင်-၂၅၊၂၀၂၅။People’s Spring

ကမ္ဘောဒီးယားဟာဆိုးရွားပြင်းထန်တဲ့စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်ကစွပ်စွဲပြောကြားခဲ့ပါတယ်။

လက်ရှိနှစ်နိုင်ငံနယ်စပ်ရေးရာပဋိပက္ခ အတောအတွင်းမှာ ကမ္ဘောဒီးယားဟာ ထိုင်းလူနေဧရိယာတွေ၊ ဆေးရုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာကို ဖုန်သမ်က ဝေဖန်ခဲ့ပြီး အဲဒီ လုပ်ရပ်တွေအတွက်နိုင်ငံတကာအသိုက်အဝန်းကလည်းကမ္ဘောဒီးယားကိုရှုတ်ချပေးဖို့တိုက်တွန်းခဲ့ပါတယ်။

​သောကြာ်​နေ့မှာဝန်ကြီးချုပ်အိမ်တော်ကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဖုန်သမ်က ကမ္ဘောဒီးယားဟာထိုင်းကိုစတင်ပြီးရန်လို တိုက်ခိုက်ခဲ့တာလို့ စွပ်စွဲထားပါတယ်။ ထိုင်းဖက်က စိတ်ရှည်ပြီး အခြေအနေတွေကို နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေ၊ လူသားချင်း စာနာမှုဆိုင်ရာ အခြေခံမူဘောင်တွေထဲက ရှင်းလင်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ကမ္ဘောဒီးယားဖက်က စတင်ပစ်ခတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၄ ရက်နေ့မှာတိုက်ပွဲတွေစတင်ခဲ့တဲ့နောက် နယ်စပ်ကနေကီလိုမီတာ၂၀ ကျော် (၁၂ မိုင်​ကျော်)အဝေးမှာရှိတဲ့ထိုင်းလူနေဧရိယာတွေ၊ ဆေးရုံတွေကို ကမ္ဘောဒီးယားက တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီလုပ်ရပ်ဟာဆိုးရွားတဲ့စစ်ရာဇဝတ်မှုတွေလို့သတ်မှတ်နိုင်ကြောင်း ဖုန်သမ်က ပြောပါတယ်။

ကလေးတွေ၊ အမျိုးသမီးတွေ ၊သက်ကြီးရွယ်အို​တွေအပါအဝင် ထိုင်းအရပ်သား ၁၃ ဦး သေဆုံးခဲ့ပြီးအိုးအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ကြောင်း၊ ဒီလုပ်ရပ်မျိုးတွေကို ဆိုးရွားပြင်းထန်တဲ့ စစ်ရာဇဝတ်မှုလို့ ခေါ်ဆိုနိုင်ကြောင်း သူက ဆိုပါတယ်။

ထိုင်းရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကမ္ဘောဒီးယားက စစ်ဘက် အရပ်ဖက် မခွဲခြားဘဲ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတဲ့ ကိစ္စကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေး ကောင်စီဆီကို အရေးဆို တင်ပြထားပြီး နိုင်ငံတကာ အဖွဲ့အစည်းက ကမ္ဘောဒီးယားရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအပေါ် စုပေါင်း ရှုတ်ချတာမျိုးကို တိုက်တွန်း တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဖုန်သမ်က ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပေမယ့် ထိန်းသိမ်း ကန့်သတ်ချက် အများကြီးနဲ့ လုပ်ဆောင်နေပြီး နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ကိုသာရည်ရွယ်ထားခဲ့ကြောင်းလည်း ဆိုပါတယ်။

ကမ္ဘောဒီးယားရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိုင်းပြည်သူ ၁ သိန်းလောက်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ အစိုးရဟာ ကမ္ဘောဒီးယားရောက် ထိုင်းနိုင်ငံသားတွေကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်နိုင်ရေး အထူးခရီးစဉ်တွေ ပြေးဆွဲပေးဖို့ ထိုင်းလေကြောင်းလိုင်း အားလုံးကို ညွှန်ကြားထားကြောင်းလည်း ဖုန်သမ်က ဆိုပါတယ်။

ကမ္ဘောဒီးယားနဲ့ နယ်စပ်ဧရိယာ အများစုကို တာဝန်ယူရတဲ့ ထိုင်းအမှတ် ၂ စစ်နယ်မြေ စစ်ဦးစီး ဌာနက ကမ္ဘောဒီးယား တပ်တွေဟာ ဇူလိုင် ၂၅ ရက် ညပိုင်းမှာလည်း ချောင်ဘော့ခ်၊ ဆမ်တေး၊ ဖူမက်ခ်ဟူအာ၊ ချောင်တာသောင်၊ ပရာဆတ်တာမွမ်နဲ့ ပရာဆတ်တာကွိုင်ဒေသတွေမှာရှိတဲ့ထိုင်းအခြေစိုက် စခန်းတွေကို တိုက်ခိုက်ဖို့ အားထုတ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဒါအပြင် ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးက နယ်စပ်မှာဖြစ်ပွားနေတဲ့ ဖြစ်ရပ်​တွေဟာ နိုင်ငံနှစ်နိုင်ငံက ပြည်သူ​တွေကြားက ဖြစ်ပွားတဲ့ပဋိပက္ခ​တွေမဟုတ်ပဲ “နိုင်ငံရဲ့အချုပ်အချာကို ကာကွယ်ဖို့၊ နိုင်ငံနယ်နမိတ်အတွင်းကို ကျူးကျော်လာသူ​တွေကို တုံ့ပြန်ဖို့ ဖြစ်တဲ့နယ်စပ်ကတိုက်ပွဲတွေ” လို့လည်း​ သဘောထားဖော်ပြခဲ့ပါတယ်။

အခြားသတင်းတစ်ရပ်မှာ ထိုင်းနယ်စပ်က ချန်တာဘူရီ နဲ့ ထရက်ဒေသ​တွေကိုပါ စစ်အုပ်ချုပ်​ရေး​ကြေညာခဲ့ပါတယ်။ အဲဒီဒေသ​တွေဟာ ကမ္ဘောဒီးယားနဲ့ နယ်နမိတ်ချင်းကပ်နေတဲ့ အတွက်လုံခြုံရေးအတွက် ပိုမိုတင်းကျပ်ဖို့စောင့်ကြည့်ရန်လိုအပ်တာကြောင့်လို့ဆိုပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

အပစ်အခတ် ရပ်စဲရေး စကားအစပျိုးထားတာတွေ ရှိကြပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခဟာ တတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ စတင်နေကြပြီလို့ သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲရေးအတွက် ကမ္ဘောဒီးယားဖက်က စတင် တောင်းဆိုလာခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ရေးပဋိပက္ခကြောင့်ထိုင်းနိုင်ငံသားအချို့က ကမ္ဘောဒီးယားလုပ်သားတွေကို မောင်းထုတ်တာတွေ၊ ရိုက်နှက်တာတွေလုပ်နေပြီး ဘန်ကောက်မြို့မှာ မြန်မာလုပ်သားနှစ်ဦး က​​မ္ဘာဒီယားနဲ့မှားပြီး ထိုးကြိတ်ခံလိုက်ရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းတာတွေ၊ သံရေးတမန်ရေးအရာ စကားပြောတာတွေလုပ်ဖို့ကလက်ရှိ အခြေအနေမှာတော့ အဆင့်တွေ ကျော်သွားခဲ့ပြီးပြီလို့ ရာထူးက ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။