-ကိုပါဝဲလ်ရေးသားသည်။
အာဖရိကအနောက်ဘက်ကသေးငယ်တဲ့ နိုင်ငံလေးဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice- ICJ) မှာ တရား စတင်စွဲဆိုခဲ့ပါတယ်။ အခုဆိုရင် တရားရင်ဆိုင်နေရတာ ၆ နှစ်ရှိပါပြီ။
၂၀၁၇ ခုတုန်းက မြန်မာစစ်တပ်ဟာမြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်နိုင်ငံ နယ်စပ်ရှိ ရိုဟင်ဂျာလူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတခုကို ဆောင်ရွက်ခဲ့ပါတယ်။ စစ်တပ်ဟာ ရိုဟင်ဂျာတွေနေထိုင်တဲ့ ကျေးရွာတွေကို ဖျက်ဆီးတာ၊ အဓမ္မပြုကျင့်တာ၊ နှိပ်စက်တာနဲ့ အကြမ်းဖက်တာတွေ ကျူးလွန်ခဲ့ပါတယ်။

Public Service Announcement
ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးများနဲ့ ကလေးငယ်သူငယ်တွေကိုနယ်မြေရှင်းလင်းရေးခေါင်းစဥ်တပ်ပြီး ရက်ရက်စက်
စက်သတ်ဖြတ်ခဲ့ပါတယ်။ ရိုဟင်ဂျာလူမျိုး ခုနှစ်သိန်းကျော်ဟာသူတို့ရဲ့အိုးအိမ်တွေကနေ ထွက်
ပြေးခဲ့ရကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ပြောင်း
ရွှေ့ခိုလှုံနေထိုင်ခဲ့ကြရပါတယ်။ ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အ
ကြမ်းဖက်ရက်စက်မှုတွေဟာ “ လူမျိုးတုံးသတ်
ဖြတ်မှု” (Genocide) ဖြစ်တယ်လို့ ဂမ်ဘီယာက စွပ်စွဲထားပါတယ်။
မြန်မာရော ဂမ်ဘီယာပါ ၁၉၄၈ ခုနှစ် “ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးနှင့်ပြစ်ဒဏ်ပေးရေး သ
ဘောတူစာချုပ်” (Genocide Convention) မှာ လက်မှတ်ထိုးထားကြပါတယ်။ဒီစာချုပ်ထဲမှာ ပါ
ဝင်တဲ့ ဘယ်နိုင်ငံမဆို တခြားနိုင်ငံတစ်ခုက စာ
ချုပ်ပါအချက်တွေကို ချိုးဖောက်နေတယ်လို့ ယူ
ဆရင် တရားစွဲဆိုခွင့် ရှိပါတယ်။
မြန်မာနိုင်ငံကို တရားစွဲဆိုဖို့အတွက် ဂမ်ဘီယာနိုင်ငံကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က အဖွဲ့ဝင် ၅၇ နိုင်ငံက ထောက်ခံပေးထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကနေဒီတရားစွဲဆိုမှုကို ICJတ
ရားရုံးအနေနဲ့ စစ်ဆေးပိုင်ခွင့်မရှိကြောင်း ကန့်
ကွက်လွှာတွေ တင်သွင်းခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ကာ အမှုကိုဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၉ ခုမှာ နယ်သာလန်နိုင်ငံကို ဦးဆောင်သွားရောက်ပြီး စွစပ်စွဲခံရမှုတွေကို ချေပခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခု စစ်တပ်ကအာဏာသိမ်းပြီးနောက်ဒေါ်အောင်ဆန်းစုကြည်ဟာ အဖမ်းခံခဲ့ရပြီး လက်ရှိစစ်ကောင်စီရဲ့ ၀န်ကြီးနှစ်ဖြစ်တဲ့ ဦးကိုကိုလှိုင်နဲ့ ဒေါ်သီတာဦးတို့က ဦး
ဆောင်ပြီး အမှုကို ဆက်လက်ရင်ဆိုင်နေပါတယ်။
ဇန်နဝါရီလ၁၂ ရက်ကနေ လကုန်လောက်ထိနှစ်ဘက်လျှောက်လဲချက်တွေကို ICJ က နားထောင်ပြီး မကြာခင်မှာ အပြီးသတ်အမိန့် ချမှတ်တော့မယ်လို့ ယူဆရပါတယ်။
ဒီနေရာမှာလူအချို့ မသဲကွဲတတ်တဲ့အချက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ ICC ကို ရောထွေးနေတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ- International Court of Justice)ဆိုတာနိုင်ငံကို(နိုင်ငံအချင်းချင်း တရားစွဲခြင်း) တရားစွဲဆိုတာပါ။ လူပုဂ္ဂိုလ်ကိုစွဲတာ မ
ဟုတ်ပါဘူး။တရားအစွဲခံရတဲ့ နိုင်ငံတခုဟာ အ
ပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန်ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး(ဒါမှမဟုတ်) နိုင်ငံတကာရာဇ
၀တ်ခုံရုံး (ICC- International Criminal Court) ဆိုတာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ (ခေါင်းဆောင်များကို စွဲခြင်း)တရားစွဲဆိုတဲ့ တ
ရားရုံးဖြစ်ပြီး စစ်ရာဇ၀တ်မှု ကျူးလွန်သူတွေကို ထောင်ဒဏ်အပြစ်ပေးနိုင်ဖို့ ဆုံးဖြတ်ရန်ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင် မြန်မာရင်ဆိုင်နေရတဲ့ ICJ ဟာ ရာဇ၀တ်တရားရုံး မဟုတ်တဲ့အတွက်အမှုရှုံးရင်ဘယ်သူ့ကိုမှထောင်ချမှာမဟုတ်ပါဘူး။ဒါပေမယ့်နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ အမှုရှုံးခဲ့ရင်တော့ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ တရားဝင် သတ်မှတ်ခံရပါမယ်။ ဒါဟာ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေပါတယ်။ ထိခိုက်ခံစားရသူတွေကို လျော်ကြေးပေးဖို့ ဒါမှမဟုတ် ဒုက္ခသည်တွေကို အခွင့်အရေးအပြည့်အဝပေးပြီး ဘေးကင်းစွာ ပြန်လည်လက်ခံဖို့လည်း တရားရုံးက အမိန့်ချနိုင်ပါတယ်။ နောင်မှာ ဒီလိုကိစ္စမျိုး မဖြစ်အောင် ဥပဒေတွေ ပြင်ဆင်ဖို့နဲ့ လူနည်းစုတွေကို ကာကွယ်ပေးဖို့ တရားရုံးက အမိန့်ထုတ်နိုင်ပါတယ်။ဒါပေမယ့် ရိုဟင်ဂျာတွေအပေါ် စစ်တပ်ကရက်စက်ကြမ်းကြုတ်မှုတွေကျူးလွန်ခဲ့တာကို
မြန်မာပြည်သူအများစုကတော့ရှင်းရှင်း လင်း
လင်းသိထားကြပါတယ်။စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်းနိုင်ငံတစ်ဝန်းက ပြည်သူတွေကိုပါ ဘာသာလူမျိုးမရွေးပဲ ဒီစစ်တပ် သတ်ဖြတ်ဖမ်းဆီး၊အဓ္ဓပြုကျင့်၊နေအိမ်တွေမီးရှို့ စတဲ့စစ်ရာဇဝတ်မှုတွေကို စစ်တပ်ကဆက်လက်ကျူးလွန်နေတာကို ကိုယ်တွေ့ကြုံရပြီး စစ်တပ်ရဲ့ သရုပ်မှန်ကိုမြင်တွေသွားကြပြီဖြစ်ပါတယ်။ဒါကြောင့် ICJ မှာစစ်တပ်ကကျူးလွန်မှုတွေနဲ့ ဒီလိုကျူးလွန်ဖို့ စစ်တပ်ထောက်ခံသူတွေကသွေးထိုးလှုံ့ဆော်ထားတာတွေကို ICJ မှာဂမ်ဘီယာကတင်သွင်းတဲ့အခါ စစ်တပ်နဲ့စစ်တပ်ထောက်ခံသူတွေအကြောင်းနိုင်
ငံတကာကပိုသိနိုင်တာမို့မြန်မာပြည်သူတွေက ကျေနပ်အားရနေကြတာဖြစ်ပါတယ်၊
ICJ တရားရုံးရဲ့ အမိန့်ကို မြန်မာနိုင်ငံက မလိုက်နာခဲ့ရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် စီးပွားရေးပိတ်ဆို့မှုတွေဒါမှမဟုတ် ကုန်သွယ်
ရေး ကန့်သတ်မှုတွေ လုပ်လာအောင် တိုက်တွန်းခံရနိုင်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးတော့နိုင်ငံကိုအလုံးစုံပျက်သုံးအောင် စစ်အုပ်စုကလုပ်နေတာမို့ နိုင်ငံတကာကအရေးယူပိတ်ဆို့မှုတွေရှိလာရင်လည်း အခုလည်းဘက်စုံပျက်စီးယိုယွင်းနေပြီမို့ပြည်သူတွေအတွက်တော့ မထူးဘူးလို့ ရှုမြင်သူများကြပါတယ်။စစ်အုပ်စုနဲ့စစ်တပ်ထောက်ခံသူတွေကကြ နိုင်ငံနဲ့ချီ ဒုက္ခရောက်မှာပျော်စရာမဟုတ်ဘူးဆိုပြီး ခြိမ်းခြောက်ပြောဆိုရေးသားနေကြတာကိုလည်းတွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ICJ မှာ မြန်မာကို ကိုယ်စားပြုလုပ်ပိုင်ခွင့်ရှိတဲ့ အစားထိုးကိုယ်စားလှယ်(Additional Alternate Agent) ဖြစ်ပြီး တရားမဝင် စစ်အုပ်စုကို တရားရုံးမှာ ကိုယ်စားပြုခွင့်မပေးဖို့ နိုင်ငံ
တကာကို တောင်းဆိုထားပါတယ်။
လက်ရှိမှာတော့ မြန်မာ (စစ်တပ်ကအာဏာသိမ်းထားတာမို့ စစ်အုပ်စု) နဲ့ ဂမ်ဘီယာ နှစ်ဖက်စလုံးက အထောက်အထားတွေကို တရားရုံးမှာ တင်ပြနေကြပါတယ်။ဂမ်ဘီယာကပထမဆုံး လျှောက်
လဲချက်ပေးနေတာ ဖြစ်ပြီး ပြီးမှ မြန်မာက ခုခံချေပရမှာ ဖြစ်ပါတယ်။ ။

















































