close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးခရီးပါဝင်လိုသည့် တပ်သားသစ် များကို မန္တလေး PDF ထပ်မံဖိတ်ခေါ်

သပိတ်ကျင်းပကဖ ကလည်းတပ်ဖွဲ့ဝင်သစ်များဖိတ်​ခေါ်

စဥ်ကူးမြို့ကို သိမ်းပိုက်ပြီး​နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ရဲဘော်များ​အောင်ပွဲခံစဉ်။ ဓာတ်ပုံ - MDY-PDF

ဇူလိုင်-၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်အာဏာရှင်စနစ် တွန်းလှန်တိုက်ပွဲဝင်ရန် တပ်သားသစ်များဖိတ်ခေါ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)- မန္တလေးက ယနေ့ (ဇူလိုင် ၂၅ရက်)တွင် ထုတ်ပြန်သည်။

မန္တလေး PDFသည် တပ်ဖွဲ့စည်းမှု လေးနှစ် အတွင်း စစ်ကောင်စီအထိနာအောင် တိုက်ခိုက် နိုင်ခဲ့သည့်တပ်ဖြစ်ပြီး တပ်သားသစ်ဖိတ်ခေါ်မှုများကို အခါအားလျော်စွာပြုလုပ်လျက်ရှိရာ ယခုတွင် ထပ်မံ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

“ဘာလုပ်လုပ်ကြောက်နေရတဲ့၊ မတရားတာကိုသိသိနဲ့ငြိမ်ခံနေကြရတဲ့ ကြောက်ခေတ်ကို ကျွန်တော်တို့ခေတ်မှာ အမြစ်ဖြတ်လိုက်ကြရအောင်”ဟု မန္တလေး PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်ရခြင်းမှာ လက်ရှိ မျိုးဆက်သည် နောက်ဆုံး မျိုးဆက် ဖြစ်ကို ဖြစ်ရမည်ဆိုသည့် ယုံကြည်ချက်ကို သန္နိဋ္ဌာန်ချထားဟု အသိပေးသည်။

“မပြီးဆုံးသေးတဲ့ ပြည်သူ့တော်လှန်ရေးခရီးကြမ်းကြီးကို အဆုံးထိတိုင် အတူ ဆက်လက်ဖြတ်သန်းကြမှာဖြစ်ပါတယ်။လက်ရှိတော်လှန်ရေးကာလမှာ စစ်အနိုင်တိုက်ရေးဟာအဓိကပါပဲ။ ရန်သူကတော့ သူ့အလုပ်သူလုပ်နေပါတယ်။ ခုချိန်ထိလည်း စစ်မှုထမ်းဥပဒေကိုအသက်သွင်းတာနဲ့ ပေါ်တာဆွဲပြီး လိုအပ်တဲ့စစ်သားအရေအတွက်ကိုဖြည့်နေတယ်ဆိုတာ အားလုံးအသိပါပဲ။ နောက်တစ်ခုက မတရားသဖြင့်ပြုလုပ်မယ့်ရွေးကောက်ပွဲပါပဲ။ နိုင်ငံတကာကလည်း “စကစကို ရှုတ်ချပါတယ်” ဆိုတာလောက်နဲ့ပဲ ပြီးနေတာပါ။ ကျွန်တော်တို့မှာ အားကိုးစရာ ကျွန်တော်တို့ပဲရှိပါတယ်” ဟု မန္တလေး PDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီဘက်က ငွေ၊ လူအင်အားနှင့် လေယာဉ်အပါအဝင် လက်နက်ခဲယမ်းအလျှံအပယ်အသုံးပြုပြီး ပြည်သူလူထုကို အနိုင်ကျင့်!ယုတ်မာနိုင်သော်လည်း တော်လှန်ရေးတပ်များ၌ အကန့်အသတ်ရှိ​ကြောင်းအသိပေးသည်။

“စကစပြုတ်မကျသရွေ့၊ အာဏာရှင်စနစ်ဆိုးရှိနေသရွေ့ ပြည်သူလူထုလည်း အေးချမ်းစွာနေရမှာမဟုတ်ပါဘူး။ မန္တလေးပြည်တော်ဝင်ဖို့ဟာလည်း ကျွန်တော်တို့အတူတူကြိုးစားကြမယ်ဆိုရင် အလှမ်းမဝေးတော့တဲ့ခရီးတစ်ခုပါပဲ။ ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးမှာ ကျွန်တော် တို့နဲ့အတူ ရင်ချင်းထပ် ပုခုံးချင်းအပ်ပြီး အတူလျှောက်ဖို့အတွက် မိတ်ဆွေတို့ကို ဖိတ်ခေါ်ပါတယ်”ဟု မန္တလေး PDFက ထုတ်ပြန်သည်။

တပ်သားသစ်အဖြစ် ပါဝင်လိုသူများ ဆက်သွယ် နိုင်ရန်ကိုလည်း ဖော်ပြထားရာ Telegram: @mdypdfrecruit နှင့် Signal: MDYPDFRECRUIT.08သို့ ဆက်သွယ်နိုင် ကြောင်း အသိပေးထားသည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကလည်း ဇူလိုင် ၂၃ ရက်တွင်တပ်ဖွဲ့သို့ဝင်ရောက်တာ ဝန်ထမ်းဆောင်ရန်ယခုရက်ပိုင်းတွင်သင်တန်း သားသစ်များ ခေါ်ယူထားသည်။

“ကျနော်တို့ မျှော်ရည်မှန်းတဲ့ ပန်းတိုင် ရောက်ဖို့ဆိုတာ ယခင်ကထက် အဆပေါင်းများစွာ ကြိုးစားပြီး ဘက်ပေါင်းစုံကနေ တန်ပြန်နိုင်ဖို့ လိုပါတယ်။တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးအရှိန် မြှင့်တင်ဖို့ရာအတွက် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ သင်တန်းသားများ ထပ်မံ ခေါ်ယူနေပါတယ်”ဟု သပိတ်ကျင်း မြို့နယ် ပကဖက ထုတ်ပြန်သည်။

တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် အသက် ၁၈နှစ် ပြည်ပြီး တော်လှန်ရေး ပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ထိုပြင် ကျန်းမာရေး ကောင်းမွန်ပြီး လူမှုရေးအရှုပ်အရှင်းကင်းရမည်ဖြစ်ကြောင်း၊ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာနိုင်ပြီး အကျင့် စာရိတ္တ ကောင်းမွန်ရမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး ကင်းရှင်းသူဖြစ်ရမည်ဖြစ်ကြောင်း အသိပေးသည်။

တာဝန်ထမ်းဆောင်လိုပါက သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Page Messenger မှာဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ဟုလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် NORINCO အားဒဏ်ခတ်ပိတ်ဆို့ရန် နိုင်ငံတကာကို JFM အကြံပြု

သတင်း

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော(၅)စီးပါ သင်္ဘောအုပ်အား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(ဇူလိုင် ၂၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

မန္တလေးမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်နေတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီးတဲ့နောက်ဒဏ်ရာရသူအများအပြားရှိ​နေပြီး ဒီက​နေ့ ဗန်းမော်မြို့ကိုဆက်လက်ဆန်တက် နေပြီလို့ ဒေသခံ တချို့ကပြောပါတယ်။