ဇူလိုင်-၂၄၊၂၀၂၅။တေဇ/People’s Spring
ရန်ကုန်မြို့၌ ယနေ့(ဇူလိုင်၂၄ရက်)နံနက်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းအရှိန်ကြောင့် ဗိုလ်တထောင်မှ ဒလမြို့သို့ပြေးဆွဲသည့် သဗ္ဗာန်ယာဉ်တိမ်းမှောက်မှုအတွင်း လူသုံးဦး ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနက်ကဖြစ်တာ ။ မတွေ့သေးဘူးလို့တော့ ပြောတယ်။ သုံးယောက်ပျောက်နေတယ်တဲ့”ဟု ယင်းဒေသခံက ပြောသည်။
ဇူလိုင် ၂၄ ရက်နံနက် ၇ နာရီခွဲခန့်တွင် ဒလမြို့နယ် သမ္မတကမ်းခြေသဗ္ဗာန်ဆိပ်မှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ လူဦးရေ ၁၀ဦးလိုက်ပါလာသော သဗ္ဗာန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး သဗ္ဗာန်မောင်းသူအပါအဝင် သုံးဦး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

Public Service Announcement
လေဆင်နှာမောင်းကြောင့် ဗိုလ်တထောင်မြို့နယ်၌ ကွန်တိန်နာယာဉ်အချို့ပျက်စီးမှုရှိပြီး မြို့နယ်အများစုက သစ်ပင်များလဲကျမှုရှိကြောင်း ဒေသခံများက ပြောသည်။
“ဒလမှာတော့ သစ်ပင်တွေလဲလို့ မီးတွေ နှစ်ရက်ပျက်မယ်တဲ့။ “ဟု ဒလမြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။
တောင်တရုတ်ပင်လယ်ပြင်မှအပူပိုင်းမုန်တိုင်းဝီဖာ( Wipha) အရှိန်နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများစုတွင် ယခုရက်ပိုင်းမိုးကြီးနိုင်သည့်အပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ် တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များသတိပြုရန် အမျိုးသားညီ
ညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန် ကြီးဌာန (MOHADM)က သတိပေးထားသည်။
