close
Connect with us

Hi, what are you looking for?

သတင်း

BNRA က CDMဆင်မတစ်​ကောင်ကိုသတ်ဖြတ်မီးရှို့အ​လောင်း​ဖျောက်ခဲ့ဟု​ဒေသခံ​တွေ​ပြော

ဗိုလ်နဂါးဦးဆောင်တဲ့BNRAတပ်ဖွဲ့က အလောင်တော်ကဿဖသစ်တောကြိုးဝိုင်းအတွင်း CDMလုပ်ထားတဲ့ဆင်မတစ်ကောင်ကိုသတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အလောင်းတော်ကဿဖသစ်တောကြိုးဝိုင်းအတွင်းဆင်ဦးစီးနဲ့အတူ စစ်တပ်အတွက်အလုပ်မလုပ်​ပေး​တော့ပဲ CDM ပြုလုပ်ထား​သော CDM ဆင်မ အသတ်ခံရပြီး မီးရှို့ခံထားရသဖြင့် PDF ​တွေက ရုပ်အ​လောင်းအကျွင်းအကျန်​တွေကို​ကောက်ယူစဥ်။ဓါတ်ပုံ-​ပေးပို့

■PDF ​တွေက BNRA စခန်းကို​ကျောဘက်ကလာဝိုင်းတာမှာဆင်ကို​ရှေ့ကထားမိုင်းကာစဥ်ထိခိုက်မိတာလို့ ဗိုလ်နဂါး​​ပြော

ဇန်နဝါရီ-၁၅၊၂၀၂၆။အိမ်သွင်/People’s Spring

ဗိုလ်နဂါးဦးဆောင်တဲ့BNRAတပ်ဖွဲ့က အလောင်တော်ကဿဖသစ်တောကြိုးဝိုင်းအတွင်း CDMလုပ်ထားတဲ့ဆင်မတစ်ကောင်ကိုသတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အလောင်းတော်ကဿသစ်တောကြိုးဝိုင်းအတွင်း ဗမာအမျိုးသား​တော်လှန်​ရေးတပ်မ​တော်-BNRA စခန်းရှိတဲ့တစ်နေရာမှာဆင်မတစ်ကောင်ကို သတ်ဖြတ်မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ နဂါးရဲ့စခန်းတွေကိုခရိုင်ရင်းတွေကမဖမ်းခင်တစ်ရက်ကအသတ်ခံရတာ။နဂါးရဲ့ တပည့် မျက်လုံးဆိုတဲ့သူက ဦးဆောင်သတ်တာပါ။ မိုင်းထိပြီး ဒဏ်ရာရတာကို အလောင်းဖျောက်တာလို့ သိရတယ်။ သူတို့(BNRA)စခန်းနဲ့ အနီးလေးမှာ သတ်ထားတာ” လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

အသတ်ခံရတဲ့ဆင်ဟာ CDM ဆင်ဖြစ်ပြီး ပိုးအိစံလို့ အမည်ပေးထားတာပါ။မီးကျွန်းနေတဲ့ အရိုးစုတွေကိုသာ ပြန်တွေ့ရတယ်လို့သိရပါတယ်။

CDM ဆင်မပိုးအိစံကို BNRA တပ်ခွဲဗိုလ်မျက်
လုံး အဖွဲ့က သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ထားခဲ့မှုကို အရေးယူပေးဖို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဒေသခံတွေက တိုင်ကြားထားတယ်လို့ သတင်းရရှိပါတယ်။

“ မိုင်းတွေထောင်တယ်။ဆင်တွေကို ဆေးကုမယ့်အဖွဲ့တွေကိုတားတယ်။ဆင်ကိုသတ်တယ်။ အရမ်းနှမြောဖို့ကောင်းတယ်။ ဆင်က ဘာအပြစ်လုပ်နေလို့လဲ။ ဒါကို ဘယ်လို အရေးယူမှာလဲ” လို့ ကနီမြို့ခံတစ်ဦးကပြောပါတယ်။

ဒါ​ပေမယ့် BNRA ​ခေါင်း​ဆောင် ဗိုလ်နဂါးက PDF ​တွေက စခန်းကို​နောက်​ကျောက​နေလာဝိုင်းချိန်ဆင်​တွေကို​ရှေ့ကကာထားတာမို့ထိခိုက်​သေဆုံးခဲ့တာလို့ တုံ့ပြန်ပါတယ် ။

“ ဗိုလ်မျက်လုံးတို့က ဆင်ကိုပစ်သတ်တာမဟုတ်ပါဘူး။မျက်လုံးစခန်းနောက်ကျောဘက်ကနေ ဆင်တွေကို ရှေ့က မိုင်းကာထားပြီး လာဝိုင်းရာမှာ ထိခိုက်သေဆုံးတာမျိုးပါ။” လို့ ဗိုလ်နဂါးက​ပြောပါတယ် ။

ဒါ​ပေမယ့် ​PDF တဦးက ဗိုလ်နဂါးရဲ့ ပြောဆိုချက်ဟာ လိမ်လည်တာဖြစ်တယ်လို့ ပြောပါ။

“ သက်သက်လိမ်တာ။ သူတို့စခန်းကို မစီးခင်ကတည်းက ဆင်ကိုပစ်သတ်ထားပြီးသား။ယုတ္တိရှိရှိလိမ့်တာ” လို့ ဒေသခံPDFတဦးကပြောပါတယ်။

BNRAကပုလဲမြို့နယ်အတွင်းမှာဂိတ်တချို့ဖွင့်ပြီး ငွေ​ကောက်ခံနေတာကိုယင်းမာပင်ခရိုင်ထဲက PDFတပ်ရင်းတွေက အရေးယူဖို့ ပြင်ဆင်နေချိန်မှာ နှစ်ဘက်တင်းမာမှုဖြစ်ခဲ့တာပါ။

BNRA ခေါင်းဆောင် ဗိုလ်နဂါးက သူ့ကို NUG အစိုးရရဲ့ယင်းမာပင်ခရိုင်တပ်ရင်းတချို့က တိုက်ခိုက်ဖို့ပြင်နေလို့ ပြန်ပြီးတိုက်ခိုက်မယ်လို့ ဇန်နဝါ
ရီလ ၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာတော့ ပုလဲမြို့နယ်
ပုပ္ပါးရွာနဲ့ ချင်ပစ်ရွာမှာ ဂိတ်တွေဖွင့်ပြီး ခရီးသွားတွေဆီက ငွေ​ကောက်ခံနေတဲ့ BNRA ဂိတ်နှစ်ခုကို PDF ရဲဘော်တွေက ဝင်စီးနင်းပြီး ပိတ်သိမ်းခဲ့ပါတယ်။လက်နက်အချို့ကိုလည်း PDF ​တွေကသိမ်းဆည်းသွားပါတယ် ။လက်နက်အချို့ကို BNRA တပ်ဖွဲ့ထံPDF​တွေကပြန်လွှဲ​ပေးလိုက်ပြီဖြစ်ပါတယ် ။ သိမ်းဆည်းခံရတဲ့အထဲက စက်
လက်တစ်လက်ပြန်မရ​သေးဘူးလို့ ဗိုလ်နဂါးကဆိုပါတယ် ။

“ ပြန်လည်ပေးအပ်ဖို့ညှိုနှုင်းဖို့ဆက်သွယ်ပေမယ့် သူတို့ဘက်ကလက်မခံပါဘူး” လို့ သူကဆက်​ပြောပါတယ် ။

BNRA ဂိတ်နှစ်ခုပို PDFတွေက စီးနင်းပိတ်သိမ်းပြီးနောက်တစ်နေ့မှာ အဲ့ဒီပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ အခြေအနေငြိမ်သက်နေပြီး ဆင်မပိုးအိစံသတ်ဖြတ်အလောင်းဖျောက်ဖျက်ခံရမှုကို NUG အစိုးရ က ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ဆိုင်းနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလောင်းတော်ကဿပ နယ်မြေဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်မှာ ရှိပါတယ်။သစ်ထုတ်လုပ်ရေးမှာ အသုံးပြုခဲ့တဲ့ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် ဆင်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆင်ဦးစီးတွေက အစိုးရယန္တရားမှာ ဆက်လက်အလုပ်မလုပ်လိုတော့ဘဲ ဆင်တွေကိုပါ ခေါ်ဆောင်ပြီး ဘေးကင်းရာ တောတောင်တွေထဲကို တိမ်းရှောင်လာခဲ့ပြီး CDM လုပ်ခဲ့ကြတာပါ။ အလောင်းတော်ကဿဖသစ်တောကြိုးဝိုင်းအတွင်း CDM လုပ်ထားတဲ့ဆင်ဦးစီးတွေနဲ့အတူ ဆင် အကောင်ရေ ၄၀ နီးပါးရှိနေပါတယ်။

CDMဆင်ဦးစီးတွေနဲ့ ဆင်တွေဟာအစားအစာနဲ့ ဆေးဝါးအကူအညီလိုအပ်နေသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် နေထိုင်ရှင်သန်ရေး အခက်အခဲတွေ ရှိနေပါတယ်။

ထပ်မံရရှိတဲ့သတင်း​တွေအရ ဇန်နဝါရီ ၉ ရက်မနက်က စီးနင်းပိတ်သိမ်းခဲ့တဲ့ ပုပ္ပါးရွာနဲ့ ချင်ပစ်ရွာက ဂိတ်တွေကို BNRAက ပြန်ဖွင့်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။လက်ရှိမှာ ပုလဲမြို့နယ်အတွင်း BNRA ကဂိတ်သုံးဂိတ်ဖွင့်ထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဆင်ရေးအတွင်း BNRAမှ ရဲဘော် ၉ ဦးကျဆုံးပြီး BNRA ရဲဘော် ၁၀ဦးနှင့် GZAမှ ရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထပ်မံ အသိပေးသည်။

News

"စိုးရိမ်လို့ ကျွန်တော်အိမ်ရွှေ့ဖို့ပြောခဲ့ပါတယ်။ ကိုဆင်ရယ်"ဟု သည်ခေတ်နေက ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။