close
Connect with us

Hi, what are you looking for?

သတင်း

ကရင်နီထောင်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်အဆင့်ရှိသူကို ထိုင်းရဲဖမ်းဆီး

ကရင်နီတပ်တွေရဲ့ အကျဉ်းထောင်ကနေ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းဖြစ်သူ မြန်မာစစ်တပ် ရဲ့ ဗိုလ်အဆင့်ရှိသူ ကို ထိုင်းဘက်ခြမ်းမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းအချို့မှာ ဖော်ပြလာပါတယ်။

ထိုင်းဘက်ခြမ်းမှာ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဓာတ်ပုံ - ထိုင်းမီဒီယာ

ဇန်နဝါရီ – ၁၉ ၊၂၀၂၆ ၊ ဇော်ဝင်း/People’s Spring

ကရင်နီတပ်တွေရဲ့ အကျဉ်းထောင်ကနေ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းဖြစ်သူ မြန်မာစစ်တပ် ရဲ့ ဗိုလ်အဆင့်ရှိသူ ကို ထိုင်းဘက်ခြမ်းမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းအချို့မှာ ဖော်ပြလာပါတယ်။

ဗိုလ်ကြီးပိုင်စိုးသူလို့ထွက်ဆိုထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ကို မဲဟောင်ဆောင်ခရိုင်၊ခွန်ယွမ်ပြည်နယ်ထဲမှာရဲတွေကမနေ့( ဇန်နဝါရီ ၁၈ ရက်) ညနေပိုင်းက ဖမ်းမိတာလို့ဆိုပါတယ်။

အခုချိန်မှာရဲတပ်ဖွဲ့ကထိုင်းစစ်တပ်ကိုလွှဲပြောင်းထားတယ်လို့ထိုင်းသတင်းတစ်ရပ်မှာ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မယ်ဟောင်ဆောင်ခရိုင်၊ခွန်ယွမ်ပြည်နယ်ထဲမှာရဲတွေကမြန်မာစစ်တပ် တပ်ဖွဲ့ဝင်ကိုတွေ့ရှိခဲ့ပြီးခေါ်ယူထိန်းသိမ်းခဲ့တဲ့နောက်နိုင်ငံတကာ စည်းမျဉ်းတွေနဲ့အညီကိုင်တွယ်ဖို့ နယ်စပ်ရှိ ထိုင်းစစ်တပ်တာဝန်ရှိသူတွေဆီလွှဲ ပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။

မယ်ဟောင်ဆောင် ရဲတပ်ဖွဲ့ အကြီးအကဲ ဆွန်ခရစ်ချ် အွန်တက်ခ်ရိုင်ကလည်း မြန်မာစစ်တပ်ရဲ့ဗိုလ်အဆင့်ရှိသူတစ်ဦးထိုင်းပိုင်နက်ထဲ ရောက်လာလို့ ရဲတွေရဲ့ ထိန်းသိမ်းမှုကို ခံထားရကြောင်း အတည်ပြုခဲ့ပါတယ်။

ကရင်နီတော်လှန်ရေး အင်အားစုတွေ လက်ထဲက ထွက်ပြေးလာတဲ့ သုံ့ပန်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလောက်ဟာမြန်မာဖက်ဆီပြန်ပို့ပေးဖို့အတွက်ထိုင်းဖက်မှာ လက်နက်ချလိုကြောင်းထိုင်းအာဏာပိုင်တွေဆီ ဆက်သွယ်ထားတယ်လို့လည်း သိရပါတယ်။

ထွက်ပြေးလာသူတွေထဲမှာတပ်ရင်းမှုး၊ ဒုတပ်ရင်းမှုး၊တပ်ခွဲမှုးအပါ အဝင် စစ်ကောင်စီတပ်သား ၁၀ဦးကျော်ကထိုင်းအာဏာပိုင်တွေထံ လက်နက်ချဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းသတင်းကဖော်ပြတာပါ။

သူတို့ရဲ့ရည်ရွယ်ချက်ကထိုင်းအစိုးရကတစ်ဆင့်မြန်မာနိုင်ငံကိုပြန်လည် ပို့ဆောင်ခံရရေးဖြစ်တယ်လို့ သိရပါတယ်။

အခုဖြစ်စဥ်နဲ့ပတ်သက်လို့ကရင်နီတပ်မတော် နဲ့ ကရင်နီပြည်နယ် တာဝန်ရှိသူတွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက် အတွင်းရေးမှုးဦးဗညားကတော့ “ သူတို့ထိုင်နေတဲ့ ပုံစံတွေ ဓာတ်ပုံတွေအရ သူတို့ထိုင်းနိုင်ငံထဲရောက်တယ်ဆိုတာ ပြောလို့ရတယ်၊ သူတို့ဦးတည်ချက်ကိုတချို့ကြည့်လိုက်တော့ သူတို့ယူဆောင်သွားတဲ့ပစ္စည်းကိရိယာတွေ လိုက်လံဖမ်းဆီးဖို့ကြိုးစားတဲ့နေရာမှာတချို့ထိုင်းနိုင်ငံနဲ့ဆက်စပ်တဲ့အချက် အလက်တချို့ တွေ့ရှိတယ်၊သေချာတာတခုက တချို့ထိုင်းနိုင်ငံကို ရောက်ရှိသွားတယ်လို့ ပြောလို့ရတယ်” လို့ လူထုနွေဦးသတင်းဌာနကို ပြောပါတယ်။

မနေ့(ဇန်နဝါရီ ၁၈ ရက်)မနက်အစောပိုင်း တစ်နာရီခန့်က မယ်စဲ့ မြို့နယ်မှာရှိတဲ့ IEC ရဲ့ အကျဥ်းထောင်ကနေ စစ် သုံ့ပန်း စစ်ကောင်စီတပ်သား ၈၆ ယောက်ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ထွက်ပြေးသုံပန်း အကျဥ်းသားတွေနဲ့အတူလက်နက်ငယ်ကိုးလက်လည်း ပါသွားတယ်လို့IEC ကထုတ်ပြန်အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အကျဥ်းထောင် ကနေ စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါးဟာ လက်နက်တွေယူပြီးထွက်ပြေးသွားတယ်လို့ သတင်းရပါတယ်။

သတင်း

ပဲခူးမြို့နယ်က ဒီဇင်ဘာ ၂၈ရက်တိုက်ပွဲအတွင်းမှာ စစ်ကောက်စီတပ်က ဗိုလ်ကြီးတစ်ဦးနဲ့ အရာခံဗိုလ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး အရှင် ငါးဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိထားတယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ အမှတ်(၈၀၅)၊ထနောင်းစစ်ကြောင်းက ဒီကနေ့(ဒီဇင်ဘာ ၃၁ရက်) ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲနေ့တိုင်းဖြစ်ပွားနေကြောင်း ချင်းညီနောင် တာဝန်ရှိသူတဦးဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။